Property Expo
×

ကမာၻ႔အႏွံ႔အျပားမွာ ထူးထူးျခားျခားနဲ႔ တည္ေဆာက္ထားတဲ့ ဟုိ တယ္ေတြနဲ႔ ထူးျခားတဲ့ ဝန္ေဆာင္မႈေတြေပးေနတဲ့ ဟိုတယ္ဝန္ ေဆာင္မႈေတြအေၾကာင္း ေတာ္ေတာ္မ်ားမ်ား သိရွိၿပီး ျဖစ္ၾကမွာပါ။

အခုတစ္ခါကလည္း တကယ့္ကိုထူးျခားတာက လူေတြအတြက္ တည္းခုိဖုိ႔ မဟုတ္တဲ့ အိမ္ေမြးတိရစာၦန္ေတြအတြက္ ဝန္ေဆာင္မႈေပး တည္းခုိႏုိင္တဲ့ ဟုိတယ္တစ္ခုျဖစ္ပါတယ္။

ၾကက္ေတြတည္းခုိႏုိင္မယ့္ ကမာၻ႔ပထမဆံုး ၾကက္ဟုိတယ္တစ္လံုး ျဖစ္ပါတယ္။ ဟယ္လ္စတန္၊ ဘုိစ္ကန္ဝန္က အသက္ ၃၁ ႏွစ္ အမ်ိဳး သား ေဒးဗစ္ေရာဘတ္ဆုိသူ ဖန္တီးတည္ေဆာက္ထားတဲ့ Chicken Hotel က တျခားဟုိတယ္ေတြထက္စာရင္ အလြန္႔ကုိမွ ထူးျခားပါ တယ္။

လူေတြတည္းခုိလုိ႔ရႏုိင္မယ့္အစား ၾကက္ကေလးေတြ တည္းခုိဖုိ႔အ တြက္ အထူးသီးသန္႔ ဖန္တီးဝန္ေဆာင္မႈေပးထားတာက တကယ့္ကုိ မယံုႏုိင္စရာပါပဲ။ ဒါေပမဲ့ ဒါက ေပါ့ပ်က္ပ်က္ဖန္တီးမႈမဟုတ္ပဲ ၾကက္ ကေလးေတြကုိ အဆင့္အတန္းျမင့္ျမင့္နဲ႔ ဇိမ္ခံနားေနလုိ႔ေအာင္တည္ ေဆာက္ထားတဲ့ ဟုိတယ္တစ္လံုး ျဖစ္ပါတယ္။

ၾကက္ကေလးေတြတည္းခုိဖုိ႔ ၿခံကြက္ေလးေတြလုိ တည္ေဆာက္ ထားတဲ့ ေနရာကြက္တစ္ခုကုိ ၂ ေပါင္နဲ႔ ငွားရမ္းေပးမွာ ျဖစ္ၿပီးေတာ့ ၿခံကြက္ေပါင္း ၇၅ ကြက္ကုိ တည္ေဆာက္ေပးထားပါတယ္။

 လက္ ရွိမွာ ၾကက္အေကာင္ေရ ၈ ေကာင္အထိ လာေရာက္တည္းခုိေနၿပီး  ၾကက္ကေလးေတြအတြက္ ဟုိတယ္ရဲ႕ဝန္ေဆာင္မႈျဖစ္တဲ့ ဘူေဖး အစာ၊ မနက္စာ၊ ေန႔လည္စာ၊ ညအစာအျပင္ တျခားဝန္ေဆာင္မႈ ေတြျဖစ္တဲ့ ၾကက္ေတြသြားလာလုိ႔ရႏုိင္ၿပီး ျပင္ပေလေကာင္းေလ သန္႔ကို ေကာင္းမြန္စြာရႈရႈိက္ႏုိင္ဖုိ႔ ျပဳလုပ္ေပးထားတဲ့ ေနရာေတြ၊ ၿခံေတြမွာ သြားလာလုိ႔ရႏုိင္တယ္လုိ႔ ဆုိပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ကမ္ဘာ့အနှံ့အပြားမှာ ထူးထူးခြားခြားနဲ့ တည်ဆောက်ထားတဲ့ ဟို တယ်တွေနဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ ဟိုတယ်ဝန် ဆောင်မှုတွေအကြောင်း တော်တော်များများ သိရှိပြီး ဖြစ်ကြမှာပါ။

အခုတစ်ခါကလည်း တကယ့်ကိုထူးခြားတာက လူတွေအတွက် တည်းခိုဖို့ မဟုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် ဝန်ဆောင်မှုပေး တည်းခိုနိုင်တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ကြက်တွေတည်းခိုနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကြက်ဟိုတယ်တစ်လုံး ဖြစ်ပါတယ်။ ဟယ်လ်စတန်၊ ဘိုစ်ကန်ဝန်က အသက် ၃၁ နှစ် အမျိုး သား ဒေးဗစ်ရောဘတ်ဆိုသူ ဖန်တီးတည်ဆောက်ထားတဲ့ Chicken Hotel က တခြားဟိုတယ်တွေထက်စာရင် အလွန့်ကိုမှ ထူးခြားပါ တယ်။

လူတွေတည်းခိုလို့ရနိုင်မယ့်အစား ကြက်ကလေးတွေ တည်းခိုဖို့အ တွက် အထူးသီးသန့် ဖန်တီးဝန်ဆောင်မှုပေးထားတာက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ ဒါက ပေါ့ပျက်ပျက်ဖန်တီးမှုမဟုတ်ပဲ ကြက် ကလေးတွေကို အဆင့်အတန်းမြင့်မြင့်နဲ့ ဇိမ်ခံနားနေလို့အောင်တည် ဆောက်ထားတဲ့ ဟိုတယ်တစ်လုံး ဖြစ်ပါတယ်။

ကြက်ကလေးတွေတည်းခိုဖို့ ခြံကွက်လေးတွေလို တည်ဆောက် ထားတဲ့ နေရာကွက်တစ်ခုကို ၂ ပေါင်နဲ့ ငှားရမ်းပေးမှာ ဖြစ်ပြီးတော့ ခြံကွက်ပေါင်း ၇၅ ကွက်ကို တည်ဆောက်ပေးထားပါတယ်။

လက် ရှိမှာ ကြက်အကောင်ရေ ၈ ကောင်အထိ လာရောက်တည်းခိုနေပြီး  ကြက်ကလေးတွေအတွက် ဟိုတယ်ရဲ့ဝန်ဆောင်မှုဖြစ်တဲ့ ဘူဖေး အစာ၊ မနက်စာ၊ နေ့လည်စာ၊ ညအစာအပြင် တခြားဝန်ဆောင်မှု တွေဖြစ်တဲ့ ကြက်တွေသွားလာလို့ရနိုင်ပြီး ပြင်ပလေကောင်းလေ သန့်ကို ကောင်းမွန်စွာရှုရှိုက်နိုင်ဖို့ ပြုလုပ်ပေးထားတဲ့ နေရာတွေ၊ ခြံတွေမှာ သွားလာလို့ရနိုင်တယ်လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top