Property Expo
×

 ေဒၚေအာင္ဆန္းစုၾကည္ က ၎ကို ျမန္မာႏိုင္ငံက ဆက္ လက္မလိုအပ္ေတာ့သည့္ အေန အထားေရာက္သည္အထိ တာ ၀န္မ်ား ထမ္းေဆာင္ၿပီးသည့္အခါ တာ၀န္မ်ားအားလံုးမွ အနားယူၿပီး စာဖတ္လိုေၾကာင္း CNN သတင္း ဌာနႏွင့္ စက္တင္ဘာ ၂၂ ရက္ကျပဳလုပ္ခဲ့ေသာ သီးသန္႔အင္တာဗ်ဴး၌ ေျပာၾကားခဲ့သည္။

‘‘ကြၽန္မလိုခ်င္ေတာင့္တမိ တဲ့ အႏၲိမရည္မွန္းခ်က္ကေတာ့ ျမန္မာမွာ တာ၀န္၀တၱရားေတြ မရွိေတာ့တဲ့ အေနအထားမ်ိဳး၊ ကြၽန္မကို မလိုအပ္ေတာ့မယ့္ အ ေနအထားမ်ိဳး၊ ဒီမိုကေရစီလႈပ္ ရွားမႈမွာ ကြၽန္မပထမဆံုးပါ၀င္ လာခဲ့ခ်ိန္ကစၿပီး ယူခဲ့တဲ့တာ၀န္ ေတြအားလံုးေတြကေန အနားယူ ႏိုင္မယ့္ အေနအထားမ်ိဳးပါပဲ’’ဟု အသက္ (၇၁) ႏွစ္အရြယ္ ေဒၚ ေအာင္ဆန္းစုၾကည္က တနဂၤေႏြ ေန႔က ထုတ္လႊင့္ျပသခဲ့ေသာ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။

ယင္းေနာက္တြင္ ဘာလုပ္ မည္လဲဟု CNN သတင္းဌာနမွ GPS Editorial Producer က ဆက္လက္ေမးျမန္းရာ ေဒၚေအာင္ဆန္းစုၾကည္က ‘‘အဲဒီေနာက္ေတာ့ ေနာက္ဆံုးထြက္ထားတဲ့ စာအုပ္ေတြ ကြၽန္မဖတ္ႏိုင္ၿပီေပါ့’’ဟု ေျဖၾကားသည္။ အဆိုပါအင္တာဗ်ဴးသည္ အစိုးရသစ္စတင္တာ၀န္ယူေသာ ယခုႏွစ္ဧၿပီမွ ယေန႔အခ်ိန္အထိ ေျခာက္လအတြင္း ျပည္တြင္းျပည္ပမီဒီယာမ်ားကို  ပထမဆံုး သီးသန္႔အင္တာဗ်ဴးေပးခဲ့ျခင္းျဖစ္သည္။


 ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္သည္ ၎၏အေမရိကန္ ခရီးစဥ္အတြင္း ႐ုစဗဲ့အထက္တန္း ေက်ာင္း၌ ေက်ာင္းသားမ်ားႏွင့္ ေတြ႕ဆံုရာတြင္ အလားတူဆႏၵမ်ိဳး ကို ေျပာၾကားခဲ့ေသးသည္။ ေန အိမ္အက်ယ္ခ်ဳပ္ က်ခံခဲ့ရခ်ိန္က စာဖတ္ခ်ိန္ရခဲ့ျခင္းကို တန္ဖိုးထား ေၾကာင္း၊ ယခုလည္း အနည္း ငယ္အနားယူႏိုင္ရန္ စေန၊ တနဂၤ ေႏြရက္မ်ားတြင္ ေနအိမ္အက်ယ္ ခ်ဳပ္ပင္ ခ်ေစခ်င္မိေၾကာင္း ေျပာ ၾကားခဲ့သည္။

ၿဗိတိန္ႏွင့္ အေမရိကန္ျပည္ ေထာင္စုသို႔ ၁၅ ရက္ၾကာသြား ေရာက္ၿပီး အစည္းအေ၀းမ်ားႏွင့္ ေတြ႕ဆံုပြဲမ်ား ဆက္တိုက္ တက္ ေရာက္ခဲ့ေသာ ေဒၚေအာင္ဆန္းစု ၾကည္သည္ စက္တင္ဘာ ၂၅ရက္က ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ က်န္းမာေရးမေကာင္း၍ အနားယူေနရသည္။

ရန္ကုန္ေလဆိပ္သို႔ေရာက္ ရွိခ်ိန္တြင္ ေလဆိပ္အတြင္းမွ ဘီး တပ္ကုလားထိုင္ျဖင့္ ထြက္လာ ေသာ ဓာတ္ပံုတစ္ပံု အင္တာနက္ လူမႈကြန္ရက္၌ ပ်ံ႕ႏွံ႔ခဲ့ၿပီး ေဒၚ ေအာင္ဆန္းစုၾကည္၏က်န္းမာ ေရးအေပၚ စိုးရိမ္မႈမ်ားထြက္ေပၚ ခဲ့သည္။ ၎သည္ ကုလသမဂၢ အတြင္းေရးခ်ဳပ္၏ ျမန္မာ့မိတ္ ဖက္မ်ား ေတြ႕ဆံုပြဲသို႔လည္းက်န္း မာေရးေၾကာင့္မတက္ေရာက္ႏိုင္ ခဲ့ေပ။

ထို႔အတူ ေနျပည္ေတာ္တြင္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ဖြံ႕ၿဖိဳး တိုးတက္မႈ မိတ္ဖက္မ်ားႏွင့္ ေတြ႕ ဆံုပြဲကိုလည္း ရက္အကန္႔အသတ္ မရွိ ေရႊ႕ဆိုင္းထားရသည္။ ခရီး ပန္းျခင္း၊ အစားအေသာက္မမွန္ ၍ အစာအိမ္ေရာင္ျခင္း၊ ကြန္ပ်ဴ တာအၾကည့္မ်ား၍ အ႐ိုးက်ီး ေပါင္းတက္ျခင္းတို႔ သံုးခုစံု ခံစားေနရေၾကာင္း၊ စိုးရိမ္စရာမရွိေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  ဒေါ်အောင်ဆန်းစုကြည် က ၎င်းကို မြန်မာနိုင်ငံက ဆက် လက်မလိုအပ်တော့သည့် အနေ အထားရောက်သည်အထိ တာ ဝန်များ ထမ်းဆောင်ပြီးသည့်အခါ တာဝန်များအားလုံးမှ အနားယူပြီး စာဖတ်လိုကြောင်း CNN သတင်း ဌာနနှင့် စက်တင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့သော သီးသန့်အင်တာဗျူး၌ ပြောကြားခဲ့သည်။

‘‘ကျွန်မလိုချင်တောင့်တမိ တဲ့ အန္တိမရည်မှန်းချက်ကတော့ မြန်မာမှာ တာဝန်ဝတ္တရားတွေ မရှိတော့တဲ့ အနေအထားမျိုး၊ ကျွန်မကို မလိုအပ်တော့မယ့် အ နေအထားမျိုး၊ ဒီမိုကရေစီလှုပ် ရှားမှုမှာ ကျွန်မပထမဆုံးပါဝင် လာခဲ့ချိန်ကစပြီး ယူခဲ့တဲ့တာဝန် တွေအားလုံးတွေကနေ အနားယူ နိုင်မယ့် အနေအထားမျိုးပါပဲ’’ဟု အသက် (၇၁) နှစ်အရွယ် ဒေါ် အောင်ဆန်းစုကြည်က တနင်္ဂနွေ နေ့က ထုတ်လွှင့်ပြသခဲ့သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ယင်းနောက်တွင် ဘာလုပ် မည်လဲဟု CNN သတင်းဌာနမှ GPS Editorial Producer က ဆက်လက်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ‘‘အဲဒီနောက်တော့ နောက်ဆုံးထွက်ထားတဲ့ စာအုပ်တွေ ကျွန်မဖတ်နိုင်ပြီပေါ့’’ဟု ဖြေကြားသည်။ အဆိုပါအင်တာဗျူးသည် အစိုးရသစ်စတင်တာဝန်ယူသော ယခုနှစ်ဧပြီမှ ယနေ့အချိန်အထိ ခြောက်လအတွင်း ပြည်တွင်းပြည်ပမီဒီယာများကို  ပထမဆုံး သီးသန့်အင်တာဗျူးပေးခဲ့ခြင်းဖြစ်သည်။


 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ၎င်း၏အမေရိကန် ခရီးစဉ်အတွင်း ရုစဗဲ့အထက်တန်း ကျောင်း၌ ကျောင်းသားများနှင့် တွေ့ဆုံရာတွင် အလားတူဆန္ဒမျိုး ကို ပြောကြားခဲ့သေးသည်။ နေ အိမ်အကျယ်ချုပ် ကျခံခဲ့ရချိန်က စာဖတ်ချိန်ရခဲ့ခြင်းကို တန်ဖိုးထား ကြောင်း၊ ယခုလည်း အနည်း ငယ်အနားယူနိုင်ရန် စနေ၊ တနင်္ဂ နွေရက်များတွင် နေအိမ်အကျယ် ချုပ်ပင် ချစေချင်မိကြောင်း ပြော ကြားခဲ့သည်။

ဗြိတိန်နှင့် အမေရိကန်ပြည် ထောင်စုသို့ ၁၅ ရက်ကြာသွား ရောက်ပြီး အစည်းအဝေးများနှင့် တွေ့ဆုံပွဲများ ဆက်တိုက် တက် ရောက်ခဲ့သော ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာ ၂၅ရက်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျန်းမာရေးမကောင်း၍ အနားယူနေရသည်။

ရန်ကုန်လေဆိပ်သို့ရောက် ရှိချိန်တွင် လေဆိပ်အတွင်းမှ ဘီး တပ်ကုလားထိုင်ဖြင့် ထွက်လာ သော ဓာတ်ပုံတစ်ပုံ အင်တာနက် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်၏ကျန်းမာ ရေးအပေါ် စိုးရိမ်မှုများထွက်ပေါ် ခဲ့သည်။ ၎င်းသည် ကုလသမဂ္ဂ အတွင်းရေးချုပ်၏ မြန်မာ့မိတ် ဖက်များ တွေ့ဆုံပွဲသို့လည်းကျန်း မာရေးကြောင့်မတက်ရောက်နိုင် ခဲ့ပေ။

ထို့အတူ နေပြည်တော်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက်များနှင့် တွေ့ ဆုံပွဲကိုလည်း ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားရသည်။ ခရီး ပန်းခြင်း၊ အစားအသောက်မမှန် ၍ အစာအိမ်ရောင်ခြင်း၊ ကွန်ပျူ တာအကြည့်များ၍ အရိုးကျီး ပေါင်းတက်ခြင်းတို့ သုံးခုစုံ ခံစားနေရကြောင်း၊ စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top