Kantharyar Centre
×

၂၀၁၆ အာရွကလပ္ေဘာ္လီေဘာၿပိဳင္ပြဲခ်န္ပီယံ အီရန္ကလပ္ဆာမာရက္အသင္း (ဓာတ္ပံု − အားကာ)

 ေနျပည္ေတာ္၌ က်င္းပ ခဲ့သည့္ ၂၀၁၆ အာရွကလပ္ အမ်ဳိးသားေဘာ္လီေဘာခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ အီရန္ကလပ္ ဆာမာ ရက္အသင္းက ကာတာကလပ္ အယ္လ္အာဘီအသင္းကို အႏိုင္ရဗိုလ္စြဲခဲ့ေၾကာင္း သတင္းရရွိသည္။

အာရွကလပ္ အမ်ဳိးသား ေဘာ္လီေဘာခ်န္ပီယံရွစ္ ၿပိဳင္ပြဲ ၏ ဗိုလ္လုပြဲ၊ တတိယေနရာလုပြဲ ႏွင့္ အဆင့္သတ္မွတ္ခ်က္ ပြဲစဥ္ မ်ားကို ၾသဂုတ္ ၃၁ ရက္က ေနျပည္ေတာ္ရွိ ၀ဏၰသိဒိၶအားကစား႐ံု၌ က်င္းပခဲ့ၿပီး ဗိုလ္လုပြဲတြင္ အီရန္ကလပ္က ကာတာကလပ္ကို ၂၄-၂၆၊ ၂၅-၁၈၊ ၂၅-၁၆၊ ၂၅-၁၉ မွတ္ ၃-၁ ပြဲျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။


ယခုၿပိဳင္ပြဲ၌ ဗိုလ္စြဲခဲ့သည့္ အီရန္ကလပ္ ဆာမာရက္အသင္း သည္္ ၂၀၁၇ ကမၻာ့ကလပ္ အမ်ဳိး သား ေဘာ္လီေဘာၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့သည္။ တတိယေနရာလုပြဲတြင္ ဂ်ပန္ကလပ္က တ႐ုတ္ကလပ္ကို ၃-၂ ပြဲျဖင့္ အႏိုင္ရရွိကာ ေၾကးတံဆိပ္ ရရွိခဲ့ သည္။

 ထို႔အတူ အဆင့္(၅/၆) သတ္မွတ္ခ်က္ေနရာတြင္ ကာ ဇက္စတန္ကလပ္က တိုင္ေပက လပ္ကို ၃-၁ ပြဲျဖင့္လည္းေကာင္း၊ အဆင့္ (၇/၈) ေနရာသတ္မွတ္ ခ်က္တြင္ ဗီယက္နမ္ကလပ္က ျမန္မာကလပ္ Asia World ကို ၃-၁ ပြဲျဖင့္လည္းေကာင္း အႏိုင္ ရရွိခဲ့သည္။

ျမန္မာအသင္းသည္ ယခု ၿပိဳင္ပြဲတြင္ ကြာတားဖိုင္နယ္အ ဆင့္သို႔ တက္ေရာက္ႏုိင္ခဲ့ေသာ္ လည္း ယင္းအဆင့္၌ ဂ်ပန္ကလပ္ကို အေရးနိမ့္ခဲ့၍ အဆင့္သတ္မွတ္ခ်က္ေနရာကို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရၿပီး ၿပိဳင္ပြဲအၿပီး အ ဆင့္(၈)ေနရာ ရရွိခဲ့သည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ အားကစားႏွင့္ကာယပညာဦးစီးဌာန၊ အာရွေဘာ္လီေဘာအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံ ေဘာ္လီေဘာအဖြဲ႕ခ်ဳပ္တို႔ ပူး ေပါင္းက်င္းပသည့္ ယင္းၿပိဳင္ပြဲ ကို ၾသဂုတ္ ၂၃ ရက္မွ ၃၁  ရက္အထိ က်င္းပခဲ့ၿပီး ၿပိဳင္ပြဲ၀င္ ၁၄ သင္း ပါ၀င္ယွဥ္ၿပိဳင္ခဲ့သည္။ ၿပိဳင္ပြဲအၿပီးတြင္ အီရန္အသင္းက ဗိုလ္စြဲခဲ့ၿပီး ကာတာ၊ ဂ်ပန္၊ တ ႐ုတ္၊ ကာဇက္စတန္၊ တိုင္ေပ၊  ဗီယက္နမ္၊ ျမန္မာ၊ အင္ဒိုနီးရွား၊ အီရတ္၊ ထိုင္း၊ ယူေအအီး၊ မ ေလးရွားႏွင့္ ေဟာင္ေကာင္ကလပ္တို႔ အစဥ္လိုက္ရပ္တည္ခဲ့ၾက သည္။



 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
၂၀၁၆ အာရှကလပ်ဘော်လီဘောပြိုင်ပွဲချန်ပီယံ အီရန်ကလပ်ဆာမာရက်အသင်း (ဓာတ်ပုံ − အားကာ)

 နေပြည်တော်၌ ကျင်းပ ခဲ့သည့် ၂၀၁၆ အာရှကလပ် အမျိုးသားဘော်လီဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် အီရန်ကလပ် ဆာမာ ရက်အသင်းက ကာတာကလပ် အယ်လ်အာဘီအသင်းကို အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။

အာရှကလပ် အမျိုးသား ဘော်လီဘောချန်ပီယံရှစ် ပြိုင်ပွဲ ၏ ဗိုလ်လုပွဲ၊ တတိယနေရာလုပွဲ နှင့် အဆင့်သတ်မှတ်ချက် ပွဲစဉ် များကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် အီရန်ကလပ်က ကာတာကလပ်ကို ၂၄-၂၆၊ ၂၅-၁၈၊ ၂၅-၁၆၊ ၂၅-၁၉ မှတ် ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


ယခုပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် အီရန်ကလပ် ဆာမာရက်အသင်း သည် ၂၀၁၇ ကမ္ဘာ့ကလပ် အမျိုး သား ဘော်လီဘောပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ တတိယနေရာလုပွဲတွင် ဂျပန်ကလပ်က တရုတ်ကလပ်ကို ၃-၂ ပွဲဖြင့် အနိုင်ရရှိကာ ကြေးတံဆိပ် ရရှိခဲ့ သည်။

 ထို့အတူ အဆင့်(၅/၆) သတ်မှတ်ချက်နေရာတွင် ကာ ဇက်စတန်ကလပ်က တိုင်ပေက လပ်ကို ၃-၁ ပွဲဖြင့်လည်းကောင်း၊ အဆင့် (၇/၈) နေရာသတ်မှတ် ချက်တွင် ဗီယက်နမ်ကလပ်က မြန်မာကလပ် Asia World ကို ၃-၁ ပွဲဖြင့်လည်းကောင်း အနိုင် ရရှိခဲ့သည်။

မြန်မာအသင်းသည် ယခု ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အ ဆင့်သို့ တက်ရောက်နိုင်ခဲ့သော် လည်း ယင်းအဆင့်၌ ဂျပန်ကလပ်ကို အရေးနိမ့်ခဲ့၍ အဆင့်သတ်မှတ်ချက်နေရာကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲအပြီး အ ဆင့်(၈)နေရာ ရရှိခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူး ပေါင်းကျင်းပသည့် ယင်းပြိုင်ပွဲ ကို သြဂုတ် ၂၃ ရက်မှ ၃၁  ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အီရန်အသင်းက ဗိုလ်စွဲခဲ့ပြီး ကာတာ၊ ဂျပန်၊ တ ရုတ်၊ ကာဇက်စတန်၊ တိုင်ပေ၊  ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ အီရတ်၊ ထိုင်း၊ ယူအေအီး၊ မ လေးရှားနှင့် ဟောင်ကောင်ကလပ်တို့ အစဉ်လိုက်ရပ်တည်ခဲ့ကြ သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top