Property Expo
×

  ျမန္မာ-တ႐ုတ္နယ္စပ္ တြင္ အေျခစိုက္ကာ ျမန္မာႏိုင္ငံ ေဒသအႏွံ႔သို႔ မူးယစ္ေဆးျဖန္႔ျဖဴး ေရာင္းခ်ေနေသာ သီလရွင္တစ္ ပါး ပါဝင္သည့္ မူးယစ္ကုန္သည္ အဖြဲ႕ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။


မူဆယ္ၿမိဳ႕တြင္ အခန္းငွား ေနထုိင္ကာ မူးယစ္ေဆး ထုတ္ လုပ္ျဖန္႔ျဖဴးေနေသာ အဖြဲ႕တစ္ဖြဲ႕ကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္တ႐ုတ္ႏိုင္ငံရဲတပ္ဖြဲ႕တို႔က ခ်ိတ္ ဆက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာ ရွိႀကီးတစ္ဦးက ေျပာသည္။

 မူဆယ္ႏွင့္ နယ္စပ္ကပ္ လ်က္ျဖစ္ေသာ တ႐ုတ္ႏိုင္ငံ ေရႊ လီၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦး ကို မူးယစ္ေဆးမႈျဖင့္ တ႐ုတ္ႏိုင္ငံ ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ယင္းအမႈ ကြင္းဆက္အျဖစ္ မူဆယ္ၿမိဳ႕ စြမ္ ေစာ္ရပ္ကြက္ တ႐ုတ္ကြမ္ရင္မယ္ေတာ္ေက်ာင္း (ျမန္မာအေခၚ ေရႊသမင္သီလရွင္ေက်ာင္း)ကို ရဲတပ္ဖြဲ႕က ၾသဂုတ္ ၃၀ ရက္၌ ဝင္ေရာက္ရွာေဖြခဲ့သည္။

ယင္းေက်ာင္းတိုက္အုပ္ သီလရွင္အခန္းမွ က်ပ္သိန္း ၇,၀၀၀ ဖိုးခန္႔ရွိ ဘိန္းျဖဴ၊ စိတ္ႂကြေဆးျပား အမ်ားအျပားႏွင့္ ေရႊထည္ပစၥည္း ၁၁ ခု သိမ္းဆည္းႏိုင္ခဲ့ ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေအာင္ျမတ္မိုးကေျပာသည္။ သီလရွင္သည္ တိမ္းေရွာင္ေနရာ ၾသဂုတ္ ၃၁ ရက္တြင္ ဖမ္း ဆီးႏိုင္ခ့ဲသည္။

‘‘ကြမ္ရင္မယ္ေတာ္ေက်ာင္း က သီလရွင္။ ျမန္မာႏိုင္ငံသားပဲ။ တိုက္အုပ္အဆင့္ သီလရွင္ေပါ့။ ကြၽန္ေတာ္တို႔ စစ္ေဆးေနပါတယ္။သူကေတာ့ ဟိုဘက္ကမ္း (တ ႐ုတ္ႏိုင္ငံ ေရႊလီ)က လာအပ္ ထားတယ္လို႔ ထြက္ဆိုတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဥပေဒေၾကာင္း အရေတာ့ သူနဲ႔ပတ္သက္တယ္။ သူ႔အိမ္ခန္းထဲမွာကို ေတြ႕ေတာ့ သူနဲ႔ဆက္စပ္ေတာ့ ကြၽန္ေတာ္တို႔ စစ္ေနပါတယ္’’ဟု ရဲမွဴးႀကီး ေအာင္ျမတ္မိုးက ေျပာသည္။

ဖမ္းဆီးရမိေသာ မူးယစ္ ေဆးတန္ဖိုးမွာ က်ပ္သိန္း၁၀,၀၀၀ ေက်ာ္ တန္ေၾကးရွိၿပီး ျမန္မာႏိုင္ငံ ေဒသအႏွံ႔အျပားသို႔ မူးယစ္ေဆး ပို႔ေဆာင္ေရာင္းဝယ္ ေနေသာ အဖြဲ႕ျဖစ္ေၾကာင္း ရဲတပ္ ဖြဲ႕က အတည္ျပဳသည္။ တ႐ုတ္ ႏိုင္ငံတြင္ ဖမ္းဆီးထားသူႏွစ္ဦးကို တ႐ုတ္ရဲတပ္ဖြဲ႕က စစ္ေဆးေနၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဖမ္းဆီး ခဲ့သူ သီလရွင္အမ်ဳိးသမီးကို လူ ဝတ္လဲကာ စစ္ေဆးေနဆဲျဖစ္ ေၾကာင္း သတင္းရရွိသည္။

‘‘သီလရွင္ဝတ္ၿပီး မူးယစ္ ေဆးကို အႀကီးအက်ယ္လုပ္စား ေနတာသာၾကည့္ေတာ့။ ဒီေဒသ အတြက္ မူးယစ္ေဆးျပႆနာ ဘယ္ေလာက္အေရးႀကီးေနၿပီလဲ ဆိုတာ။ ဖိဖိစီးစီး ဖမ္းတာမ်ဳိးကို ႀကိဳဆုိပါတယ္။ ေနာက္ထပ္လည္းထပ္ၿပီး ေဖာ္ထုတ္ေပးေစခ်င္ တယ္ဗ်။ နယ္စပ္ေဒသေတြကဆိုးေနၿပီ’’ဟု မူဆယ္ၿမိဳ႕ခံ ကိုေက်ာ္စြာက ေျပာသည္။

ေဒသအမ်ားစုတြင္ ဖမ္းဆီးရမိေသာ စိတ္ႂကြေဆးျပားမ်ား သည္ ျမန္မာ-တ႐ုတ္နယ္စပ္ေဒသမ်ားတြင္ ထုတ္လုပ္ျခင္းျဖစ္ၿပီး နည္းမ်ဳိးစံုျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ေနေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲအရာရွိမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  မြန်မာ-တရုတ်နယ်စပ် တွင် အခြေစိုက်ကာ မြန်မာနိုင်ငံ ဒေသအနှံ့သို့ မူးယစ်ဆေးဖြန့်ဖြူး ရောင်းချနေသော သီလရှင်တစ် ပါး ပါဝင်သည့် မူးယစ်ကုန်သည် အဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။


မူဆယ်မြို့တွင် အခန်းငှား နေထိုင်ကာ မူးယစ်ဆေး ထုတ် လုပ်ဖြန့်ဖြူးနေသော အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တရုတ်နိုင်ငံရဲတပ်ဖွဲ့တို့က ချိတ် ဆက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးက ပြောသည်။

 မူဆယ်နှင့် နယ်စပ်ကပ် လျက်ဖြစ်သော တရုတ်နိုင်ငံ ရွှေ လီမြို့တွင် မြန်မာနိုင်ငံသားနှစ်ဦး ကို မူးယစ်ဆေးမှုဖြင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ယင်းအမှု ကွင်းဆက်အဖြစ် မူဆယ်မြို့ စွမ် စော်ရပ်ကွက် တရုတ်ကွမ်ရင်မယ်တော်ကျောင်း (မြန်မာအခေါ် ရွှေသမင်သီလရှင်ကျောင်း)ကို ရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်၌ ဝင်ရောက်ရှာဖွေခဲ့သည်။

ယင်းကျောင်းတိုက်အုပ် သီလရှင်အခန်းမှ ကျပ်သိန်း ၇,၀၀၀ ဖိုးခန့်ရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား အများအပြားနှင့် ရွှေထည်ပစ္စည်း ၁၁ ခု သိမ်းဆည်းနိုင်ခဲ့ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကပြောသည်။ သီလရှင်သည် တိမ်းရှောင်နေရာ သြဂုတ် ၃၁ ရက်တွင် ဖမ်း ဆီးနိုင်ခဲ့သည်။

‘‘ကွမ်ရင်မယ်တော်ကျောင်း က သီလရှင်။ မြန်မာနိုင်ငံသားပဲ။ တိုက်အုပ်အဆင့် သီလရှင်ပေါ့။ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။သူကတော့ ဟိုဘက်ကမ်း (တ ရုတ်နိုင်ငံ ရွှေလီ)က လာအပ် ထားတယ်လို့ ထွက်ဆိုတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေကြောင်း အရတော့ သူနဲ့ပတ်သက်တယ်။ သူ့အိမ်ခန်းထဲမှာကို တွေ့တော့ သူနဲ့ဆက်စပ်တော့ ကျွန်တော်တို့ စစ်နေပါတယ်’’ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

ဖမ်းဆီးရမိသော မူးယစ် ဆေးတန်ဖိုးမှာ ကျပ်သိန်း၁၀,၀၀၀ ကျော် တန်ကြေးရှိပြီး မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ မူးယစ်ဆေး ပို့ဆောင်ရောင်းဝယ် နေသော အဖွဲ့ဖြစ်ကြောင်း ရဲတပ် ဖွဲ့က အတည်ပြုသည်။ တရုတ် နိုင်ငံတွင် ဖမ်းဆီးထားသူနှစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သူ သီလရှင်အမျိုးသမီးကို လူ ဝတ်လဲကာ စစ်ဆေးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

‘‘သီလရှင်ဝတ်ပြီး မူးယစ် ဆေးကို အကြီးအကျယ်လုပ်စား နေတာသာကြည့်တော့။ ဒီဒေသ အတွက် မူးယစ်ဆေးပြဿနာ ဘယ်လောက်အရေးကြီးနေပြီလဲ ဆိုတာ။ ဖိဖိစီးစီး ဖမ်းတာမျိုးကို ကြိုဆိုပါတယ်။ နောက်ထပ်လည်းထပ်ပြီး ဖော်ထုတ်ပေးစေချင် တယ်ဗျ။ နယ်စပ်ဒေသတွေကဆိုးနေပြီ’’ဟု မူဆယ်မြို့ခံ ကိုကျော်စွာက ပြောသည်။

ဒေသအများစုတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများ သည် မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး နည်းမျိုးစုံဖြင့် ဖြန့်ဖြူးရောင်းချနေကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top