Property Expo
×

ျပည္သူမ်ားအၾကား က်ယ္ျပန္႔စြာပံ်႕ႏွံ႔ေနေသာ စင္ကာပူထီသည္ ျမန္မာႏိုင္ငံ တရားမ၀င္ထီတမ်ဳိး ျဖစ္ေသာေၾကာင့္ထိုးသူမ်ားအေနနွင့္ ေလာင္းကစားဥပေဒနွင့္ ၿငိစြန္းေၾကာင္း ေအာင္ဘာေလထီသိန္း ဆုဌာနခဲြ၏ ညႊန္ၾကားေရးမွဴးဦးထြန္းထြန္းေအာင္က News Watch သို႔ ေျပာၾကားသည္။

''စင္ကာပူထီနဲ႔ပတ္သက္လို႔က ေျပာရမယ္ဆိုရင္ နိုင္ငံေတာ္က ၁၉၈၆ ခုနွစ္ ေလာင္းကစားဥပေဒကို ျပ႒ာန္းခဲ့ တယ္။ အဲဒီဥပေဒအရ နိုင္ငံေတာ္က ခြင့္ျပဳတဲ့ ေအာင္ဘာေလထီကိုပဲ တရား၀င္ခြင့္ျပဳထားပါတယ္။ က်န္တာေတြကေတာ့ အက်ဳံးမ၀င္တဲ့ ေလာင္းကစားလို႔ သတ္မွတ္ထားပါတယ္။ စင္ကာပူထီေရာင္း တယ္ဆိုတာက တရားမ၀င္ပါဘူး။ အလားတူနွစ္လံုး၊ သံုးလံုးေတြကလည္း တရားမ၀င္ပါဘူး''ဟု ၎က ေျပာသည္။

ထို႔ေနာက္ စင္ကာပူထီနွင့္ပတ္သက္၍ ထီေပါက္ခဲ့ပါက ႏိုင္ငံေတာ္မွ ခြင့္မျပဳထားသည့္အတြက္ ရရိွလာေသာေငြေၾကးမွာ Money Laundry အက္ဥပေဒနွင့္ ၿငိစြန္းေၾကာင္းလည္း ထပ္မံသိရသည္။

''အျပင္မွာ စင္ကာပူထီက ေတာ္ေတာ္ေလးပံ်႕နံွ႔ေနပါတယ္။ သူက ထီထိုးရင္ သံုးေဒၚလာနဲ႔ ထိုးရတယ္။ ဗမာေငြနဲ႔ ဒီမွာ ၃၅၀၀၊ ၄၀၀၀ ေလာက္ေရာင္းတယ္လို႔ သိရတယ္။ အဲဒီေတာ့ စထိုးကတည္းက ေဈးအမ်ားႀကီးေပးရတယ္။ ေအာင္ဘာေလထီက က်ပ္ ၂၀၀ နဲ႔ပဲ ေရာင္းတာ ျဖစ္တယ္။ က်ပ္ ၂၀၀ နဲ႔ထီေပါက္ရင္ သိန္း ၁၅၀၀ ရတယ္။ စင္ကာပူထီနဲ႔က အမ်ားႀကီးကြာျခားတယ္။ စင္ကာပူထီနဲ႔ ဆုႀကီးေပါက္ခဲ့ရင္လည္း ဘယ္မွာသြားထုတ္မွာလဲ။ စင္ကာပူထီလက္မွတ္က အတုလား၊ အစစ္လားဆိုတာ ဘယ္လိုသိ ၾကမလဲ''ဟု ၎က သံုးသပ္ေျပာၾကားသည္။

စင္ကာပူထီႏွင့္ပတ္သက္၍ ေရာင္းခ်မႈမ်ားအေပၚ အေရးယူရန္မွာ သက္ဆိုင္ရာရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ အဖဲြ႕အစည္းမ်ားကသာ သက္ဆိုင္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခဲြအေနျဖင့္ အေရးယူေဆာင္ရြက္ႏိုင္ျခင္းမရိွေၾကာင္း သိရသည္။

ေအာင္ဘာေလထီဥပေဒနွင့္ပတ္ သက္၍ လႊတ္ေတာ္တြင္ တင္ျပထားေသာ္လည္း အတည္မျပဳနိုင္ ေသးသည့္အတြက္ နိုင္ငံေတာ္၏ ခြင့္ျပဳခ်က္၊ ညႊန္ၾကားခ်က္မ်ားႏွင့္ လုပ္ေဆာင္လာခဲ့ေၾကာင္း၊ ဥပေဒထြက္ရိွပါက အီးေလာ္ထရီစနစ္သို႔ ေျပာင္း လဲက်င့္သံုးနိုင္ရန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

''ဥပေဒထဲမွာလည္း ျပစ္မႈျပစ္ဒဏ္ေတြ ထည့္ထားပါတယ္။ ကြ်န္ေတာ္တို႔က ေဈးပိုေရာင္းခ်ရင္ အေရးယူေဆာင္ရြက္ဖို႔ ျပစ္ဒဏ္ေတြလည္း ပါ၀င္တယ္။ ေနာက္ အီးေလာ္ထရီစနစ္ကိုသြားဖို႔လည္း အစီအစဥ္ရိွပါတယ္။ ဒီစနစ္က အခိ်န္ကုန္ ေငြသက္သာၿပီး ၀န္ထမ္းအင္အားလည္း ေလွ်ာ့ခ်နိုင္မွာ ျဖစ္ပါတယ္''ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
ပြည်သူများအကြား ကျယ်ပြန့်စွာပံျ့နှံ့နေသော စင်ကာပူထီသည် မြန်မာနိုင်ငံ တရားမဝင်ထီတမျိုး ဖြစ်သောကြောင့်ထိုးသူများအနေနှင့် လောင်းကစားဥပဒေနှင့် ငြိစွန်းကြောင်း အောင်ဘာလေထီသိန်း ဆုဌာနခွဲ၏ ညွှန်ကြားရေးမှူးဦးထွန်းထွန်းအောင်က News Watch သို့ ပြောကြားသည်။

''စင်ကာပူထီနဲ့ပတ်သက်လို့က ပြောရမယ်ဆိုရင် နိုင်ငံတော်က ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ပြဋ္ဌာန်းခဲ့ တယ်။ အဲဒီဥပဒေအရ နိုင်ငံတော်က ခွင့်ပြုတဲ့ အောင်ဘာလေထီကိုပဲ တရားဝင်ခွင့်ပြုထားပါတယ်။ ကျန်တာတွေကတော့ အကျုံးမဝင်တဲ့ လောင်းကစားလို့ သတ်မှတ်ထားပါတယ်။ စင်ကာပူထီရောင်း တယ်ဆိုတာက တရားမဝင်ပါဘူး။ အလားတူနှစ်လုံး၊ သုံးလုံးတွေကလည်း တရားမဝင်ပါဘူး''ဟု ၎င်းက ပြောသည်။

ထို့နောက် စင်ကာပူထီနှင့်ပတ်သက်၍ ထီပေါက်ခဲ့ပါက နိုင်ငံတော်မှ ခွင့်မပြုထားသည့်အတွက် ရရှိလာသောငွေကြေးမှာ Money Laundry အက်ဥပဒေနှင့် ငြိစွန်းကြောင်းလည်း ထပ်မံသိရသည်။

''အပြင်မှာ စင်ကာပူထီက တော်တော်လေးပံျ့နံှ့နေပါတယ်။ သူက ထီထိုးရင် သုံးဒေါ်လာနဲ့ ထိုးရတယ်။ ဗမာငွေနဲ့ ဒီမှာ ၃၅၀၀၊ ၄၀၀၀ လောက်ရောင်းတယ်လို့ သိရတယ်။ အဲဒီတော့ စထိုးကတည်းက ဈေးအများကြီးပေးရတယ်။ အောင်ဘာလေထီက ကျပ် ၂၀၀ နဲ့ပဲ ရောင်းတာ ဖြစ်တယ်။ ကျပ် ၂၀၀ နဲ့ထီပေါက်ရင် သိန်း ၁၅၀၀ ရတယ်။ စင်ကာပူထီနဲ့က အများကြီးကွာခြားတယ်။ စင်ကာပူထီနဲ့ ဆုကြီးပေါက်ခဲ့ရင်လည်း ဘယ်မှာသွားထုတ်မှာလဲ။ စင်ကာပူထီလက်မှတ်က အတုလား၊ အစစ်လားဆိုတာ ဘယ်လိုသိ ကြမလဲ''ဟု ၎င်းက သုံးသပ်ပြောကြားသည်။

စင်ကာပူထီနှင့်ပတ်သက်၍ ရောင်းချမှုများအပေါ် အရေးယူရန်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကသာ သက်ဆိုင်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

အောင်ဘာလေထီဥပဒေနှင့်ပတ် သက်၍ လွှတ်တော်တွင် တင်ပြထားသော်လည်း အတည်မပြုနိုင် သေးသည့်အတွက် နိုင်ငံတော်၏ ခွင့်ပြုချက်၊ ညွှန်ကြားချက်များနှင့် လုပ်ဆောင်လာခဲ့ကြောင်း၊ ဥပဒေထွက်ရှိပါက အီးလော်ထရီစနစ်သို့ ပြောင်း လဲကျင့်သုံးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဥပဒေထဲမှာလည်း ပြစ်မှုပြစ်ဒဏ်တွေ ထည့်ထားပါတယ်။ ကျွန်တော်တို့က ဈေးပိုရောင်းချရင် အရေးယူဆောင်ရွက်ဖို့ ပြစ်ဒဏ်တွေလည်း ပါဝင်တယ်။ နောက် အီးလော်ထရီစနစ်ကိုသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒီစနစ်က အချိန်ကုန် ငွေသက်သာပြီး ဝန်ထမ်းအင်အားလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top