Property Expo
×

ရွစ္တန္းေက်ာင္းသူႏွစ္ဦးကို သမိုင္းဘာသာသင္တဲ့ ေက်ာင္းဆရာတစ္ဦးက စာသင္ေက်ာင္းထဲမွာ အႀကိမ္ႀကိမ္ သားမယားအျဖစ္ျပဳက်င့္ခဲ့တဲ့ ျဖစ္ရပ္ ဧရာဝတီတိုင္းေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕နယ္၊ ေရႊေညာင္ပင္ေက်းရြာ အလက(ခြဲ)မွာ ျဖစ္ပြားခဲ့ၿပီး  စက္တင္ဘာလ (၂၇)ရက္မွာအမႈဖြင့္ဖမ္းဆီးႏုိင္ခဲ့တယ္လုိ႔ ျမစ္မခသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

သမိုင္းဘာသာရပ္သင္ဆရာ ဦးရန္ႏုိင္အသက္(၂၈)ႏွစ္က (၁၅)ႏွစ္အရြယ္ ရွစ္တန္း ေက်ာင္းသူတစ္ဦးကုိ ေက်ာင္းပိတ္ရက္ အခ်ိန္ပိုေခၚယူသင္ၾကားခ်ိန္ေတြမွာ  ဆရာမ်ားနားေနခန္းထဲမွာ ငါးႀကိမ္တိုင္တိုင္ သားမယားျပဳက်င့္ခဲ့ၿပီး (၁၄) ႏွစ္အရြယ္ ရွစ္တန္း ေက်ာင္းသူတစ္ဦးကုိေတာ့ ညေနေက်ာင္းဆင္းၿပီးခ်ိန္ေတြမွာ စာသင္ခန္းထဲမွာ သံုးႀကိမ္တိုင္တိုင္ သားမယားျပဳက်င့္ခဲ့တယ္လုိ႔ က်ိဳက္လတ္ၿမိဳ႕မ ရဲစခန္းကေန သိရပါတယ္။

“ေက်ာင္းသူတစ္ေယာက္က တစ္ေန႔ေက်ာင္းက အျပန္အိမ္မွာ ဒီလိုအက်င့္မေကာင္းတဲ့ ဆရာဆီမွာ စာမသင္ခ်င္ဘူးလို႔ လူႀကီးေတြကို ေျပာရာကေန ဘာျဖစ္တာလဲ လို႔ေမးၾကည့္မွ သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကို ဆရာက ဒီလိုေတြက်ဴးလြန္ေနတယ္ ဆိုတာေပၚေပါက္ခဲ့တာပါ”လုိ႔ ကညင္ကုန္းေက်းရြာမွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

ဒီလိုက်ဴးလြန္ခဲ့တဲ့ ေက်ာင္းဆရာဦးရန္ႏိုင္ကို ေက်ာင္းသူႏွစ္ဦးရဲ႕ဖခင္ေတြက အမႈဖြင့္တိုင္တန္းခဲ့တာေၾကာင့္ က်ိဳက္လတ္ၿမိဳ႕မ ရဲစခန္းကေန (ပ) ၁၉၇/၂၀၁၆ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္ ဖမ္းဆီးအေရးယူထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myitmakhamedia

#Unicode Version

ရှစ်တန်းကျောင်းသူနှစ်ဦးကို သမိုင်းဘာသာသင်တဲ့ ကျောင်းဆရာတစ်ဦးက စာသင်ကျောင်းထဲမှာ အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ ဖြစ်ရပ် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ)မှာ ဖြစ်ပွားခဲ့ပြီး  စက်တင်ဘာလ (၂၇)ရက်မှာအမှုဖွင့်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြစ်မခသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်အသက်(၂၈)နှစ်က (၁၅)နှစ်အရွယ် ရှစ်တန်း ကျောင်းသူတစ်ဦးကို ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူသင်ကြားချိန်တွေမှာ  ဆရာများနားနေခန်းထဲမှာ ငါးကြိမ်တိုင်တိုင် သားမယားပြုကျင့်ခဲ့ပြီး (၁၄) နှစ်အရွယ် ရှစ်တန်း ကျောင်းသူတစ်ဦးကိုတော့ ညနေကျောင်းဆင်းပြီးချိန်တွေမှာ စာသင်ခန်းထဲမှာ သုံးကြိမ်တိုင်တိုင် သားမယားပြုကျင့်ခဲ့တယ်လို့ ကျိုက်လတ်မြို့မ ရဲစခန်းကနေ သိရပါတယ်။

“ကျောင်းသူတစ်ယောက်က တစ်နေ့ကျောင်းက အပြန်အိမ်မှာ ဒီလိုအကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးလို့ လူကြီးတွေကို ပြောရာကနေ ဘာဖြစ်တာလဲ လို့မေးကြည့်မှ သူ့သူငယ်ချင်းနှစ်ယောက်ကို ဆရာက ဒီလိုတွေကျူးလွန်နေတယ် ဆိုတာပေါ်ပေါက်ခဲ့တာပါ”လို့ ကညင်ကုန်းကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ ကျောင်းဆရာဦးရန်နိုင်ကို ကျောင်းသူနှစ်ဦးရဲ့ဖခင်တွေက အမှုဖွင့်တိုင်တန်းခဲ့တာကြောင့် ကျိုက်လတ်မြို့မ ရဲစခန်းကနေ (ပ) ၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Myitmakhamedia
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top