Kantharyar Centre
×

ကုိယ္၀န္ေဆာင္ခ်ိန္ အရက္ေသာက္ျခင္းေၾကာင့္ ေမြးဖြားလာ မည့္ ကေလးကုိသာမဟုတ္ဘဲ ေနာက္ထပ္မ်ိဳးဆက္သံုးဆက္အထိ အရက္စြဲႏုိင္ေျခပိုမ်ားေၾကာင္း ႂကြက္မ်ားႏွင့္ ေလ့လာမႈတစ္ခုက သတိေပးေဖာ္ျပသည္။

 ၾကြက္မ်ားျဖင့္ ေလ့လာရာတြင္ ကုိယ္၀န္ေဆာင္ခ်ိန္ ၀ုိင္ တစ္ခြက္စာႏွင့္ညီမွ်ေသာ ပမာဏကုိ ေလးႀကိမ္ေသာက္သံုးျခင္း ေၾကာင့္ ေမြးဖြားလာေသာ ကေလးမွ မ်ိဳးဆက္သံုးဆက္အထိ အရက္ကုိ ႀကိဳက္ႏွစ္သက္မႈပိုမ်ားၿပီး အရက္ႏွင့္ပတ္သက္၍ ထိခိုက္ခံႏုိင္မႈ ပုိနည္းေၾကာင္း ေလ့လာေတြ႕ရိွခဲ့သည္ဟု အေမရိကန္္ႏုိင္ငံ ဘာမင္ ဂန္တကၠသုိလ္မွ သုေတသီနီကုိးလ္ကင္မရြန္းက ေျပာၾကားသည္။

ယင္းေလ့လာမႈတြင္ ကုိယ္၀န္ေဆာင္ ႂကြက္မကုိ ၀ုိင္တစ္ခြက္ႏွင့္ညီမွ်ေသာ အရက္ပမာဏကုိ ေလးရက္ဆက္တုိက္ တိုက္ေကြၽးခဲ့ၿပီး လူသားမ်ား၏ ကုိယ္၀န္သက္တမ္း ဒုတိယသံုးလပတ္ကာလႏွင့္ ကုိက္ညီသည့္ ကုိယ္၀န္သက္တမ္းတြင္ တုိက္ေကြၽး၍ ေလ့လာခဲ့ျခင္းျဖစ္သည္။

ေမြးဖြားလာေသာ ႂကြက္ထီးႏွင့္ ႂကြက္မမ်ား အရြယ္ေရာက္လာ ခ်ိန္တြင္ ေရ(သုိ႔မဟုတ္) အရက္ေသာက္သံုးမႈအတြက္ စမ္းသပ္ၿပီး အရြယ္ေရာက္ခ်ိန္ ႂကြက္ထီးမ်ားကုိ အရက္အေပၚ ထိခိုက္ခံႏုိင္မႈ အတြက္ စမ္းသပ္ခဲ့သည္။

ယခုေလ့လာမႈရလဒ္ေၾကာင့္ ကုိယ္၀န္ေဆာင္ေနစဥ္ မိခင္ အရက္ေသာက္ပါက ၎ထံမွ ေမြးဖြားလာေသာ မ်ိဳးဆက္သည္ အရက္သမားတစ္ေယာက္ျဖစ္လာႏုိင္သည့္ အႏၲရာယ္ျမင့္မားသည္ ဟု သုေတသီမ်ားက သံုးသပ္ေဖာ္ျပသည္။

ယင္းသုေတသီမ်ားသည္ ကုိယ္၀န္ေဆာင္ခ်ိန္အရက္ေသာက္ သံုးျခင္းေၾကာင့္ ထိခိုက္မႈမ်ားကုိ ေလ့လာေသာ ပထမဆံုးအဖြဲ႕ျဖစ္ ၿပီး ကုိယ္၀န္ေဆာင္ခ်ိန္အတြင္း သားအိမ္ထဲတြင္ အရက္ႏွင့္ တုိက္ ႐ုိက္ထိေတြ႕ျခင္းမရိွခဲ့ေသာ မ်ိဳးဆက္မ်ားတြင္ အရက္ႏွင့္ ဆက္စပ္ ေသာ အျပဳအမူမ်ားကို ေလ့လာထားျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ကိုယ်ဝန်ဆောင်ချိန် အရက်သောက်ခြင်းကြောင့် မွေးဖွားလာ မည့် ကလေးကိုသာမဟုတ်ဘဲ နောက်ထပ်မျိုးဆက်သုံးဆက်အထိ အရက်စွဲနိုင်ခြေပိုများကြောင်း ကြွက်များနှင့် လေ့လာမှုတစ်ခုက သတိပေးဖော်ပြသည်။

 ကြွက်များဖြင့် လေ့လာရာတွင် ကိုယ်ဝန်ဆောင်ချိန် ဝိုင် တစ်ခွက်စာနှင့်ညီမျှသော ပမာဏကို လေးကြိမ်သောက်သုံးခြင်း ကြောင့် မွေးဖွားလာသော ကလေးမှ မျိုးဆက်သုံးဆက်အထိ အရက်ကို ကြိုက်နှစ်သက်မှုပိုများပြီး အရက်နှင့်ပတ်သက်၍ ထိခိုက်ခံနိုင်မှု ပိုနည်းကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု အမေရိကန်နိုင်ငံ ဘာမင် ဂန်တက္ကသိုလ်မှ သုတေသီနီကိုးလ်ကင်မရွန်းက ပြောကြားသည်။

ယင်းလေ့လာမှုတွင် ကိုယ်ဝန်ဆောင် ကြွက်မကို ဝိုင်တစ်ခွက်နှင့်ညီမျှသော အရက်ပမာဏကို လေးရက်ဆက်တိုက် တိုက်ကျွေးခဲ့ပြီး လူသားများ၏ ကိုယ်ဝန်သက်တမ်း ဒုတိယသုံးလပတ်ကာလနှင့် ကိုက်ညီသည့် ကိုယ်ဝန်သက်တမ်းတွင် တိုက်ကျွေး၍ လေ့လာခဲ့ခြင်းဖြစ်သည်။

မွေးဖွားလာသော ကြွက်ထီးနှင့် ကြွက်မများ အရွယ်ရောက်လာ ချိန်တွင် ရေ(သို့မဟုတ်) အရက်သောက်သုံးမှုအတွက် စမ်းသပ်ပြီး အရွယ်ရောက်ချိန် ကြွက်ထီးများကို အရက်အပေါ် ထိခိုက်ခံနိုင်မှု အတွက် စမ်းသပ်ခဲ့သည်။

ယခုလေ့လာမှုရလဒ်ကြောင့် ကိုယ်ဝန်ဆောင်နေစဉ် မိခင် အရက်သောက်ပါက ၎င်းထံမှ မွေးဖွားလာသော မျိုးဆက်သည် အရက်သမားတစ်ယောက်ဖြစ်လာနိုင်သည့် အန္တရာယ်မြင့်မားသည် ဟု သုတေသီများက သုံးသပ်ဖော်ပြသည်။

ယင်းသုတေသီများသည် ကိုယ်ဝန်ဆောင်ချိန်အရက်သောက် သုံးခြင်းကြောင့် ထိခိုက်မှုများကို လေ့လာသော ပထမဆုံးအဖွဲ့ဖြစ် ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း သားအိမ်ထဲတွင် အရက်နှင့် တိုက် ရိုက်ထိတွေ့ခြင်းမရှိခဲ့သော မျိုးဆက်များတွင် အရက်နှင့် ဆက်စပ် သော အပြုအမူများကို လေ့လာထားခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top