Kantharyar Centre
×

ပဲခူးတိုင္းေဒသၾကီး ျပည္ခရိုင္ ျပည္ျမိဳ႕အက်ဥ္းေထာင္မွ သရက္အက်ဥ္းေထာင္သို႔ အက်ည္းသူ(၂၅)ဦးတင္ေဆာင္လာေသာ ကားသည္ စက္တင္ဘာ(၇)ရက္ေန႔ နံနက္(၅)နာရီ (၅)မိနစ္အခ်ိန္ခန္႔ ျပည္ - ကံမ လမ္းခြဲ မိုင္တိုင္အမွတ္ (၂၃/၀)ႏွင့္(၂၃/၁)အၾကားအေရာက္ ေျမနိမ့္လမ္း အလိမ္အားေရွာင္တိမ္းေမာင္းႏွင္ရာ လမ္းအတက္ညာဘက္သို႔ ကားတိမ္းေမွာက္သြားခဲ့ပါသည္။



ယဥ္ေပၚပါလာသူ ရဲေမ(၂)ဦး ရဲေဘာ္(၁)ဦးဒဏ္ရာရရွိျပီး အက်ည္းသူ(၄)ဦး ဒဏ္ရာရရွိခဲ႔ေၾကာင္း သိရျပီး အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ျပည္ေဆးရုံၾကီးသို႔ ပို႔ေဆာင္ ေဆးကုသမႈ ခံယူေနေၾကာင္းသတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျပည္ခရိုင္မႈခင္းႏွင့္သတင္းစုံ


#Unicode Version
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အကျည်းသူ(၂၅)ဦးတင်ဆောင်လာသော ကားသည် စက်တင်ဘာ(၇)ရက်နေ့ နံနက်(၅)နာရီ (၅)မိနစ်အချိန်ခန့် ပြည် - ကံမ လမ်းခွဲ မိုင်တိုင်အမှတ် (၂၃/ဝ)နှင့်(၂၃/၁)အကြားအရောက် မြေနိမ့်လမ်း အလိမ်အားရှောင်တိမ်းမောင်းနှင်ရာ လမ်းအတက်ညာဘက်သို့ ကားတိမ်းမှောက်သွားခဲ့ပါသည်။


ယဉ်ပေါ်ပါလာသူ ရဲမေ(၂)ဦး ရဲဘော်(၁)ဦးဒဏ်ရာရရှိပြီး အကျည်းသူ(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အဆိုပါ ဒဏ်ရာရရှိသူများအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေကြောင်းသတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top