×

 သင်္ဘောပေါ်တွင် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များပါဝင်ပြီး တစ် ဦးချင်းလုပ်ဆောင်မှုများကို အ ခြေခံသည့် ‘Escape from Desolo’ အမည်ရှိ ရေကြောင်းဆိုင်ရာလုပ်ငန်းခွင်သင်ကြားရေးဂိမ်းကို သင်္ဘောသားများအတွက် ယူနတင်းသင်တန်းကျောင်းက အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါဂိမ်းသည် Desolo ကွန်တိန်နာ သင်္ဘောငယ်တစ်ခု ပေါ်တွင် ရောက်ရှိနေသည့်သင်္ဘောသားတစ်ဦး ၎င်း၏ချစ်သူနှင့် အမြန်ပြန်တွေ့ရန်၊ဟမ်းဘတ်ကုန်းပေါ်သို့ရောက်ရန် ကြိုးစားမှုကို အခြေခံထားသော ဂိမ်းဖြစ်ပြီး သင်္ဘောသားအနေနှင့် ကျွမ်းကျင် လိမ္မာမှုကိုသုံးပြီး အန္တရာယ် အ တားအဆီးများကို ကျော်ဖြတ်မှု၊ သတိပေးချက်များကို တုံ့ပြန်မှု၊ ဆိပ်ကမ်းအရာရှိနှင့် ဆွေးနွေးမှု၊ ပဟေဠိများကို ဖြေရှင်းမှု၊ ကျန်း မာအောင်နေနိုင်မှု၊ သင်္ဘောစည်း ကမ်းများကို လိုက်နာနိုင်မှုတို့အ တွက် ရည်ရွယ်ဖန်တီးထားသည့် ဂိမ်းဖြစ်သည်။


‘Escape from Desolo’ သည် သင်တန်းကျောင်းများရှိ ရှေးရိုးစွဲသင်ကြားမှုများမှ သွေ ဖည်၍ သင်္ဘောသားများ၏ လုပ် ကိုင်လိုစိတ်များ၊ ပျော်ရွှင်ဖွယ်ရာ  စိတ်များကို နှိုးဆွပေးထားပြီး ဂိမ်း ၏တည်ဆောက်မှုအပိုင်းကို ရုတ် ခြည်း အကြောင်းပြန်နိုင်မှု၊ ဆုတံ ဆိပ်များ၊ လုပ်ဆောင်မှုမှတ်တမ်း၊ ယှဉ်ပြိုင်မှုပြဇယားများဖြင့် သင် ကြားမှုကို အခြေခံသည့် ရလဒ်အ စစ်အမှန်များပါ မြင်နိုင်သော လုပ် ငန်းခွင်ဂိမ်းတစ်ခု ဖြစ်ကြောင်း ယူနတင်း သင်္ဘောသားသင်တန်း ကြောင်းမှ မန်နေဂျင်းဒါရိုက်တာ Paul Van Empel က ပြောသည်။


‘Escape from Desolo’ ဂိမ်းသည် သင်္ဘောလိုင်းများအား လုံး အန္တရာယ်ကင်းလမ်းညွှန်ချက် များ ပိုမိုတိုးတက်စေရန်၊ သင်္ဘော သားများအခမဲ့ကစားနိုင်ရန် ယူန တင်း ကုမ္ပဏီ ဖန်တီးခြင်းဖြစ်ပြီး Google Play Store၊ Apple iTunes store တို့မှ ရယူနိုင်ကာ ဖုန်း၊ တက်ဘလက် တို့မှလည်း အင်တာနက်မလိုဘဲ ကစားနိုင် ကြောင်း သိရသည်။

Credit:7Day Daily

#Unicode Version
 သငေ်္ဘာပေါ်တွင် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များပါဝင်ပြီး တစ် ဦးချင်းလုပ်ဆောင်မှုများကို အ ခြေခံသည့် ‘Escape from Desolo’ အမည်ရှိ ရေကြောင်းဆိုင်ရာလုပ်ငန်းခွင်သင်ကြားရေးဂိမ်းကို သငေ်္ဘာသားများအတွက် ယူနတင်းသင်တန်းကျောင်းက အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါဂိမ်းသည် Desolo ကွန်တိန်နာ သငေ်္ဘာငယ်တစ်ခု ပေါ်တွင် ရောက်ရှိနေသည့်သငေ်္ဘာသားတစ်ဦး ၎င်း၏ချစ်သူနှင့် အမြန်ပြန်တွေ့ရန်၊ဟမ်းဘတ်ကုန်းပေါ်သို့ရောက်ရန် ကြိုးစားမှုကို အခြေခံထားသော ဂိမ်းဖြစ်ပြီး သငေ်္ဘာသားအနေနှင့် ကျွမ်းကျင် လိမ္မာမှုကိုသုံးပြီး အန္တရာယ် အ တားအဆီးများကို ကျော်ဖြတ်မှု၊ သတိပေးချက်များကို တုံ့ပြန်မှု၊ ဆိပ်ကမ်းအရာရှိနှင့် ဆွေးနွေးမှု၊ ပဟေဠိများကို ဖြေရှင်းမှု၊ ကျန်း မာအောင်နေနိုင်မှု၊ သငေ်္ဘာစည်း ကမ်းများကို လိုက်နာနိုင်မှုတို့အ တွက် ရည်ရွယ်ဖန်တီးထားသည့် ဂိမ်းဖြစ်သည်။


‘Escape from Desolo’ သည် သင်တန်းကျောင်းများရှိ ရှေးရိုးစွဲသင်ကြားမှုများမှ သွေ ဖည်၍ သငေ်္ဘာသားများ၏ လုပ် ကိုင်လိုစိတ်များ၊ ပျော်ရွှင်ဖွယ်ရာ  စိတ်များကို နှိုးဆွပေးထားပြီး ဂိမ်း ၏တည်ဆောက်မှုအပိုင်းကို ရုတ် ခြည်း အကြောင်းပြန်နိုင်မှု၊ ဆုတံ ဆိပ်များ၊ လုပ်ဆောင်မှုမှတ်တမ်း၊ ယှဉ်ပြိုင်မှုပြဇယားများဖြင့် သင် ကြားမှုကို အခြေခံသည့် ရလဒ်အ စစ်အမှန်များပါ မြင်နိုင်သော လုပ် ငန်းခွင်ဂိမ်းတစ်ခု ဖြစ်ကြောင်း ယူနတင်း သငေ်္ဘာသားသင်တန်း ကြောင်းမှ မန်နေဂျင်းဒါရိုက်တာ Paul Van Empel က ပြောသည်။

‘‘ယခုကဲ့သို့ သင်ကြားမှုဂိမ်း များဟာ ရေကြောင်းပို့ဆောင်ရေး ယန္တရားကြီးတစ်ခုလုံးအတွက် အ ရေးပါတဲ့ တည်ဆောက်မှုအစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ နောက် ထပ်ထွက်လာဖို့ရှိတဲ့ ဂိမ်းများရဲ့ အစလည်းဖြစ်ပြီး ပိုမိုထိရောက် တဲ့ သင်ကြားမှု၊ လက်တွေ့ကျမှု၊ လိုက်ရောညီထွေရှိမှုနဲ့အတူ အဓိ ကကတော့ ပျော်ရွှင်စရာများရရှိ မှာဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။

‘Escape from Desolo’ ဂိမ်းသည် သငေ်္ဘာလိုင်းများအား လုံး အန္တရာယ်ကင်းလမ်းညွှန်ချက် များ ပိုမိုတိုးတက်စေရန်၊ သငေ်္ဘာ သားများအခမဲ့ကစားနိုင်ရန် ယူန တင်း ကုမ္ပဏီ ဖန်တီးခြင်းဖြစ်ပြီး Google Play Store၊ Apple iTunes store တို့မှ ရယူနိုင်ကာ ဖုန်း၊ တက်ဘလက် တို့မှလည်း အင်တာနက်မလိုဘဲ ကစားနိုင် ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top