Property Expo
×

အေမရိကန္ ခရီးစဥ္မွအျပန္ ခရီး ပန္းမႈဒဏ္ႏွင့္ က်န္းမာေရးေၾကာင့္ ရက္အနည္း ငယ္ၾကာ အနားယူခဲ့ေသာ ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ စက္ တင္ဘာ ၂၉ ရက္ညေနက အစိုးရ႐ံုးစိုက္ရာ ေန ျပည္ေတာ္သို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္သည္။

ယခုလ ၂၅ ရက္က အေမရိကန္ႏိုင္ငံမွ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာေသာ ေဒၚ ေအာင္ဆန္းစုၾကည္သည္ ခရီး ပန္းမႈဒဏ္၊ အစာအိမ္ႏွင့္ လည္ပင္းအ႐ိုးက်ီးေပါင္းေ၀ဒနာ ခံစားရေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ ေနအိမ္တြင္ ၄ ရက္တာ အနားယူၿပီးေနာက္ ေနျပည္ေတာ္ သို႔ ေလေၾကာင္းခရီးျဖင့္ ယမန္ေန႔ ညေန ၅နာရီ ၃၅ မိနစ္၌ ျပန္လည္ေရာက္ရွိလာျခင္း ျဖစ္ သည္။

ေနျပည္ေတာ္သို႔ ေရာက္ရွိ ၿပီးေနာက္ ယေန႔ (စက္တင္ဘာ ၃၀) နံနက္တြင္ ေနျပည္ေတာ္၌ ျမန္မာက အိမ္ရွင္အျဖစ္ ပထမဆံုး အႀကိမ္ က်င္းပမည့္ (၃၇) ႀကိမ္ေျမာက္ အာဆီယံ ပါလီမန္မ်ား ညီလာခံဖြင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္မိန္႔ခြန္း ေျပာၾကားမည္ျဖစ္ၿပီး အဆိုပါအခမ္းအနားကို ႏိုင္ငံပိုင္႐ုပ္သံလိုင္းမ်ားက နံနက္ ၁၀ နာရီ မိနစ္ ၄၀ က စတင္၍ တိုက္႐ိုက္ထုတ္လႊင့္ျပသမည္ျဖစ္သည္။

    ေနျပည္ေတာ္သို႔  ေလ ေၾကာင္းျဖင့္ လာေရာက္ရန္ ရန္ ကုန္ေလဆိပ္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္တိုင္းေဒသႀကီးက ထုတ္ျပန္ေသာ ဓာတ္ပံုမ်ားအရ က်န္းမာရႊင္လန္းေနသည့္ပံု ေတြ႕ျမင္ရသည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ ယခု လလယ္ပိုင္းက ၿဗိတိန္ ႏွင့္ အေမရိကန္ႏိုင္ငံမ်ားသို႔ ၁၀ရက္ၾကာ ခရီးစဥ္ သြားေရာက္ခဲ့ၿပီးေနာက္ ရန္ကုန္ ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခ်ိန္တြင္ ဘီးတပ္ကုလားထုိင္ (ဝီွးခ်ဲ)ျဖင့္ လာခဲ့ရေၾကာင္းသတင္းမ်ား ထြက္ေပၚခဲ့သည္။

အေမရိကန္ခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္သည္ ကုလသမဂၢ အေထြေထြညီလာခံ သ႔ို တက္ေရာက္မိန္႔ခြန္းေျပာၾကား ျခင္း၊ သမၼတ အိုဘားမား အပါ အဝင္ အေမရိကန္အမတ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အမေရိကန် ခရီးစဉ်မှအပြန် ခရီး ပန်းမှုဒဏ်နှင့် ကျန်းမာရေးကြောင့် ရက်အနည်း ငယ်ကြာ အနားယူခဲ့သော နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက် တင်ဘာ ၂၉ ရက်ညနေက အစိုးရရုံးစိုက်ရာ နေ ပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ယခုလ ၂၅ ရက်က အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေါ် အောင်ဆန်းစုကြည်သည် ခရီး ပန်းမှုဒဏ်၊ အစာအိမ်နှင့် လည်ပင်းအရိုးကျီးပေါင်းဝေဒနာ ခံစားရသောကြောင့် ရန်ကုန်မြို့ရှိ နေအိမ်တွင် ၄ ရက်တာ အနားယူပြီးနောက် နေပြည်တော် သို့ လေကြောင်းခရီးဖြင့် ယမန်နေ့ ညနေ ၅နာရီ ၃၅ မိနစ်၌ ပြန်လည်ရောက်ရှိလာခြင်း ဖြစ် သည်။

နေပြည်တော်သို့ ရောက်ရှိ ပြီးနောက် ယနေ့ (စက်တင်ဘာ ၃၀) နံနက်တွင် နေပြည်တော်၌ မြန်မာက အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် ကျင်းပမည့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားကို နိုင်ငံပိုင်ရုပ်သံလိုင်းများက နံနက် ၁၀ နာရီ မိနစ် ၄၀ က စတင်၍ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

    နေပြည်တော်သို့  လေ ကြောင်းဖြင့် လာရောက်ရန် ရန် ကုန်လေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဒေသကြီးက ထုတ်ပြန်သော ဓာတ်ပုံများအရ ကျန်းမာရွှင်လန်းနေသည့်ပုံ တွေ့မြင်ရသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ယခု လလယ်ပိုင်းက ဗြိတိန် နှင့် အမေရိကန်နိုင်ငံများသို့ ၁၀ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ရန်ကုန် လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ဘီးတပ်ကုလားထိုင် (ဝှီးချဲ)ဖြင့် လာခဲ့ရကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ သ့ို တက်ရောက်မိန့်ခွန်းပြောကြား ခြင်း၊ သမ္မတ အိုဘားမား အပါ အဝင် အမေရိကန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top