Kantharyar Centre
×




Credit : Duwun


#Unicode Version

ရုံးခန်းအတွင်း အပင်ထားခြင်းက ဝန်ထမ်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြင့်တက်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ အလုပ်သမားတွေရဲ့ခုံနားမှာ  အပင်ရှိခြင်းဟာအဆိုပါအလုပ်သမားရဲ့ညဏပိုင်းစွမ်းရည်တိုးတက်စေပြီး  အလုပ်ပေါ်ကျေနပ်စေတယ်လို့ သုတေသနက ဆိုပါတယ်။

သုတေသနကို ဗြိတိန်က  Exeter တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်အမျိုးမျိုးမှာ အလုပ်သမားတွေရဲ့ စိတ်ကျေနပ်မှုကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

အပင်တွေထားခြင်းဟာ အလုပ်သမားတွေကို ပျော်ရွှင်စေကာ အလုပ်ပိုတွင်တယ်ဆိုပေမဲ့ တကယ်သိသာတဲ့ရလဒ်က အလုပ်သမားတွေကို ကိုယ်ပိုင်လွပ်လပ်ခွင့်ပေးလိုက်တဲ့အခါမှာ ထွက်ပေါ်လာတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ စိတ်ပညာရှင် ဒေါက်တာ ခရေ့နိုက်က ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top