Property Expo
×

လာမယ့္ ပြင့္လင္းရာသီ ေအာက္တုိဘာေလာက္ကစတင္ျပီး ေခ်ာင္းသာကမ္းေျခမွာ ဆုိင္ကယ္နဲ႔ ေလးဘီးစက္တပ္ယာဥ္ေတြ စီးတာကို တားျမစ္မယ္လို႔ သိရပါတယ္။

စက္တင္ဘာ တတိယပတ္က သံုးရက္ၾကာျပဳလုပ္တဲ့ ေခ်ာင္းသာကမ္းေျခသာယာလွပေရးႏွင့္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အလုပ္႐ံုေဆြးေႏြးပြဲမွာ အဆုိပါတားျမစ္မႈနဲ႔ပတ္သက္လို႔ ထည့္သြင္းေဆြးေႏြးခဲ့ၾကတာ ျဖစ္ျပီး  အမ်ားျပည္သူအပန္းေျဖမႈကို ထိခိုက္ေစတဲ့ အတြက္ ကမ္းေျခမွာ စီးခြင့္ေပးေတာ့မွာ မဟုတ္ေၾကာင္း ေခ်ာင္းသာဟိုတယ္ဇုန္ အတြင္းေရးမွဴး ဦးမင္းေက်ာ္ဦးက ေျပာထားတာျဖစ္ပါတယ္။

 ျမင္းစီးတာနဲ႔ ပတ္သက္လို႔ ဘယ္လိုပံုစံနဲ႔ ခြင့္ျပဳသြားမလဲဆိုတာ ညိႇႏိႈင္းမႈေတြ လုပ္ေနဆဲျဖစ္ျပီး စက္ဘီးကေတာ့ ဆက္ၿပီး စီးခြင့္ေပးသြားမွာ ျဖစ္တယ္လို႔လည္း ဦးမင္းေက်ာ္ဦးက ေျပာထားပါတယ္။

ကမ္းေျခမွာ ေခါင္းရြက္သည္ေတြ၊ အထမ္းနဲ႔ေရာင္းတဲ့ ေစ်းသည္ေတြကလြဲရင္ တျခား ေစ်းသည္အားလံုးကို ေရာင္းခ်ခြင့္ ျပဳမွာ မဟုတ္ေတာ့ဘူးလို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit  :Duwun

#Unicode Version

လာမယ့် ပွင့်လင်းရာသီ အောက်တိုဘာလောက်ကစတင်ပြီး ချောင်းသာကမ်းခြေမှာ ဆိုင်ကယ်နဲ့ လေးဘီးစက်တပ်ယာဉ်တွေ စီးတာကို တားမြစ်မယ်လို့ သိရပါတယ်။

စက်တင်ဘာ တတိယပတ်က သုံးရက်ကြာပြုလုပ်တဲ့ ချောင်းသာကမ်းခြေသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အဆိုပါတားမြစ်မှုနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး  အများပြည်သူအပန်းဖြေမှုကို ထိခိုက်စေတဲ့ အတွက် ကမ်းခြေမှာ စီးခွင့်ပေးတော့မှာ မဟုတ်ကြောင်း ချောင်းသာဟိုတယ်ဇုန် အတွင်းရေးမှူး ဦးမင်းကျော်ဦးက ပြောထားတာဖြစ်ပါတယ်။

 မြင်းစီးတာနဲ့ ပတ်သက်လို့ ဘယ်လိုပုံစံနဲ့ ခွင့်ပြုသွားမလဲဆိုတာ ညှိနှိုင်းမှုတွေ လုပ်နေဆဲဖြစ်ပြီး စက်ဘီးကတော့ ဆက်ပြီး စီးခွင့်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဦးမင်းကျော်ဦးက ပြောထားပါတယ်။

ကမ်းခြေမှာ ခေါင်းရွက်သည်တွေ၊ အထမ်းနဲ့ရောင်းတဲ့ ဈေးသည်တွေကလွဲရင် တခြား ဈေးသည်အားလုံးကို ရောင်းချခွင့် ပြုမှာ မဟုတ်တော့ဘူးလို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit  :Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top