Property Expo
×

နယူးေယာ့ခ္ၿမိဳ႕က ဘ႐ြတ္ကလင္း ရပ္ကြက္မွာ ေနထိုင္သူ အမ်ိဳးသမီးတစ္ဦးဟာ ေသဆံုးသြားတဲ့ သားျဖစ္သူ အေလာင္းကို သၿဂိဳလ္ျခင္း မျပဳလုပ္ပဲ အိမ္ထဲမွာ ၈ ႏွစ္ေလာက္ သိမ္းထားခဲ့တယ္လို႔ သိရပါတယ္။

သားျဖစ္သူရဲ႕ အေလာင္းကို အိမ္ထပ္ခိုးထဲမွာ ထည့္ထားခဲ့တာျဖစ္ၿပီး သူမ လဲက်ကာ ေဆး႐ံုေရာက္သြားတဲ့ အခ်ိန္က်ေတာ့မွ ေဆြမ်ိဳးေတြ ရွာေတြခဲ့ၾကတာျဖစ္ပါတယ္။ သူမရဲ႕ သားျဖစ္သူဟာ တကၠစီယာဥ္ေမာင္းတစ္ဦးအျဖစ္ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ၿပီး အသက္ ၅၀ အ႐ြယ္မွာ ဆံုးပါးသြားခဲ့တာျဖစ္ပါတယ္။

သားျဖစ္သူ ေသဆံုးၿပီးေနာက္ သူမဟာ အိမ္နီးခ်င္းေတြနဲ႔လည္း အဆက္အသြယ္မလုပ္ခဲ့ဘူးလို႔ ဆိုပါတယ္။ " သူက ဘယ္ေတာ့မွ အိမ္နီးခ်င္းေတြကို ႏႈတ္မဆက္ဘူး။ နည္းနည္းလမ္း ထူးဆန္းတယ္" လို႔ အိမ္နီးခ်င္းတစ္ဦးက နယူးေယာ့ခ္ေဒးလီးသတင္းစာကို ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

နယူးယော့ခ်မြို့က ဘရွတ်ကလင်း ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားတဲ့ သားဖြစ်သူ အလောင်းကို သဂြိုလ်ခြင်း မပြုလုပ်ပဲ အိမ်ထဲမှာ ၈ နှစ်လောက် သိမ်းထားခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူရဲ့ အလောင်းကို အိမ်ထပ်ခိုးထဲမှာ ထည့်ထားခဲ့တာဖြစ်ပြီး သူမ လဲကျကာ ဆေးရုံရောက်သွားတဲ့ အချိန်ကျတော့မှ ဆွေမျိုးတွေ ရှာတွေခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူဟာ တက္ကစီယာဉ်မောင်းတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး အသက် ၅၀ အရွယ်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူ သေဆုံးပြီးနောက် သူမဟာ အိမ်နီးချင်းတွေနဲ့လည်း အဆက်အသွယ်မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ " သူက ဘယ်တော့မှ အိမ်နီးချင်းတွေကို နှုတ်မဆက်ဘူး။ နည်းနည်းလမ်း ထူးဆန်းတယ်" လို့ အိမ်နီးချင်းတစ်ဦးက နယူးယော့ခ်ဒေးလီးသတင်းစာကို ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top