Kantharyar Centre
×

 အစားအေသာက္ မဆင္ျခင္မႈေၾကာင့္ ကေလးမ်ားတြင္ သြားပိုးစားျခင္းလကၡဏာမ်ား ပိုေတြ႕လာရေၾကာင္း သြားႏွင့္ခံတြင္းဆရာ၀န္ေဒါက္တာသန္းထြန္း (မိုးထက္ပါရမီ)က ေျပာၾကားသည္။

အခ်ဳိရည္မ်ားေသာက္သံုးျခင္း၊ ကေလးမ်ားအတြက္ အာဟာရမျဖစ္ဘဲ သြားက်န္းမာေရးကို ထိခိုက္ေစသည့္ က်ပ္ ၁၀၀၊ ၅၀ တန္ အစားအစာမ်ားစားသံုးျခင္းတို႔ေၾကာင့္ သြားပိုးစားျခင္းအျဖစ္မ်ားလာေၾကာင္း ၎က ဆိုသည္။

‘‘ကေလးမိဘေတြထင္ၾကတာက ကေလးအသက္ (၂) ႏွစ္ေလာက္နဲ႔ ႏို႔ျဖတ္ရမွာကို မျဖတ္ဘဲ (၅) ႏွစ္ေလာက္အထိ တိုက္ေနလို႔ ႏို႔ပိုးစားတယ္ေပါ့။ သြားနဲ႔ခံတြင္းအသိပညာနည္းေတာ့ ႏို႔စို႔တာေၾကာင့္လို႔ ထင္ၾကတယ္။ တကယ္တမ္းက်ေတာ့ ေန႔စဥ္နဲ႔ အမွ် ကေလးေတြ စားေသာက္ေနတဲ့ အစားအေသာက္ေတြက ခ်ဳိတဲ့၊ ကပ္တဲ့ဟာေတြရွိတယ္။ အာဟာရမျဖစ္တဲ့ အစားအစာေတြ မ်ားတယ္။ ကေလးအငုိတိတ္ေအာင္ ကေလးစားခ်င္တာ ေကြၽးလိုက္မယ္။ အခ်ဳိရည္တိုက္လိုက္တယ္။ ဒါေပမဲ့ ဒါေတြစားၿပီးရင္ ပလုတ္က်င္းရတယ္ဆိုတာ ကေလးမိဘ ၁၀ ေယာက္မွာ တစ္ေယာက္မွ မေျပာၾကဘူး’’ဟု ေဒါက္တာ သန္းထြန္းက ဆိုသည္။

ကေလးအသက္ ေျခာက္လတြင္ သြားစေပါက္ၿပီး ကေလးအသက္ (၃) ႏွစ္ခန္႔၌ သြားစံုလင္လာေၾကာင္း၊ မိဘမ်ားအေနျဖင့္ ကေလးအသက္ငယ္ရြယ္စဥ္၌ သြားႏွင့္ကပ္ၿငိေနသည့္ အညစ္အေၾကးကို ဂြမ္းအသံုးျပဳၿပီး ခံတြင္းသန္႔ရွင္းေအာင္ ျပဳလုပ္ေပးႏိုင္ေၾကာင္း၊ သြားပြတ္တံအသံုးျပဳႏုိင္သည့္အရြယ္၌ အသက္အရြယ္အလိုက္အသံုးျပဳႏုိင္ေအာင္ ထုတ္လုပ္ထားသည့္ သြားပြတ္တံကို အသံုးျပဳၿပီး ခံတြင္းသန္႔ရွင္းေရးျပဳလုပ္ရန္လိုအပ္ေၾကာင္း ၎က ဆိုသည္။

‘‘မိမိကေလးရဲ႕ သြားနဲ႔ ခံတြင္းသန္႔ရွင္းေရးကို ဂ႐ုစိုက္ေပးရမွာ မိဘေတြရဲ႕ တာ၀န္ပဲ။ ဂ႐ုမစိုက္ရင္ ကေလးသြားေတြရဲ႕ သြားပိုးစားႏႈန္းက အရမ္းျမန္တဲ့အတြက္ေၾကာင့္ ကေလးရဲ႕ သြားက်န္းမာေရးကို ထိခိုက္လာမယ္။ ဒီလိုမွမဟုတ္ရင္ ႏွစ္လ ဒါမွမဟုတ္ သံုးလတစ္ႀကိမ္နီးစပ္ရာ သြားေဆးခန္းေတြမွာ ကေလးရဲ႕ သြားက်န္းမာေရးကို စစ္ေဆးသင့္တယ္’’ဟု ေဒါက္တာ သန္းထြန္းက ဆိုသည္။

သြားပိုးစားျခင္း (သို႔မဟုတ္) သြားေဆြးျမည့္ရျခင္းမွာ မိမိစားသံုးလုိက္သည့္ အစားႂကြင္းအစားက်န္မ်ားမွ ထြက္လာသည့္ အက္ဆစ္ေၾကာင့္ျဖစ္ၿပီး သြား၏အေပၚယံေႂကြလႊာမွတစ္ဆင့္ သြားေဆြးျမည့္ရျခင္း ျဖစ္သည္။ သြားပိုးစားျခင္းမွ ကာကြယ္ရန္ သြားမွန္မွန္တိုက္ျခင္း၊ သြားႏွင့္ခံတြင္းကို သန္႔သန္႔ရွင္းရွင္းျဖစ္ေစရန္ အစာစားၿပီးတိုင္း အစားႂကြင္းအစားက်န္မျဖစ္ေစရန္ ပလုတ္က်င္းျခင္း၊ လိုအပ္လွ်င္ သြားပြတ္ႀကိဳးအသံုးျပဳ၍ သြားႀကိဳသြားၾကားမွ အစာမ်ားကိုထုတ္ေပးျခင္းမ်ား ျပဳလုပ္ႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အစားအသောက် မဆင်ခြင်မှုကြောင့် ကလေးများတွင် သွားပိုးစားခြင်းလက္ခဏာများ ပိုတွေ့လာရကြောင်း သွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ပြောကြားသည်။

အချိုရည်များသောက်သုံးခြင်း၊ ကလေးများအတွက် အာဟာရမဖြစ်ဘဲ သွားကျန်းမာရေးကို ထိခိုက်စေသည့် ကျပ် ၁၀၀၊ ၅၀ တန် အစားအစာများစားသုံးခြင်းတို့ကြောင့် သွားပိုးစားခြင်းအဖြစ်များလာကြောင်း ၎င်းက ဆိုသည်။

‘‘ကလေးမိဘတွေထင်ကြတာက ကလေးအသက် (၂) နှစ်လောက်နဲ့ နို့ဖြတ်ရမှာကို မဖြတ်ဘဲ (၅) နှစ်လောက်အထိ တိုက်နေလို့ နို့ပိုးစားတယ်ပေါ့။ သွားနဲ့ခံတွင်းအသိပညာနည်းတော့ နို့စို့တာကြောင့်လို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ နေ့စဉ်နဲ့ အမျှ ကလေးတွေ စားသောက်နေတဲ့ အစားအသောက်တွေက ချိုတဲ့၊ ကပ်တဲ့ဟာတွေရှိတယ်။ အာဟာရမဖြစ်တဲ့ အစားအစာတွေ များတယ်။ ကလေးအငိုတိတ်အောင် ကလေးစားချင်တာ ကျွေးလိုက်မယ်။ အချိုရည်တိုက်လိုက်တယ်။ ဒါပေမဲ့ ဒါတွေစားပြီးရင် ပလုတ်ကျင်းရတယ်ဆိုတာ ကလေးမိဘ ၁၀ ယောက်မှာ တစ်ယောက်မှ မပြောကြဘူး’’ဟု ဒေါက်တာ သန်းထွန်းက ဆိုသည်။

ကလေးအသက် ခြောက်လတွင် သွားစပေါက်ပြီး ကလေးအသက် (၃) နှစ်ခန့်၌ သွားစုံလင်လာကြောင်း၊ မိဘများအနေဖြင့် ကလေးအသက်ငယ်ရွယ်စဉ်၌ သွားနှင့်ကပ်ငြိနေသည့် အညစ်အကြေးကို ဂွမ်းအသုံးပြုပြီး ခံတွင်းသန့်ရှင်းအောင် ပြုလုပ်ပေးနိုင်ကြောင်း၊ သွားပွတ်တံအသုံးပြုနိုင်သည့်အရွယ်၌ အသက်အရွယ်အလိုက်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားသည့် သွားပွတ်တံကို အသုံးပြုပြီး ခံတွင်းသန့်ရှင်းရေးပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

‘‘မိမိကလေးရဲ့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပေးရမှာ မိဘတွေရဲ့ တာဝန်ပဲ။ ဂရုမစိုက်ရင် ကလေးသွားတွေရဲ့ သွားပိုးစားနှုန်းက အရမ်းမြန်တဲ့အတွက်ကြောင့် ကလေးရဲ့ သွားကျန်းမာရေးကို ထိခိုက်လာမယ်။ ဒီလိုမှမဟုတ်ရင် နှစ်လ ဒါမှမဟုတ် သုံးလတစ်ကြိမ်နီးစပ်ရာ သွားဆေးခန်းတွေမှာ ကလေးရဲ့ သွားကျန်းမာရေးကို စစ်ဆေးသင့်တယ်’’ဟု ဒေါက်တာ သန်းထွန်းက ဆိုသည်။

သွားပိုးစားခြင်း (သို့မဟုတ်) သွားဆွေးမြည့်ရခြင်းမှာ မိမိစားသုံးလိုက်သည့် အစားကြွင်းအစားကျန်များမှ ထွက်လာသည့် အက်ဆစ်ကြောင့်ဖြစ်ပြီး သွား၏အပေါ်ယံကြွေလွှာမှတစ်ဆင့် သွားဆွေးမြည့်ရခြင်း ဖြစ်သည်။ သွားပိုးစားခြင်းမှ ကာကွယ်ရန် သွားမှန်မှန်တိုက်ခြင်း၊ သွားနှင့်ခံတွင်းကို သန့်သန့်ရှင်းရှင်းဖြစ်စေရန် အစာစားပြီးတိုင်း အစားကြွင်းအစားကျန်မဖြစ်စေရန် ပလုတ်ကျင်းခြင်း၊ လိုအပ်လျှင် သွားပွတ်ကြိုးအသုံးပြု၍ သွားကြိုသွားကြားမှ အစာများကိုထုတ်ပေးခြင်းများ ပြုလုပ်နိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top