Property Expo
×

ေဖ့စ္ဘြတ္ခ္ကဲ့သုိ႔ လူမႈကြန္ရက္မ်ားေပၚတြင္ အႏိုင္က်င့္ခံရ ျခင္း၊ ဆုိးရြားစြာ ဆက္ဆံခံရျခင္း၊ နားလည္မႈလြဲမွားခံရျခင္း (သုိ႔မ ဟုတ္) မလုိလားဘဲ ဆက္သြယ္ခံရျခင္းစေသာ အႏုတ္သေဘာ အ ေတြ႕အႀကံဳမ်ားႏွင့္ ႀကံဳေတြ႕ရသည့္ ဆယ္ေက်ာ္သက္မ်ားသည္ စိတ္ဓာတ္က်ႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း အေမရိကန္ႏုိင္ငံ ဘေရာင္းတကၠသုိလ္မွ သုေတသီမ်ားက ေျပာၾကားသည္။


ေလ့လာမႈတြင္ ပါ၀င္သူမ်ား၏ ၈၀ ရာခုိင္ႏႈန္းက ၎တုိ႔သည္ လူမႈကြန္ရက္စတင္အသံုးျပဳၿပီးေနာက္ပုိင္း အနည္းဆံုးတစ္ႀကိမ္ အႏုတ္သေဘာေဆာင္ေသာ အေတြ႕အႀကံဳႏွင့္ ႀကံဳေတြ႕ခဲ့ရသည္ဟု ေျပာၾကားသည္။

ေလ့လာမႈတြင္ ပါ၀င္သူမ်ား၏ ၆၃ ရာခိုင္ႏႈန္းက ၎တို႔သည္ ယင္းကဲ့သုိ႔ အေတြ႕အႀကံဳမ်ိဳးေလးႀကိမ္ (သုိ႔မဟုတ္) ယင္းထက္ပုိ၍ ႀကံဳေတြ႕ခဲ့ရသည္ဟု ေျပာသည္။

ယခုေလ့လာမႈတြင္ပါ၀င္သူမ်ား၏ ၂၄ ရာခိုင္ႏႈန္းသည္ အလယ္အလတ္မွေန၍ ျပင္းထန္ေသာ စိတ္ဓာတ္က်သည့္ လကၡဏာမ်ား ျပသခဲ့ေၾကာင္း သိရသည္။

လူမႈကြန္ရက္ေပၚတြင္ မေကာင္းေသာအေတြ႕အႀကံဳမ်ားႏွင့္ ႀကံဳေတြ႕ရသူမ်ားသည္ ယင္းအေတြ႕အႀကံဳမ်ားႏွင့္ မႀကံဳေတြ႕ရသူ မ်ားထက္ ပို၍စိတ္ဓာတ္က်ႏုိင္သည့္ အႏၲရာယ္ ၃ ဒသမ ၂ ဆပုိမ်ား ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ယင္းကဲ့သုိ႔ အႏုတ္သေဘာအေတြ႕အႀကံဳမ်ားသည္ ရွည္ၾကာ ေသာ စိတ္ဓာတ္က်မႈဆီသုိ႔ ဦးတည္သြားႏိုင္ေၾကာင္း ဆယ္ေက်ာ္ သက္မ်ား သိထားရန္ အေရးႀကီးၿပီး ေဖ့စ္ဘြတ္ခ္ကဲ့သုိ႔ လူမႈကြန္ရက္ အသံုးျပဳမႈကုိ ခ်င့္ခ်ိန္တတ္ရန္လိုေၾကာင္း သုေတသီမ်ားက ေျပာ သည္။

ေနာက္နည္းလမ္းတစ္ခုမွာ ယင္းကဲ့သုိ႔ အႏုတ္သေဘာအေတြ႕ အႀကံဳျဖစ္ေပၚေစသူမ်ားကို မိတ္ေဆြစာရင္းမွ ပယ္ဖ်က္ရန္ျဖစ္သည္ဟု သုေတသီမ်ားက လမ္းၫႊန္ထားသည္။

စိတ္ဓာတ္က်ျခင္းႏွင့္ စုိးရိမ္စိတ္တုိ႔၏ ဒဏ္ရာကုိ ၾကာရွည္ခံစားရပါက အဆစ္အျမစ္ေရာင္ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါတုိ႔ အပါအ၀င္ က်န္းမာေရးဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚလာႏုိင္သည္။

စိတ္ဓာတ္က်ျခင္းကုိ ေအာင္ျမင္စြာ ကုသႏိုင္ပါက က်န္းမာေရးအေျခအေနႏွင့္ ဘ၀အရည္အခ်င္းတုိးတက္လာႏုိင္သည္ဟု ကြၽမ္း က်င္သူမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

ဖ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များပေါ်တွင် အနိုင်ကျင့်ခံရ ခြင်း၊ ဆိုးရွားစွာ ဆက်ဆံခံရခြင်း၊ နားလည်မှုလွဲမှားခံရခြင်း (သို့မ ဟုတ်) မလိုလားဘဲ ဆက်သွယ်ခံရခြင်းစသော အနုတ်သဘော အ တွေ့အကြုံများနှင့် ကြုံတွေ့ရသည့် ဆယ်ကျော်သက်များသည် စိတ်ဓာတ်ကျနိုင်သည့် အန္တရာယ်မြင့်မားကြောင်း အမေရိကန်နိုင်ငံ ဘရောင်းတက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။


လေ့လာမှုတွင် ပါဝင်သူများ၏ ၈၀ ရာခိုင်နှုန်းက ၎င်းတို့သည် လူမှုကွန်ရက်စတင်အသုံးပြုပြီးနောက်ပိုင်း အနည်းဆုံးတစ်ကြိမ် အနုတ်သဘောဆောင်သော အတွေ့အကြုံနှင့် ကြုံတွေ့ခဲ့ရသည်ဟု ပြောကြားသည်။

လေ့လာမှုတွင် ပါဝင်သူများ၏ ၆၃ ရာခိုင်နှုန်းက ၎င်းတို့သည် ယင်းကဲ့သို့ အတွေ့အကြုံမျိုးလေးကြိမ် (သို့မဟုတ်) ယင်းထက်ပို၍ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။

ယခုလေ့လာမှုတွင်ပါဝင်သူများ၏ ၂၄ ရာခိုင်နှုန်းသည် အလယ်အလတ်မှနေ၍ ပြင်းထန်သော စိတ်ဓာတ်ကျသည့် လက္ခဏာများ ပြသခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်ပေါ်တွင် မကောင်းသောအတွေ့အကြုံများနှင့် ကြုံတွေ့ရသူများသည် ယင်းအတွေ့အကြုံများနှင့် မကြုံတွေ့ရသူ များထက် ပို၍စိတ်ဓာတ်ကျနိုင်သည့် အန္တရာယ် ၃ ဒသမ ၂ ဆပိုများ ကြောင်း သုတေသီများက ပြောကြားသည်။

ယင်းကဲ့သို့ အနုတ်သဘောအတွေ့အကြုံများသည် ရှည်ကြာ သော စိတ်ဓာတ်ကျမှုဆီသို့ ဦးတည်သွားနိုင်ကြောင်း ဆယ်ကျော် သက်များ သိထားရန် အရေးကြီးပြီး ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက် အသုံးပြုမှုကို ချင့်ချိန်တတ်ရန်လိုကြောင်း သုတေသီများက ပြော သည်။

နောက်နည်းလမ်းတစ်ခုမှာ ယင်းကဲ့သို့ အနုတ်သဘောအတွေ့ အကြုံဖြစ်ပေါ်စေသူများကို မိတ်ဆွေစာရင်းမှ ပယ်ဖျက်ရန်ဖြစ်သည်ဟု သုတေသီများက လမ်းညွှန်ထားသည်။

စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်တို့၏ ဒဏ်ရာကို ကြာရှည်ခံစားရပါက အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ အပါအဝင် ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်သည်။

စိတ်ဓာတ်ကျခြင်းကို အောင်မြင်စွာ ကုသနိုင်ပါက ကျန်းမာရေးအခြေအနေနှင့် ဘဝအရည်အချင်းတိုးတက်လာနိုင်သည်ဟု ကျွမ်း ကျင်သူများက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top