Kantharyar Centre
×

                                 ယခုပံုမွာ နမူနာပံုသာ ျဖစ္သည္။

မႏၲေလးၿမိဳ႕ ေအာင္ေျမ သာစံၿမိဳ႕နယ္တြင္ အိမ္ထဲဝင္၍ အသက္(၅၀) ႏွစ္အရြယ္ အမ်ိဳး  သမီးကို ဓားျဖင့္ထိုးကာ ေရႊထည္ ပစၥည္းမ်ားလုယူသူ အသက္(၂၀) ခန္႔ အမ်ိဳးသားႏွစ္ဦးကို နာရီပိုင္း အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း အမွတ္(၄)နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ စခန္းမွဴး ရဲအုပ္ျမတ္ေက်ာ္သူက ေျပာသည္။

စက္တင္ဘာ ၆ ရက္ နံနက္ ၁၁ နာရီခန္႔က အသက္(၅၀)အ ရြယ္ အမ်ိဳးသမီးေနအိမ္တြင္ တစ္ ဦးတည္းရွိေနစဥ္ ယခင္အလုပ္သ မားေဟာင္း တစ္ဦးႏွင့္ အျခားအမ်ိဳးသားတစ္ဦးက ဓားျဖင့္ထိုး၍ ပစၥည္းလုယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

‘‘အခုျဖစ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အလုပ္ခြင္မွာျဖစ္တဲ့ ျပႆနာလို႔ ယူဆတယ္။ အလုပ္တြင္း မေျပလည္မႈက စတယ္လို႔ ထင္ပါတယ္။ အလုပ္သမားက ရက္ ၂၀ မျပည့္ဘဲနဲ႔ ထြက္သြားတယ္။  အလုပ္ရွင္ကို အလုပ္သမားေပးစရာက်န္ေနခဲ့တယ္။ အလုပ္သမားက ပိုက္ဆံလာေပးတယ္ထင္ၿပီး တံခါးဖြင့္ေပးတာျဖစ္ဖို႔ မ်ားတယ္။ ပစၥည္းယူသြားတဲ့အပိုင္းကေတာ့ လည္ပင္းမွာ ဆြဲႀကိဳးဆြဲထားတာကို အလြယ္တကူ ေတြ႕ျမင္တဲ့အတြက္ ယူသြားတယ္လို႔ ယူဆတယ္။ ႏွစ္ေယာက္လံုးကို မိထားၿပီးပါၿပီ’’ ဟု ရဲအုပ္ျမတ္ေက်ာ္သူက ေျပာသည္။

ဓားျဖင့္ အထိုးခံရသူ အမ်ိဳးသမီး၏ ခင္ပြန္းသည္ ဂ်ပ္စကၠဴေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္သူျဖစ္ၿပီး ေငြအေပးအယူကိစၥႏွင့္ ပတ္သက္၍ ျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း အမ်ိဳးသမီး၏ ေမာင္ ဦးရဲဝင္းေအာင္က  ေျပာၾကားသည္။

‘‘အိမ္ကို ေကာင္ေလး ႏွစ္ ေယာက္က ပထမအႀကိမ္ လာ ေသးတယ္။ ဒုတိယအႀကိမ္ထပ္ လာၿပီးလုပ္တာ။ သူတို႔ဘက္က တံခါးလည္း ပိတ္ထားတယ္။ အန္တီက အိမ္ဘက္ကေန လွမ္းၾကည့္လိုက္တဲ့အခ်ိန္မွာ လွမ္းၿပီး အကူ အညီ ေတာင္းတယ္။ အန္တီ လည္း သားကိုေခၚၿပီး အဲဒီေကာင္ ေလးေတြကို လိုက္႐ိုက္ခိုင္းတာ။ ထြက္ေျပးသြားတယ္။ နားကို လည္း ဓားနဲ႔ျဖတ္တာ၊ ျပတ္ၿပီး ပါ မသြားဘူး’’ ဟု မ်က္ျမင္ေတြ႕ရွိခဲ့ သည့္ ေဒၚခ်ိဳခ်ိဳမာက ေျပာၾကားသည္။

ပစၥည္း လုယူသည့္ အမ်ိဳးသားႏွစ္ဦးသည္ ေနအိမ္မွ လမ္း၈၀ ေတာင္ဘက္အတိုင္း ထြက္ေျပးခဲ့ရာ လမ္း ၈၀၊ ၃၄ လမ္းအေရာက္တြင္ လိုက္ထရပ္ကားတစ္ စီးျဖင့္ တိုက္မိ၍ တစ္ဦးကို ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ၿပီး က်န္တစ္ဦး ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးမိခဲ့ေၾကာင္း အမွတ္(၈)နယ္ေျမရဲ တပ္ဖြဲ႕စခန္းမွ ဒုရဲမွဴးေက်ာ္သာဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်တွင် အိမ်ထဲဝင်၍ အသက်(၅၀) နှစ်အရွယ် အမျိုး  သမီးကို ဓားဖြင့်ထိုးကာ ရွှေထည် ပစ္စည်းများလုယူသူ အသက်(၂၀) ခန့် အမျိုးသားနှစ်ဦးကို နာရီပိုင်း အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၄)နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်မြတ်ကျော်သူက ပြောသည်။

စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီခန့်က အသက်(၅၀)အ ရွယ် အမျိုးသမီးနေအိမ်တွင် တစ် ဦးတည်းရှိနေစဉ် ယခင်အလုပ်သ မားဟောင်း တစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးက ဓားဖြင့်ထိုး၍ ပစ္စည်းလုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

‘‘အခုဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ခွင်မှာဖြစ်တဲ့ ပြဿနာလို့ ယူဆတယ်။ အလုပ်တွင်း မပြေလည်မှုက စတယ်လို့ ထင်ပါတယ်။ အလုပ်သမားက ရက် ၂၀ မပြည့်ဘဲနဲ့ ထွက်သွားတယ်။  အလုပ်ရှင်ကို အလုပ်သမားပေးစရာကျန်နေခဲ့တယ်။ အလုပ်သမားက ပိုက်ဆံလာပေးတယ်ထင်ပြီး တံခါးဖွင့်ပေးတာဖြစ်ဖို့ များတယ်။ ပစ္စည်းယူသွားတဲ့အပိုင်းကတော့ လည်ပင်းမှာ ဆွဲကြိုးဆွဲထားတာကို အလွယ်တကူ တွေ့မြင်တဲ့အတွက် ယူသွားတယ်လို့ ယူဆတယ်။ နှစ်ယောက်လုံးကို မိထားပြီးပါပြီ’’ ဟု ရဲအုပ်မြတ်ကျော်သူက ပြောသည်။

ဓားဖြင့် အထိုးခံရသူ အမျိုးသမီး၏ ခင်ပွန်းသည် ဂျပ်စက္ကူရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ငွေအပေးအယူကိစ္စနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း အမျိုးသမီး၏ မောင် ဦးရဲဝင်းအောင်က  ပြောကြားသည်။

‘‘အိမ်ကို ကောင်လေး နှစ် ယောက်က ပထမအကြိမ် လာ သေးတယ်။ ဒုတိယအကြိမ်ထပ် လာပြီးလုပ်တာ။ သူတို့ဘက်က တံခါးလည်း ပိတ်ထားတယ်။ အန်တီက အိမ်ဘက်ကနေ လှမ်းကြည့်လိုက်တဲ့အချိန်မှာ လှမ်းပြီး အကူ အညီ တောင်းတယ်။ အန်တီ လည်း သားကိုခေါ်ပြီး အဲဒီကောင် လေးတွေကို လိုက်ရိုက်ခိုင်းတာ။ ထွက်ပြေးသွားတယ်။ နားကို လည်း ဓားနဲ့ဖြတ်တာ၊ ပြတ်ပြီး ပါ မသွားဘူး’’ ဟု မျက်မြင်တွေ့ရှိခဲ့ သည့် ဒေါ်ချိုချိုမာက ပြောကြားသည်။

ပစ္စည်း လုယူသည့် အမျိုးသားနှစ်ဦးသည် နေအိမ်မှ လမ်း၈၀ တောင်ဘက်အတိုင်း ထွက်ပြေးခဲ့ရာ လမ်း ၈၀၊ ၃၄ လမ်းအရောက်တွင် လိုက်ထရပ်ကားတစ် စီးဖြင့် တိုက်မိ၍ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်တစ်ဦး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးမိခဲ့ကြောင်း အမှတ်(၈)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ ဒုရဲမှူးကျော်သာဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top