မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်
×

ခရမ်းချဉ်သီး


ပျားရည်နဲ့ကြက်ဥ



Credit: Momolay

Unicode Version
ကြည့်ရစိုးတဲ့ အမည်းစက်တွေဟာ မျက်နှာအဆီတွေရှိတဲ့ နေရာမှာ အဖြစ်များလေ့ရှိပါတယ်။ မျက်နှာပုံမှန်သန့်ရှင်းရေးမလုပ်ခြင်း၊ အဆီတွေများခြင်းနဲ့ ဆဲလ်သေတွေရှိနေခြင်းက အမည်းစက်တွေကို ဖြစ်ပေါ်စေပါတယ်။ အမည်းစက်တွေဟာ ညှစ်တဲ့အချိန်မှာ အဆံလေးတွေ ထွက်လာပေမယ့် လုံးဝအရှင်းမပျောက်ကင်းပါဘူး။ နှစ်ရက်လောက်နေရင် ပြန်ထွက်လာပါတယ်။ ဒါ့ကြောင့် နှာခေါင်းပေါ်က အမည်းစက်တွေ လုံးဝပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခရမ်းချဉ်သီး


ခရမ်းချဉ်သီးကို အပါးအချပ်လေးတွေ လှီးပြီး ညအိပ်ရာမဝင်ခင် အမည်းစက်တွေရှိတဲ့ နှာခေါင်းမှာ ကပ်ပေးထားပါ။ မနက်အိပ်ရာနိုးတဲ့အချိန်မှာ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ရက်တိုတိုအတွင်း အမည်းစက်တွေ ကင်းဝေးစေပါတယ်။
ပျားရည်နဲ့ကြက်ဥ


ကြက်ဥတစ်လုံးနဲ့ ပျားရည်အနည်းငယ်ကို ရောစပ်ပြီး နှာခေါင်းတဝိုက် အမည်းစက်တွေပေါ်မှာ လိမ်းပေးပါ။ နာရီဝက်ကြာအောင် ထားပေးပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ ဒါဆိုရင်တော့ အမည်းစက်တွေ မကြာခင် ပျောက်ကင်းသွားမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Momolay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top