Property Expo
×

သင့္ကိုခ်စ္တဲ့ မိသားစု၀င္ေတြ၊ အရင္းႏွီးဆံုး သူငယ္ခ်င္းနဲ႕ မိတ္ေဆြေတြဆီ သင္သြားျဖစ္ခဲ့တဲ့ ေနာက္ဆံုးအခ်ိန္က ဘယ္တုန္က မ်ားလဲ။ အေသအခ်ာ ျပန္ေမးရရင္ စာေတြပို႕တဲ့အခ်ိန္၊ ေဖ့စ္ဘြတ္ခ္လိုေနရာမ်ိဳးမွာ ပို႕စ္ေတြလုုပ္တာမ်ိဳး မဟုတ္ပဲ သူတို႕ဆီကို သင္ကိုယ္တုိင္အေရာက္သြားျပီး စကားေတြေျပာ၊ သတင္းေကာင္းေတြ ေ၀မ်ွတဲ့အခ်ိန္မ်ိဳးကို ေျပာတာပါ။

နည္းပညာေတြ တုိးတက္လာတာနဲ႔အမ်ွ သင္ဟာ သင့္ခ်စ္တဲ့သူေတြကို မ်က္ႏွာခ်င္းဆုိင္ဖုိ႕ အခ်ိန္နည္းနည္းလာပါျပီ။ ခုေနာက္ပိုင္းဆုိ တစ္ဦးနဲ႕တစ္ဦး ေတြ႕ျဖစ္ၾကဖုိ႕ မေျပာနဲ႕ ဖုန္းေတာင္ ဆက္ျဖစ္ခ်င္မွ ဆက္ျဖစ္ပါေတာ့တယ္။ ဒီအခ်က္နဲ႕ ပတ္သက္ျပီး ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကရာက အေျဖတစ္ခ်ိဳ႕ရရွိခဲ့ပါတယ္။

အဲ့ဒါကေတာ့ ကိုယ္ခ်စ္ရတဲ့လူေတြရဲ႕ ၃၀ရာခုိင္ႏႈန္းဟာ သူတုိ႕ဆီ လူကိုယ္တိုင္ မထင္မွတ္ပဲေရာက္လာျပီး suprise လုပ္တာကို သေဘာက်ၾကတယ္ဆုိတာပါပဲ။ အဲ့ဒီအထဲကမွ ၁၂ရာခုိင္ႏႈန္းက သူတုိ႕ဆီကို စာတုိေလးေတြ sms ပို႕တာ သေဘာက်ၾကျပီး ၃ရာခုိင္ႏႈန္းကေတာ့ ဆုိရွယ္မီဒီယာမွာ သူတုိ႕နဲ႕ပတ္သက္ျပီး တစ္ခုခု ပို႕စ္လုပ္တာကို သေဘာက်ၾကပါတယ္တဲ့။ ဒီေတာ့ အားလံုးကို ဆက္စပ္ၾကည့္မယ္ဆုိရင္ ၈၅ရာခုိင္ႏႈန္းေသာလူေတြဟာ သူတုိ႕ခ်စ္ခင္ရသူေတြ သူတုိ႕ဆီ ကိုယ္တုိင္လာေရာက္ေတြ႕ဆံုတာကို ႏွစ္ျခိဳက္ၾကတာပါ။

ေနာက္ထပ္ေလ့လာမႈတစ္ခုကို အေျဖထုတ္ၾကည့္တဲ့အခါမွာေတာ့ ၀မ္းသာစရာကိစၥနဲ႕ပတ္သက္ျပီး ၂၆ရာခုိင္ႏႈန္းေသာသူေတြဟာ သတင္းေကာင္းတစ္ခုခုကို ေ၀မ်ွဖုိ႕အတြက္ သူတုိ႕ဆီလာတတ္တာမ်ိဳးကို ေက်နပ္ေပ်ာ္ရႊင္ၾကပါတယ္။ ၅၁ရာခုိင္ႏႈန္းကေတာ့ သူတုိ႕ဆီကို ဖုန္းဆက္ျပီး သတင္းေကာင္း ေျပာျပတာမ်ိဳးကို သေဘာက်ၾကပါတယ္တဲ့။ ေနာက္ထပ္ ၂၂ရာခုိင္ႏႈန္းေသာသူေတြကေတာ့ သူတုိ႕ကို ဆုိရွယ္မီဒီယာကတစ္ဆင့္ စာတုိေလးေတြ ပို႕တာ၊ chat တာမ်ိဳးကို သေဘာက်ၾကပါတယ္။

ဒါ့အျပင္ ၀မ္းနည္းစရာကိစၥတစ္ခုခုနဲ႕ပတ္သက္ရင္ေတာ့ ၅၂ရာခုိင္ႏႈန္းေသာလူေတြဟာ တစ္ဦးနဲ႕တစ္ဦး မ်က္ႏွာခ်င္းဆုိင္ေတြ႕ျပီး ႏွစ္သိမ့္ေပးခ်င္တတ္ၾကပါတယ္။ ၃၇ရာခုိင္ႏႈန္းကေတာ့ ဖုန္းဆက္ျပီး အေျခအေနေတြေမးတာ၊ ႏွစ္သိမ့္ေပးခ်င္ပါတယ္လုိ႕ ဆုိထားၾကျပီး ၁၁ရာခုိင္ႏႈန္းကေတာ့ စာတုိ႕ပို႕ျပီး ေမးျမန္းတာမ်ိဳး လုပ္ခ်င္ပါတယ္တဲ့။ 

ဒါေတြအားလံုးကို ျခံဳငံုသံုးသပ္ရရင္ျဖင့္ သင့္ေဘးနားက သင့္ကိုခ်စ္ခင္ရသူေတြဟာ သင္နဲ႕မ်က္ႏွာခ်င္းဆုိင္ေတြ႕ျပီး စကားေျပာရတာ၊ သတင္းေကာင္းေတြ ေ၀မွ်ရတာ၊ သတင္းဆုိးရွိရင္လည္း သင့္ေဘးနားမွာ သင့္ကို ႏွစ္သိမ့္ေပးခ်င္တတ္ၾကတာမ်ိဳး ဆိုတာ ထင္ရွားပါတယ္။ ဒီေတာ့ ဘယ္ေလာက္ပဲ ေခတ္မီတုိးတက္ပါေစ၊ တကယ္တန္ဖုိးထားရတဲ့ ဆက္ဆံေရးတစ္ခုကို ေရရွည္တည္တံ့ေစဖုိ႕ သင့္ဘက္က တတ္ႏိုင္သေလာက္ၾကိဳးစားျပီး တည္ေဆာက္သြားဖုိ႕ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

သင့်ကိုချစ်တဲ့ မိသားစုဝင်တွေ၊ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ မိတ်ဆွေတွေဆီ သင်သွားဖြစ်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်တုန်က များလဲ။ အသေအချာ ပြန်မေးရရင် စာတွေပို့တဲ့အချိန်၊ ဖေ့စ်ဘွတ်ခ်လိုနေရာမျိုးမှာ ပို့စ်တွေလုုပ်တာမျိုး မဟုတ်ပဲ သူတို့ဆီကို သင်ကိုယ်တိုင်အရောက်သွားပြီး စကားတွေပြော၊ သတင်းကောင်းတွေ ဝေမျှတဲ့အချိန်မျိုးကို ပြောတာပါ။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သင်ဟာ သင့်ချစ်တဲ့သူတွေကို မျက်နှာချင်းဆိုင်ဖို့ အချိန်နည်းနည်းလာပါပြီ။ ခုနောက်ပိုင်းဆို တစ်ဦးနဲ့တစ်ဦး တွေ့ဖြစ်ကြဖို့ မပြောနဲ့ ဖုန်းတောင် ဆက်ဖြစ်ချင်မှ ဆက်ဖြစ်ပါတော့တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ကြရာက အဖြေတစ်ချို့ရရှိခဲ့ပါတယ်။

အဲ့ဒါကတော့ ကိုယ်ချစ်ရတဲ့လူတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ သူတို့ဆီ လူကိုယ်တိုင် မထင်မှတ်ပဲရောက်လာပြီး suprise လုပ်တာကို သဘောကျကြတယ်ဆိုတာပါပဲ။ အဲ့ဒီအထဲကမှ ၁၂ရာခိုင်နှုန်းက သူတို့ဆီကို စာတိုလေးတွေ sms ပို့တာ သဘောကျကြပြီး ၃ရာခိုင်နှုန်းကတော့ ဆိုရှယ်မီဒီယာမှာ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခု ပို့စ်လုပ်တာကို သဘောကျကြပါတယ်တဲ့။ ဒီတော့ အားလုံးကို ဆက်စပ်ကြည့်မယ်ဆိုရင် ၈၅ရာခိုင်နှုန်းသောလူတွေဟာ သူတို့ချစ်ခင်ရသူတွေ သူတို့ဆီ ကိုယ်တိုင်လာရောက်တွေ့ဆုံတာကို နှစ်ခြိုက်ကြတာပါ။

နောက်ထပ်လေ့လာမှုတစ်ခုကို အဖြေထုတ်ကြည့်တဲ့အခါမှာတော့ ဝမ်းသာစရာကိစ္စနဲ့ပတ်သက်ပြီး ၂၆ရာခိုင်နှုန်းသောသူတွေဟာ သတင်းကောင်းတစ်ခုခုကို ဝေမျှဖို့အတွက် သူတို့ဆီလာတတ်တာမျိုးကို ကျေနပ်ပျော်ရွှင်ကြပါတယ်။ ၅၁ရာခိုင်နှုန်းကတော့ သူတို့ဆီကို ဖုန်းဆက်ပြီး သတင်းကောင်း ပြောပြတာမျိုးကို သဘောကျကြပါတယ်တဲ့။ နောက်ထပ် ၂၂ရာခိုင်နှုန်းသောသူတွေကတော့ သူတို့ကို ဆိုရှယ်မီဒီယာကတစ်ဆင့် စာတိုလေးတွေ ပို့တာ၊ chat တာမျိုးကို သဘောကျကြပါတယ်။

ဒါ့အပြင် ဝမ်းနည်းစရာကိစ္စတစ်ခုခုနဲ့ပတ်သက်ရင်တော့ ၅၂ရာခိုင်နှုန်းသောလူတွေဟာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်တွေ့ပြီး နှစ်သိမ့်ပေးချင်တတ်ကြပါတယ်။ ၃၇ရာခိုင်နှုန်းကတော့ ဖုန်းဆက်ပြီး အခြေအနေတွေမေးတာ၊ နှစ်သိမ့်ပေးချင်ပါတယ်လို့ ဆိုထားကြပြီး ၁၁ရာခိုင်နှုန်းကတော့ စာတို့ပို့ပြီး မေးမြန်းတာမျိုး လုပ်ချင်ပါတယ်တဲ့။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရရင်ဖြင့် သင့်ဘေးနားက သင့်ကိုချစ်ခင်ရသူတွေဟာ သင်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောရတာ၊ သတင်းကောင်းတွေ ဝေမျှရတာ၊ သတင်းဆိုးရှိရင်လည်း သင့်ဘေးနားမှာ သင့်ကို နှစ်သိမ့်ပေးချင်တတ်ကြတာမျိုး ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ခေတ်မီတိုးတက်ပါစေ၊ တကယ်တန်ဖိုးထားရတဲ့ ဆက်ဆံရေးတစ်ခုကို ရေရှည်တည်တံ့စေဖို့ သင့်ဘက်က တတ်နိုင်သလောက်ကြိုးစားပြီး တည်ဆောက်သွားဖို့ လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top