Kantharyar Centre
×

ထိုင္းနိုင္ငံ ပရက်င္ဘူရီက အသက္ (၁၃) ႏွစ္အရြယ္ အလယ္တန္းေက်ာင္းသူ ဟာ ေဆးရံုတက္ေနတဲ့ သူငယ္ခ်င္းအနားမွာ အေဖၚလာ ေစာင့္ေပးေနတာ ကို ေဆးရံုညေစာင့္က ညပိုင္းအိပ္မရရင္ သူ ့အခန္းမွာ အိပ္ နိုင္ အနားယူနိုင္ တယ္လို ့ကမ္းလွမ္း ေျပာတာကို ယံုၾကည္ခဲ့ျပီး ကိုယ္လက္သန္ ့ စင္ဘို ့ ညေစာင့္အခန္းကို ည(၉)နာရီမွာ လိုက္သြား ခဲ့ပါ တယ္။



ညေစာင့္က သူမ အခန္းထဲေရာက္တာနဲ ့ ပါးစပ္ပိတ္ျပီး အတင္းအဓမၼ က်င့္ဘို ့ ၾကိဳးစားခဲ့လို ့ညေစာင့္လက္ကို ကိုက္ျပီး နေဘးခန္းကလူေတြကို ေအာ္ဟစ္ အကူညီ ေတာင္းခဲ့ရပါတယ္။
ညေစာင့္ဟာ အနီးခန္းကလူေတြေရာက္လာလို ့ ထြက္ေျပး သြားခဲ့ပါတယ္။
ရဲစခန္း ကို ဖုန္းဆက္တိုင္ၾကား ခဲ့ျပီး ရဲကားနဲ ့ အမႈ ့ဖြင့္ ဘို ့ မိန္းခေလးကို လာေရာက္ ေခၚေဆာင္ခဲ့တဲ့ အခ်ိန္ဟာ ည(၁) နာရီေက်ာ္ေနျပီ ျဖစ္ပါတယ္။


ရဲစခန္းမွာ စစ္ေဆးျပီးတဲ့ေနာက္ မနက္(၂)နာရီထိုးေနလို ့ရဲစခန္းက မနက္ပိုင္းေရာက္မွ မိဘေတြ လက္ထဲ မိန္းေလးကိုျပန္အပ္မယ္၊ ေလာေလာ ဆယ္ ရဲတပ္ၾကပ္ၾကီး အခန္းမွာ ခဏေနထိုင္ဘို ့ ေနရာေပးခဲ့ပါတယ္။
ရဲတပ္ၾကပ္ၾကီးက သူတာ၀န္ခ်ိန္ကင္းလွည့္ရမွာေၾကာင့္ မိန္းခေလးကို သူ ့အခန္းမွာ အနားယူခိုင္းပါတယ္။ သူမကို ေဆးေလးလံုးေပးတိုက္ျပီး ေပ်ာ္ေအာင္အိပ္ဘို ့မွာေနတာကို ဘာေဆးေတြမွန္းမသိလို ့ မိန္းခေလးက မေသာက္ဘဲ အိပ္ခဲ့ပါတယ္။

တကယ္ေတာ့ ရဲဟာ ေကာင္မေလးကို အိပ္ေဆးေတြ ေပးတိုက္တာပါ။
ရဲက ေကာင္မေလး အိပ္ျပီအထင္နဲ ့ အခန္းထဲ ျပန္၀င္လာတယ္၊ သူမ တကိုယ္လံုး အ၀တ္ေတြ ခၽြတ္ျပီး မုဒိန္းက်င္ဘို ့ ၾကိဳးစားေနတာကို မိန္းခေလးက အတင္းရုန္ကန္ျပီး ထြက္ေျပးခဲ့ရျပန္ပါတယ္ ။

ေနာက္တေန ့မနက္မွာ ထိုင္းေက်ာင္းသူဟာ ရဲစခန္းတခုမွာ မိဘေတြနဲ ့ အတူ အမႈထပ္ဖြင့္ ခဲ့ရပါတယ္။ ေဆးရံုညေစာင့္ကိုေတာ့ ဖမ္းမိခဲ့ျပီး ဒုတိယ မုဒိန္း တရာခံ ရဲတပ္ၾကပ္ၾကီးကေတာ့ အလုပ္မဆင္းေတာ့ဘဲ ထြက္ေျပးသြား ခဲ့ေၾကာင္း သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Social Action for Women - SAW

#Unicode Version
ထိုင်းနိုင်ငံ ပရကျင်ဘူရီက အသက် (၁၃) နှစ်အရွယ် အလယ်တန်းကျောင်းသူ ဟာ ဆေးရုံတက်နေတဲ့ သူငယ်ချင်းအနားမှာ အဖေါ်လာ စောင့်ပေးနေတာ ကို ဆေးရုံညစောင့်က ညပိုင်းအိပ်မရရင် သူ့အခန်းမှာ အိပ် နိုင် အနားယူနိုင် တယ်လို့ကမ်းလှမ်း ပြောတာကို ယုံကြည်ခဲ့ပြီး ကိုယ်လက်သန့် စင်ဘို့ ညစောင့်အခန်းကို ည(၉)နာရီမှာ လိုက်သွား ခဲ့ပါ တယ်။


ညစောင့်က သူမ အခန်းထဲရောက်တာနဲ့ ပါးစပ်ပိတ်ပြီး အတင်းအဓမ္မ ကျင့်ဘို့ ကြိုးစားခဲ့လို့ညစောင့်လက်ကို ကိုက်ပြီး နဘေးခန်းကလူတွေကို အော်ဟစ် အကူညီ တောင်းခဲ့ရပါတယ်။
ညစောင့်ဟာ အနီးခန်းကလူတွေရောက်လာလို့ ထွက်ပြေး သွားခဲ့ပါတယ်။
ရဲစခန်း ကို ဖုန်းဆက်တိုင်ကြား ခဲ့ပြီး ရဲကားနဲ့ အမှု့ဖွင့် ဘို့ မိန်းခလေးကို လာရောက် ခေါ်ဆောင်ခဲ့တဲ့ အချိန်ဟာ ည(၁) နာရီကျော်နေပြီ ဖြစ်ပါတယ်။


ရဲစခန်းမှာ စစ်ဆေးပြီးတဲ့နောက် မနက်(၂)နာရီထိုးနေလို့ရဲစခန်းက မနက်ပိုင်းရောက်မှ မိဘတွေ လက်ထဲ မိန်းလေးကိုပြန်အပ်မယ်၊ လောလော ဆယ် ရဲတပ်ကြပ်ကြီး အခန်းမှာ ခဏနေထိုင်ဘို့ နေရာပေးခဲ့ပါတယ်။
ရဲတပ်ကြပ်ကြီးက သူတာဝန်ချိန်ကင်းလှည့်ရမှာကြောင့် မိန်းခလေးကို သူ့အခန်းမှာ အနားယူခိုင်းပါတယ်။ သူမကို ဆေးလေးလုံးပေးတိုက်ပြီး ပျော်အောင်အိပ်ဘို့မှာနေတာကို ဘာဆေးတွေမှန်းမသိလို့ မိန်းခလေးက မသောက်ဘဲ အိပ်ခဲ့ပါတယ်။

တကယ်တော့ ရဲဟာ ကောင်မလေးကို အိပ်ဆေးတွေ ပေးတိုက်တာပါ။
ရဲက ကောင်မလေး အိပ်ပြီအထင်နဲ့ အခန်းထဲ ပြန်ဝင်လာတယ်၊ သူမ တကိုယ်လုံး အဝတ်တွေ ချွတ်ပြီး မုဒိန်းကျင်ဘို့ ကြိုးစားနေတာကို မိန်းခလေးက အတင်းရုန်ကန်ပြီး ထွက်ပြေးခဲ့ရပြန်ပါတယ် ။

နောက်တနေ့မနက်မှာ ထိုင်းကျောင်းသူဟာ ရဲစခန်းတခုမှာ မိဘတွေနဲ့ အတူ အမှုထပ်ဖွင့် ခဲ့ရပါတယ်။ ဆေးရုံညစောင့်ကိုတော့ ဖမ်းမိခဲ့ပြီး ဒုတိယ မုဒိန်း တရာခံ ရဲတပ်ကြပ်ကြီးကတော့ အလုပ်မဆင်းတော့ဘဲ ထွက်ပြေးသွား ခဲ့ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Social Action for Women - SAW 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top