Property Expo
×

စက္တင္ဘာ ၁၃ ရက္ နံနက္အေစာပိုင္းက ေလာင္စာဆီမ်ား တင္ေဆာင္လာသည့္ ေလယာဉ္သည္ ပါပူအာရွိ ဝါမီနာ ေလဆိပ္သို႔ အဆင္းတြင္ ေျပးလမ္းမွ ေခ်ာ္ထြက္သြားျခင္း ျဖစ္သည္။ အဆုိပါ ေလယာဉ္ကို Trigana ေလေၾကာင္းဝန္ေဆာင္မႈ ကုမၸဏီက ပိုင္ဆိုင္သည္။

“အသက္ဆံုး႐ံႈးမႈေတာ့ မရွိပါဘူး။ ၿပီးေတာ့ တင္ေဆာင္လာတဲ့ ေလာင္စာဆီေတြလည္း ေဘးကင္းပါတယ္”ဟု ေလဆိပ္ တာဝန္ရွိသူ တစ္ဦးက ဆိုသည္။ အဆိုပါ ေလယာဉ္သည္ ပါပူအာရွိ ဆန္တာနီ ေလဆိပ္မွ စတင္ပ်ံတက္လာျခင္း ျဖစ္သည္။

ဝါမီနာ ေလဆိပ္သို႔ အဆင္းတြင္ ေလယာဉ္မွာ ဟန္ခ်က္ပ်က္ၿပီး ေျပးလမ္း ၃၃ ေပၚထိ ေခ်ာ္ထြက္သြားခဲ့သည္။ ေလယာဉ္ ရပ္တန္႔သြားသည့္ ေနရာသည္ မူလဆင္းရန္ သတ္မွတ္ေနရာမွ ၂ ကီလုိမီတာမွ် ကြာေဝးသည္။

ေလယာဉ္မွဴး၊ တြဲဖက္ေလယာဉ္မွဴးႏွင့္ အဖဲြဲ႕သားမ်ားက ေလယာဉ္ကို စြန္႔ခြာႏုိင္ခဲ့ၿပီးေနာက္ အသင့္ေစာင့္ေနသည့္ မီးသတ္တပ္ဖြဲ႕က စတင္ေလာင္ကၽြမ္းစ ျပဳေနသည့္မီးကို အလ်င္အျမန္ ၿငႇိမ္းသတ္ႏိုင္ခဲ့ၾကသည္။ ေလယာဉ္၏ ဘယ္ဘက္အင္ဂ်င္မွာ ဆိုးဆိုးရြားရြား မီးေလာင္ပ်က္စီးသြားသည္။

ေလယာဉ္ေပၚတြင္ ေလာင္စာဆီ၊ ဆန္ႏွင့္ သၾကား ၁၄ တန္မွ် တင္ေဆာင္လာၿပီး ကံေကာင္းေထာက္မစြာျဖင့္ မီးမကူးခဲ့ေခ်။ ေလယာဉ္ေပၚမွ ေလာင္စာဆီမ်ားကို အျခား ကုန္တင္ေလယာဉ္ တစ္စီးထံ အျမန္ဆံုး ေျပာင္းေ႐ႊ႕ေပးခဲ့ရေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက လောင်စာဆီများ တင်ဆောင်လာသည့် လေယာဉ်သည် ပါပူအာရှိ ဝါမီနာ လေဆိပ်သို့ အဆင်းတွင် ပြေးလမ်းမှ ချော်ထွက်သွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ကို Trigana လေကြောင်းဝန်ဆောင်မှု ကုမ္ပဏီက ပိုင်ဆိုင်သည်။

“အသက်ဆုံးရှုံးမှုတော့ မရှိပါဘူး။ ပြီးတော့ တင်ဆောင်လာတဲ့ လောင်စာဆီတွေလည်း ဘေးကင်းပါတယ်”ဟု လေဆိပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါ လေယာဉ်သည် ပါပူအာရှိ ဆန်တာနီ လေဆိပ်မှ စတင်ပျံတက်လာခြင်း ဖြစ်သည်။

ဝါမီနာ လေဆိပ်သို့ အဆင်းတွင် လေယာဉ်မှာ ဟန်ချက်ပျက်ပြီး ပြေးလမ်း ၃၃ ပေါ်ထိ ချော်ထွက်သွားခဲ့သည်။ လေယာဉ် ရပ်တန့်သွားသည့် နေရာသည် မူလဆင်းရန် သတ်မှတ်နေရာမှ ၂ ကီလိုမီတာမျှ ကွာဝေးသည်။

လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနှင့် အဖွဲ့သားများက လေယာဉ်ကို စွန့်ခွာနိုင်ခဲ့ပြီးနောက် အသင့်စောင့်နေသည့် မီးသတ်တပ်ဖွဲ့က စတင်လောင်ကျွမ်းစ ပြုနေသည့်မီးကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့ကြသည်။ လေယာဉ်၏ ဘယ်ဘက်အင်ဂျင်မှာ ဆိုးဆိုးရွားရွား မီးလောင်ပျက်စီးသွားသည်။

လေယာဉ်ပေါ်တွင် လောင်စာဆီ၊ ဆန်နှင့် သကြား ၁၄ တန်မျှ တင်ဆောင်လာပြီး ကံကောင်းထောက်မစွာဖြင့် မီးမကူးခဲ့ချေ။ လေယာဉ်ပေါ်မှ လောင်စာဆီများကို အခြား ကုန်တင်လေယာဉ် တစ်စီးထံ အမြန်ဆုံး ပြောင်းရွှေ့ပေးခဲ့ရကြောင်းလည်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top