Property Expo
×


ဆရာေတာ္ ဦးဥတၱမေန႔အား အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးရန္ ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၀င္ ရခိုင္တိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာသည္။

စက္တင္ဘာလ (၇) ရက္ေန႔က ေရႊတိဂံုဘုရားအေရွ႕ဖက္ မုဒ္ရိွ ရခိုင္ဓမၼာရံုတြင္ ျပဳလုပ္သည့္  (၇၇)ႏွစ္ေျမာက္ ဆရာ ေတာ္ ဦးဥတၱမေန႔အခမ္းအနား က်င္းပမည့္အစီအစဥ္ႏွင့္ ပတ္သက္၍ ရွင္းလင္းသည့္ သတင္းစာရွင္းလင္းပြဲတြင္ ၀န္ႀကီး က ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

"ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ဦးဥတၱမေန႔ဟာ ရခိုင္တိုင္းရင္းသား တစ္မ်ိဳးတည္းသာ မကဘဲနဲ႔ တစ္ႏိုင္ငံလံုးရဲ႕ ေက်း ဇူးရွင္ ပုဂၢိဳလ္ ျဖစ္တယ္။ အာရွတိုက္တစ္၀န္းလံုးရဲ႕ ေက်းဇူးရွင္ ပုဂၢိဳလ္လည္း   ျဖစ္တဲ့အတြက္ တစ္ႏိုင္ငံလံုး အတိုင္းအ တာနဲ႔ အစိုးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးဖို႔ကို တေျဖးေျဖး တဆင့္ၿပီး တဆင့္ေတာင္းဆိုသြားမွာ ျဖစ္ပါတယ္"ဟု ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာသည္။

ဆရာေတာ္ ဦးဥတၱမသည္ ျမန္မာႏိုင္ငံအား ကိုလိုနီလက္ေအာက္ခံႏိုင္ငံအျဖစ္မွ လြတ္ေျမာက္ႏိုင္ရန္အတြက္ လြတ္လပ္ ေရးရရိွရန္ ႀကိဳးပမ္းေဆာင္ရြက္ခဲ့သည့္ နယ္ခ်ဲ႕ဆန္႔က်င္ေရး ဆရာေတာ္တစ္ပါး ျဖစ္ၿပီး ၁၉၃၉ခုႏွစ္ စက္တင္ဘာလ ၉ ရက္ ေန႔တြင္ ပ်ံလြန္ေတာ္မူခဲ့ျခင္း ျဖစ္သည္။

ဆရာေတာ္ ဦးဥတၱမေန႔အား တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ အစိုးရ ရံုးပိတ္ရက္ အျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆိုရာ တြင္ အရပ္ဖက္အဖြဲ႔အစည္းမ်ားအေနျဖင့္ ေတာင္းဆိုသြားမည့္အျပင္ လႊတ္ေတာ္တြင္လည္းတင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

" ဦးတို႔ကေတာ့ တင္ျပ ေတာင္းဆိုတဲ့နည္းနဲ႔သြားမယ္။ တစ္နည္းအားျဖင့္ ဦးတို႔ ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီးက တ ဆင့္ အရပ္ဖက္အဖြဲ႔အစည္းေတြ ပူးေပါင္းၿပီးေတာ့ ေတာင္းဆိုတင္ျပမႈနဲ႔ သြားမယ္။ ေနာက္တစ္ခါ လႊတ္ေတာ္ မွာ လည္း ရခိုင္ လႊတ္ေတာ္အမတ္ေတြရိွတယ္။ လႊတ္ေတာ္အမတ္ေတြထဲမွာလည္း ဆရာေတာ္ ဦးဥတၱမကို ၾကည္ညိဳ ေလးစား တဲ့ အမတ္ေတြအမ်ားႀကီးပဲ။အဲဒီ ပုဂၢိဳလ္ေတြကေန ေတာင္းဆိုလာလိမ့္မယ္" ဟု ဆရာေတာ္ ဦးဥတၱမေန႔ အခမ္းအနားက်င္း ပေရး ဗဟိုေကာ္မတီ ဥကၠ႒ ဦးေဖသိန္းက ေျပာသည္။

(၇၇) ႏွစ္ေျမာက္ ဆရာေတာ္ဦးဥတၱမေန႔ အခမ္းအနားကို စက္တင္ဘာလ ၉ ရက္ေန႔တြင္ အစီအစဥ္ ၂ရပ္ျဖင့္ က်င္းပ သြားမည္ ျဖစ္ၿပီး ရခိုင္ဓမၼာရံုတြင္ ဆရာေတာ္ သံဃာေတာ္ ၂၇ပါးအား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းသြားမည္ ျဖစ္ၿပီး ေန႔ လည္ ၁နာရီတြင္ ဦးဥတၱမ ပန္းၿခံ(ယခင္ ကန္ေတာ္ မဂၤလာပန္းၿခံ)တြင္ ဦးဥတၱမေန႔အခမ္းအနားျဖင့္ ဆရာေတာ္အား လြမ္းသူ႔ပန္းေခြခ်ျခင္း၊ ဆရာေတာ္၏ အတၳုဳပတၱိမ်ား ေဟာေျပာျခင္း၊ ရခိုင္ရိုးရာ အကမ်ားျဖင့္ ေဖ်ာ္ေျဖျခင္း၊ ဆရာေတာ္ အား ဂုဏ္ျပဳစပ္ဆိုထားသည့္ ရခိုင္ေတးသီျခင္းမ်ားျဖင့္ ေဖ်ာ္ေျဖျခင္းတို႔ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ရခိုင္တိုင္းရင္း သားေရးရာ ၀န္ႀကီး၏ ေျပာၾကားခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ဆရာတော် ဦးဥတ္တမနေ့အား အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

စက်တင်ဘာလ (၇) ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဖက် မုဒ်ရှိ ရခိုင်ဓမ္မာရုံတွင် ပြုလုပ်သည့်  (၇၇)နှစ်မြောက် ဆရာ တော် ဦးဥတ္တမနေ့အခမ်းအနား ကျင်းပမည့်အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဦးဥတ္တမနေ့ဟာ ရခိုင်တိုင်းရင်းသား တစ်မျိုးတည်းသာ မကဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ ကျေး ဇူးရှင် ပုဂ္ဂိုလ် ဖြစ်တယ်။ အာရှတိုက်တစ်ဝန်းလုံးရဲ့ ကျေးဇူးရှင် ပုဂ္ဂိုလ်လည်း   ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ကို တဖြေးဖြေး တဆင့်ပြီး တဆင့်တောင်းဆိုသွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံအား ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်ရန်အတွက် လွတ်လပ် ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ဆရာတော်တစ်ပါး ဖြစ်ပြီး ၁၉၃၉ခုနှစ် စက်တင်ဘာလ ၉ ရက် နေ့တွင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဆရာတော် ဦးဥတ္တမနေ့အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရ ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုရာ တွင် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် တောင်းဆိုသွားမည့်အပြင် လွှတ်တော်တွင်လည်းတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

" ဦးတို့ကတော့ တင်ပြ တောင်းဆိုတဲ့နည်းနဲ့သွားမယ်။ တစ်နည်းအားဖြင့် ဦးတို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တ ဆင့် အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ တောင်းဆိုတင်ပြမှုနဲ့ သွားမယ်။ နောက်တစ်ခါ လွှတ်တော် မှာ လည်း ရခိုင် လွှတ်တော်အမတ်တွေရှိတယ်။ လွှတ်တော်အမတ်တွေထဲမှာလည်း ဆရာတော် ဦးဥတ္တမကို ကြည်ညို လေးစား တဲ့ အမတ်တွေအများကြီးပဲ။အဲဒီ ပုဂ္ဂိုလ်တွေကနေ တောင်းဆိုလာလိမ့်မယ်" ဟု ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကျင်း ပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။

(၇၇) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် အစီအစဉ် ၂ရပ်ဖြင့် ကျင်းပ သွားမည် ဖြစ်ပြီး ရခိုင်ဓမ္မာရုံတွင် ဆရာတော် သံဃာတော် ၂၇ပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ပြီး နေ့ လည် ၁နာရီတွင် ဦးဥတ္တမ ပန်းခြံ(ယခင် ကန်တော် မင်္ဂလာပန်းခြံ)တွင် ဦးဥတ္တမနေ့အခမ်းအနားဖြင့် ဆရာတော်အား လွမ်းသူ့ပန်းခွေချခြင်း၊ ဆရာတော်၏ အတ္ထုုပတ္တိများ ဟောပြောခြင်း၊ ရခိုင်ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်း၊ ဆရာတော် အား ဂုဏ်ပြုစပ်ဆိုထားသည့် ရခိုင်တေးသီခြင်းများဖြင့် ဖျော်ဖြေခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top