Property Expo
×

ကမၻာတစ္ဝွမ္းမွာ ၁၀ စကၠန္႔တိုင္း ကေလးငယ္ တစ္ေယာက္ႏွုန္း အနိုင္က်င့္ခံေနရသလို တစ္ႏွစ္မွာ ေလးေယာက္ႏွုန္း အသက္ဆုံးရွုံးေနရပါတယ္ ။ ကေလး ငယ္ေတြဟာ နည္းမ်ိဳးစုံနဲ႔ အနိင္က်င့္ ႏွိပ္စက္တာ ခံေနရပါတယ္ ။ တခါတေလ မွာ မိမိတို႔ လုပ္ရပ္ေတြကို သတိမထားမိလိုက္ေပမယ့္ ငယ္ရြယ္တဲ့ ကေလးေတြ စိတ္ထဲမွာ ျပင္းထန္တဲ့ စိတ္ဒဏ္ရာ ရရွိသြားနိုင္ပါတယ္ ။ ကေလးငယ္ေတြကို ႏွိပ္စက္ျခင္း ဆိုတဲ့ အရာကို အၾကမ္းဖ်င္း (၄) မ်ိဳးခြဲထားပါတယ္ ။

(၁) ကိုယ္ထိ လက္ေရာက္ ႏွိပ္စက္ျခင္း (Physical Abuse)
ကေလးငယ္ေတြကို ရိုက္တယ္ ။ အလုပ္ေတြ အမ်ားႀကီး မေတာ္ မတန္ အလုပ္ေတြ ခိုင္းတာ ။ ကိုယ္ခႏၶာ အေပၚအနာတရ ရေအာင္ လုပ္တာမ်ိဳး ပါ ။

(၂) လစ္လၽွဴရွုျခင္း (Neglect Abuse)
တခါတေလ စိတ္ေတြပ်က္လာတဲ့ အခ်ိန္မ်ိဳးမွာဆို ကေလး ကို အဖက္ မလုပ္ေတာ့ပဲ လစ္လၽွဴရွု လိုက္တာမ်ိဳးပါ ။ အႏုနည္းနဲ႔ ႏွိပ္စက္တဲ့ နည္းပါပဲ ။

(၃) စိတ္ပိုင္း ဆိုင္ရာ ႏွိပ္စက္ျခင္း (Psychological Abuse)
အဓိက ကေတာ့ စကားနဲ႔ ႏွိပ္စက္တာပါ ။ စိတ္ပိုင္း ဆိုင္ရာ ထိခိုက္ေအာင္ စကားလုံးေတြ မ်ိဳးစုံ သုံးၿပီး စိတ္ဆင္းရဲေအာင္ ျပဳလုပ္တာပါ ။ အထူးသျဖင့္ မိဘေတြက သားသမီးေတြကို ေကာင္းေစခ်င္လြန္းတဲ့ စိတ္နဲ႔ ဆုံးမတယ္ ။ ေျပာရင္း ဆုံးမရင္း မိမိစကားေတြက ကေလး ျဖစ္သူကို စိတ္ဒဏ္ရာ ရရွိေစတဲ့ အျဖစ္မ်ိဳးေရာက္ရွိသြားတတ္ပါတယ္ ။

(၄) လိင္ပိုင္းဆိုင္ရာ ႏွိပ္စက္ျခင္း (Psychological Abuse)
ေနရာ တကာမွာ အမ်ားဆုံးေတြ႕ရတဲ့ ႏွိပ္စက္ျခင္း ျဖစ္ၿပီး လူတိုင္း သတိထားသင့္တဲ့ အခ်က္ပါ ။ ယခုေခတ္မွာေတာ့ ကေလးငယ္ေတြရဲ့ လုံျခဳံေရး ကို ထိခိုက္ေစတဲ့ အခ်က္မို႔ ပါ ။ ကေလးငယ္ေတြကို အလယ္တန္းေလာက္ က စၿပီး Sexual education နဲ႔ ပတ္သတ္ၿပီး အသိပညာ ေပးထားသင့္ပါတယ္ ။ တိုးတက္တာ သိပ္ျမန္တဲ့ အခ်ိန္မွာ ကေလးငယ္ေတြ အနား တစ္စိမ္းလူေတြ လာတဲ့ အခါ ကေလးေတြ ဘာမွ မသိလို႔ ျဖစ္သြာတာမ်ိဳး မျဖစ္ရေလေအာင္ ပါ ။

ထိုသို႔ နည္း အမ်ိဳးစုံနဲ႔ ႏွိပ္စက္ျခင္း ခံလိုက္ ရတဲ့ ကေလးငယ္ေတြက စိတ္ဓါတ္က်ျခင္း ၊ စိတ္ျမန္ လက္ျမန္ ျဖစ္ျခင္း ၊ ေဒါသထြက္လြယ္ျခင္း ၊ အစားအေသာက္ အေနအထိုင္ ပုံမွန္ မဟုတ္ျခင္း ၊ ရန္လိုျခင္း မ်ားျဖစ္တတ္ပါတယ္ ။ အဆိုးဆုံးကေတာ့ မိမိကိုယ္ကို အဆုံး စီရင္ တဲ့ အထိ ျဖစ္တတ္ပါတယ္ ။ ကေလး ငယ္ေတြကို ကာကြယ္ၿပီး ႏွိပ္စက္ျခင္း မ်ားမွ တားဆီး နိုင္ဖို႔ က လူတိုင္းမွာတာဝန္ရွိပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago


#Unicode Version

ကမ္ဘာတစ်ဝှမ်းမှာ ၁၀ စက္ကန့်တိုင်း ကလေးငယ် တစ်ယောက်နှုန်း အနိုင်ကျင့်ခံနေရသလို တစ်နှစ်မှာ လေးယောက်နှုန်း အသက်ဆုံးရှုံးနေရပါတယ် ။ ကလေး ငယ်တွေဟာ နည်းမျိုးစုံနဲ့ အနိင်ကျင့် နှိပ်စက်တာ ခံနေရပါတယ် ။ တခါတလေ မှာ မိမိတို့ လုပ်ရပ်တွေကို သတိမထားမိလိုက်ပေမယ့် ငယ်ရွယ်တဲ့ ကလေးတွေ စိတ်ထဲမှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ရရှိသွားနိုင်ပါတယ် ။ ကလေးငယ်တွေကို နှိပ်စက်ခြင်း ဆိုတဲ့ အရာကို အကြမ်းဖျင်း (၄) မျိုးခွဲထားပါတယ် ။

(၁) ကိုယ်ထိ လက်ရောက် နှိပ်စက်ခြင်း (Physical Abuse)
ကလေးငယ်တွေကို ရိုက်တယ် ။ အလုပ်တွေ အများကြီး မတော် မတန် အလုပ်တွေ ခိုင်းတာ ။ ကိုယ်ခန္ဓာ အပေါ်အနာတရ ရအောင် လုပ်တာမျိုး ပါ ။

(၂) လစ်လျှူရှုခြင်း (Neglect Abuse)
တခါတလေ စိတ်တွေပျက်လာတဲ့ အချိန်မျိုးမှာဆို ကလေး ကို အဖက် မလုပ်တော့ပဲ လစ်လျှူရှု လိုက်တာမျိုးပါ ။ အနုနည်းနဲ့ နှိပ်စက်တဲ့ နည်းပါပဲ ။

(၃) စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်ခြင်း (Psychological Abuse)
အဓိက ကတော့ စကားနဲ့ နှိပ်စက်တာပါ ။ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်အောင် စကားလုံးတွေ မျိုးစုံ သုံးပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တာပါ ။ အထူးသဖြင့် မိဘတွေက သားသမီးတွေကို ကောင်းစေချင်လွန်းတဲ့ စိတ်နဲ့ ဆုံးမတယ် ။ ပြောရင်း ဆုံးမရင်း မိမိစကားတွေက ကလေး ဖြစ်သူကို စိတ်ဒဏ်ရာ ရရှိစေတဲ့ အဖြစ်မျိုးရောက်ရှိသွားတတ်ပါတယ် ။

(၄) လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း (Psychological Abuse)
နေရာ တကာမှာ အများဆုံးတွေ့ရတဲ့ နှိပ်စက်ခြင်း ဖြစ်ပြီး လူတိုင်း သတိထားသင့်တဲ့ အချက်ပါ ။ ယခုခေတ်မှာတော့ ကလေးငယ်တွေရဲ့ လုံခြုံရေး ကို ထိခိုက်စေတဲ့ အချက်မို့ ပါ ။ ကလေးငယ်တွေကို အလယ်တန်းလောက် က စပြီး Sexual education နဲ့ ပတ်သတ်ပြီး အသိပညာ ပေးထားသင့်ပါတယ် ။ တိုးတက်တာ သိပ်မြန်တဲ့ အချိန်မှာ ကလေးငယ်တွေ အနား တစ်စိမ်းလူတွေ လာတဲ့ အခါ ကလေးတွေ ဘာမှ မသိလို့ ဖြစ်သွာတာမျိုး မဖြစ်ရလေအောင် ပါ ။

ထိုသို့ နည်း အမျိုးစုံနဲ့ နှိပ်စက်ခြင်း ခံလိုက် ရတဲ့ ကလေးငယ်တွေက စိတ်ဓါတ်ကျခြင်း ၊ စိတ်မြန် လက်မြန် ဖြစ်ခြင်း ၊ ဒေါသထွက်လွယ်ခြင်း ၊ အစားအသောက် အနေအထိုင် ပုံမှန် မဟုတ်ခြင်း ၊ ရန်လိုခြင်း များဖြစ်တတ်ပါတယ် ။ အဆိုးဆုံးကတော့ မိမိကိုယ်ကို အဆုံး စီရင် တဲ့ အထိ ဖြစ်တတ်ပါတယ် ။ ကလေး ငယ်တွေကို ကာကွယ်ပြီး နှိပ်စက်ခြင်း များမှ တားဆီး နိုင်ဖို့ က လူတိုင်းမှာတာဝန်ရှိပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top