Kantharyar Centre
×

တပ္ကုန္း – ပင္ေလာင္းလမ္းတြင္ ဗိုလ္မွဴးတစ္ဦးအား ၎၏ဇနီးျဖစ္သူက စက္တင္ဘာ ၁၃ ရက္ ညပိုင္းက လည္ပင္းအား ဓားျဖင့္ထိုးသတ္ခဲ့သျဖင့္ ဗိုလ္မွဴးျဖစ္သူ၏ မိခင္က အမႈဖြင့္ တိုင္ၾကားထားၿပီး က်ဴးလြန္သူအား ရဲတပ္ဖြဲ႕မွ စံုစမ္းရွာေဖြ လ်က္ရွိေၾကာင္း သတင္းရရွိသည္။
အဆိုပါ ျဖစ္စဥ္မွာ စက္တင္ဘာ ၁၃ ရက္ ညပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး က်ဴးလြန္သူဟု ယူဆရသူမွာ ဆရာ၀န္တစ္ဦး ျဖစ္ေၾကာင္း ေနျပည္ေတာ္တုိင္း ရဲတပ္ဖြဲ႕႐ံုးမွ ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က အတည္ျပဳ ေျပာၾကားသည္။

ျဖစ္စဥ္မွာ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္မွာ ၎၏ညီျဖစ္သူ ဦးေအာင္ၿဖိဳးႏွင့္ ဖုန္းဆက္ စကားေျပာေနစဥ္ ‘ငါ့ကိုဓားနဲ႔ ထိုးတယ္’ ဟု အလန္႔တၾကား ေအာ္ဟစ္ၿပီး ဖုန္းအဆက္အသြယ္ မရရွိေတာ့ေၾကာင္း သိရသည္။

ထိုသို႔အဆက္အသြယ္ မရေတာ့သျဖင့္ ဦးေအာင္ၿဖိဳးက ၎၏မိခင္ျဖစ္သူ ေဒၚမမႀကီးထံ ဖုန္းျဖင့္ဆက္သြယ္ ေျပာဆိုခဲ့ၿပီး ေဒၚမမႀကီးမွ သားျဖစ္သူ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္အား လိုက္လံရွာေဖြရာ တပ္ကုန္း-ပင္ေလာင္း လမ္းေပၚတြင္ သားျဖစ္သူ၏ကား (Civic Hybrid ခဲေရာင္) အား ေတြ႕ရိွခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကားေပၚတြင္ သားျဖစ္သူအား လည္ပင္းထိုးသြင္း ဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့သည့္အျပင္ ေသဆံုးသူ၏ ငါးႏွစ္အရြယ္ သမီးမွာ အိပ္ေပ်ာ္လ်က္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

သားျဖစ္သူအား ဓားျဖင့္ထိုးခဲ့သည္ဟု ယူဆရသည့္ ေခြၽးမျဖစ္သူ ေဒၚခင္စႏၵီေက်ာ္အား ဥပေဒအရ အေရးယူေပးရန္ စက္တင္ဘာ ၁၄ ရက္တြင္ ေဒၚမမႀကီးက တရားလိုျပဳလုပ္ၿပီး တပ္ကုန္းၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္။

ေနျပည္ေတာ္တုိင္း ရဲတပ္ဖြဲ႕႐ံုးမွ ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က “ျဖစ္စဥ္က မွန္ပါတယ္။ ဗိုလ္မွဴးဆိုတာလည္း မွန္ပါတယ္။ ဆရာ၀န္မ ဆိုတာလည္း မွန္ပါတယ္။ က်န္တာကေတာ့ ေျပာလို႔မရေသးပါဘူး။ စံုစမ္းစစ္ေဆး ေနဆဲပါ။ ေလာေလာဆယ္ေတာ့ ဘာမွမထူးေသးပါဘူး။ ဘာမွေတာ့ ေျပာလို႔မရေသးဘူး” ဟု ေျပာၾကားသည္။

အဆိုပါ လူသတ္မႈ ျဖစ္စဥ္တြင္ အဓိက သံသယရွိသူဟု ယူဆရသည့္ ေဒါက္တာခင္စႏၵီေက်ာ္အား ရဲတပ္ဖြဲ႕၀င္မ်ားက လိုက္လံရွာေဖြေနဆဲ ျဖစ္ေၾကာင္း သိရသည္။

လည္ပင္းထိုးသြင္း ဒဏ္ရာျဖင့္ ေသဆံုးသြားသည့္ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္၏ ႐ုပ္အေလာင္းအား ေနျပည္ေတာ္ ခုတင္ ၁၀၀၀ စစ္ေဆး႐ံုသို႔ စစ္ေဆးရန္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode  Version
တပ်ကုန်း – ပင်လောင်းလမ်းတွင် ဗိုလ်မှူးတစ်ဦးအား ၎င်း၏ဇနီးဖြစ်သူက စက်တင်ဘာ ၁၃ ရက် ညပိုင်းက လည်ပင်းအား ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် ဗိုလ်မှူးဖြစ်သူ၏ မိခင်က အမှုဖွင့် တိုင်ကြားထားပြီး ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေ လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူဟု ယူဆရသူမှာ ဆရာဝန်တစ်ဦး ဖြစ်ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ ဗိုလ်မှူးဝေဖြိုးအောင်မှာ ၎င်း၏ညီဖြစ်သူ ဦးအောင်ဖြိုးနှင့် ဖုန်းဆက် စကားပြောနေစဉ် ‘ငါ့ကိုဓားနဲ့ ထိုးတယ်’ ဟု အလန့်တကြား အော်ဟစ်ပြီး ဖုန်းအဆက်အသွယ် မရရှိတော့ကြောင်း သိရသည်။

ထိုသို့အဆက်အသွယ် မရတော့သဖြင့် ဦးအောင်ဖြိုးက ၎င်း၏မိခင်ဖြစ်သူ ဒေါ်မမကြီးထံ ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ပြီး ဒေါ်မမကြီးမှ သားဖြစ်သူ ဗိုလ်မှူးဝေဖြိုးအောင်အား လိုက်လံရှာဖွေရာ တပ်ကုန်း-ပင်လောင်း လမ်းပေါ်တွင် သားဖြစ်သူ၏ကား (Civic Hybrid ခဲရောင်) အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် သားဖြစ်သူအား လည်ပင်းထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည့်အပြင် သေဆုံးသူ၏ ငါးနှစ်အရွယ် သမီးမှာ အိပ်ပျော်လျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

သားဖြစ်သူအား ဓားဖြင့်ထိုးခဲ့သည်ဟု ယူဆရသည့် ချွေးမဖြစ်သူ ဒေါ်ခင်စန္ဒီကျော်အား ဥပဒေအရ အရေးယူပေးရန် စက်တင်ဘာ ၁၄ ရက်တွင် ဒေါ်မမကြီးက တရားလိုပြုလုပ်ပြီး တပ်ကုန်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က “ဖြစ်စဉ်က မှန်ပါတယ်။ ဗိုလ်မှူးဆိုတာလည်း မှန်ပါတယ်။ ဆရာဝန်မ ဆိုတာလည်း မှန်ပါတယ်။ ကျန်တာကတော့ ပြောလို့မရသေးပါဘူး။ စုံစမ်းစစ်ဆေး နေဆဲပါ။ လောလောဆယ်တော့ ဘာမှမထူးသေးပါဘူး။ ဘာမှတော့ ပြောလို့မရသေးဘူး” ဟု ပြောကြားသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်တွင် အဓိက သံသယရှိသူဟု ယူဆရသည့် ဒေါက်တာခင်စန္ဒီကျော်အား ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

လည်ပင်းထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးသွားသည့် ဗိုလ်မှူးဝေဖြိုးအောင်၏ ရုပ်အလောင်းအား နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top