Kantharyar Centre
×

 ပရိသတ္ေတြ႔ဆံုပြဲဆုိေတာ့ လက္ေဆာင္ေတြက ေပးၾကမွာပါပဲ။
ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲျပဳလုပ္တဲ့အခါ ေစ်းႀကီးတဲ့လက္ေဆာင္ေတြ မေပးၾကဖုိ႔ သ႐ုပ္ေဆာင္ပတ္ေဟဂ်င္းရဲ႕ ေအဂ်င္စီက ထုတ္ျပန္ေၾကညာလုိက္ပါတယ္။ ပရိသတ္ေတြ႔ဆံုပြဲကို စက္တင္ဘာ ၂၅ ရက္မွာ ျပဳလုပ္မွာျဖစ္ပါတယ္။

"Club Jin's" အမည္႐ွိ fan club ကို ပတ္ေဟဂ်င္းရဲ႕အမာခံပရိသတ္ေတြက ဖြဲ႔ထားၾကတာျဖစ္ၿပီး Club Jin's တစ္ႏွစ္ျပည့္အထိမ္းအမွတ္ ေတြ႔ဆံုပြဲလုပ္ၾကမွာျဖစ္ပါတယ္။ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံက ပရိသတ္ေတြကို ေဟဂ်င္းက အိမ္ကိုဖိတ္ကာ အခ်ိန္ေပးေတြ႔ဆံုသြားမယ္လို႔ ဆိုပါတယ္။

ေဟဂ်င္းရဲ႕အိမ္ကိုသြားလည္ရင္ ကိုရီယားဝမ္ တစ္္ေသာင္း ( ၉ ေဒၚလာခန္႔) ထက္ ေစ်းမမ်ားတဲ့လက္ေဆာင္ကိုသာ ေပးၾကဖုိ႔ ေဟဂ်င္းရဲ႕ေအဂ်င္စီကေၾကညာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

 ပရိသတ်တွေ့ဆုံပွဲဆိုတော့ လက်ဆောင်တွေက ပေးကြမှာပါပဲ။
ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခါ ဈေးကြီးတဲ့လက်ဆောင်တွေ မပေးကြဖို့ သရုပ်ဆောင်ပတ်ဟေဂျင်းရဲ့ အေဂျင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပရိသတ်တွေ့ဆုံပွဲကို စက်တင်ဘာ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

"Club Jin's" အမည်ရှိ fan club ကို ပတ်ဟေဂျင်းရဲ့အမာခံပရိသတ်တွေက ဖွဲ့ထားကြတာဖြစ်ပြီး Club Jin's တစ်နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလုပ်ကြမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံက ပရိသတ်တွေကို ဟေဂျင်းက အိမ်ကိုဖိတ်ကာ အချိန်ပေးတွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ဟေဂျင်းရဲ့အိမ်ကိုသွားလည်ရင် ကိုရီယားဝမ် တစ်သောင်း ( ၉ ဒေါ်လာခန့်) ထက် ဈေးမများတဲ့လက်ဆောင်ကိုသာ ပေးကြဖို့ ဟေဂျင်းရဲ့အေဂျင်စီကကြေညာခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top