Property Expo
×

         ဒုသမၼတဦးဟင္နရီဗန္ထီးယူ စကားေျပာၾကားေနစဥ္(ဓာတ္ပံု−ပိုင္စိုးသူ)

လူကုန္္ကူးမႈတိုက္ ဖ်က္ေရးဆိုင္ရာ တတိယငါးႏွစ္ စီမံကိန္းတြင္ အေမရိကန္ႏိုင္ငံ၏ လူကုန္ကူးမႈႏွင့္ပတ္သက္ေသာ အႀကံျပဳခ်က္မ်ားကို အေကာင္အ ထည္ေဖာ္ ေဆာင္ရြက္မည္ဟု ဒုတိယသမၼတ ဦးဟင္နရီဗန္ထီး ယူက ေျပာၾကားသည္။

ျမန္မာႏိုင္ငံသည္ ၂၀၁၂ က စ၍ ေလးႏွစ္ဆက္တုိက္ လူကုန္ ကူးမႈတုိက္ဖ်က္ေရး (Tier-2) ေစာင့္ၾကည့္စာရင္းသြင္းသတ္ မွတ္ခံရၿပီးေနာက္ ယခုႏွစ္တြင္ Tier-3 အနိမ့္ဆံုးစာရင္း၀င္အ ျဖစ္ အဆင့္ေလွ်ာ့ခ်သတ္မွတ္ခံ ရျခင္းျဖစ္သည္။

Tier-2 ေစာင့္ၾကည့္ေရးအ ဆင့္တြင္ ကာလရွည္ထားမရ ေသာမူေၾကာင့္သာ ေလွ်ာ့ခ်ခံရ ျခင္းျဖစ္သည္ဟု ယခုလ ၁၃ ရက္ က ေနျပည္ေတာ္ရွိ သဂၤဟဟို တယ္တြင္ က်င္းပေသာ ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနား၌ ဒုသမၼတကဆိုသည္။

‘‘အေမရိကန္ရဲ႕ ဒီႏွစ္အစီ ရင္ခံစာမွာ ေဖာ္ျပထားတာက Tier-2 အဆင့္နဲ႔ေစာင့္ၾကည့္အ ဆင့္ေတြမွာ ထားႏိုင္ေလာက္တဲ့ ေဆာင္ရြက္ခ်က္ေတြရွိတယ္။ ဒါ ေပမဲ့ Tier-2 အဆင့္ကေန Tier-2 ကို ခုန္တက္ဖို႔လည္း မျဖစ္ႏိုင္ ဘူး။ အဲဒီေလာက္ေကာင္းတဲ့ ေဆာင္ရြက္ခ်က္လည္း မေတြ႕ ဘူး။ အဲဒါေၾကာင့္ Tier-3 ေလွ်ာ့ ခ်ခံလိုက္ရတာပါ’’ဟု လူကုန္ကူး မႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဦးစီးအရာရွိ (ပထမတန္း) ဒုတိယ ရဲမွဴးႀကီး သက္ေနာင္က ေျပာ သည္။

လူကုန္ကူးမႈတုိက္ဖ်က္ေရး အဆိုးရြားဆံုးအဆင့္ (Tier-3)ဆို သည္မွာ လူကုန္ကူးမႈတိုက္ဖ်က္ ေရးတြင္ ႏိိုင္ငံတကာအဆင့္စံႏႈန္း အနိမ့္ဆံုးကို မမီသည့္ႏိုင္ငံအဆင့္ ျဖစ္ၿပီး ယင္းစံႏႈန္းကိုမီရန္ သိသာ ထင္ရွားေသာ အားထုတ္မႈ မလုပ္ ေဆာင္ထားေၾကာင္း ဆိုလိုသည္ဟု သိရသည္။

 ‘‘လူကုန္ကူးမႈေဆာင္ရြက္ ခ်က္ေတြနဲ႔ပတ္သက္ရင္ ျပည္ တြင္းလူကုန္ကူးမႈေတြလည္းပါ တယ္။ ကေလးစစ္သားကိစၥရပ္ ေတြက သူတို႔အစီအရင္ခံစာမွာ အဓိကပါတယ္။ ကေလးစစ္သား ဆိုရင္ တိုင္းရင္းသားလက္နက္ ကိုင္ေတြပါမယ္။ အစိုးရစစ္တပ္ ဘက္က ပါမယ္။ လူကုန္ကူးမႈနဲ႔ ၿငိမ္းခ်မ္းေရးဟာလည္း အမ်ား ႀကီးဆက္ႏႊယ္တယ္။ ဒါေၾကာင့္ ဒါဟာလည္း အေရးႀကီးတဲ့ကိစၥ ရပ္တစ္ခုပါပဲ’’ဟု ဒုတိယရဲမွဴးႀကီး သက္ေနာင္ကဆိုသည္။

 အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန၏ ဇြန္လ ၃၀ ရက္က ထုတ္ျပန္ေသာ ႏိုင္ငံတကာ လူ ကုန္ကူးမႈတိုက္ဖ်က္ေရး အစီရင္ ခံစာတြင္ ျမန္မာႏိုင္ငံကို အဆိုး ရြားဆံုးအဆင့္ (Tier-3) အျဖစ္ စာရင္းသြင္းဆံုးျဖတ္ခဲ့သည္။

ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသား အဆင့္ ငါးႏွစ္စီမံကိန္းကို ၂၀၀၇ တြင္ စတင္ေရးဆြဲ အေကာင္အ ထည္ေဖာ္ ေဆာင္ရြက္ခဲ့သည္။

၂၀၁၆ သည္ ဒုတိယငါးႏွစ္ စီမံကိန္း၏ ေနာက္ဆံုးႏွစ္ျဖစ္ၿပီး တတိယငါးႏွစ္စီမံကိန္းကို ဆက္ လက္ေရးဆြဲအေကာင္အထည္ ေဖာ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဒုသမ္မတဦးဟင်နရီဗန်ထီးယူ စကားပြောကြားနေစဉ်(ဓာတ်ပုံ−ပိုင်စိုးသူ)

လူကုန်ကူးမှုတိုက် ဖျက်ရေးဆိုင်ရာ တတိယငါးနှစ် စီမံကိန်းတွင် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြံပြုချက်များကို အကောင်အ ထည်ဖော် ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ က စ၍ လေးနှစ်ဆက်တိုက် လူကုန် ကူးမှုတိုက်ဖျက်ရေး (Tier-2) စောင့်ကြည့်စာရင်းသွင်းသတ် မှတ်ခံရပြီးနောက် ယခုနှစ်တွင် Tier-3 အနိမ့်ဆုံးစာရင်းဝင်အ ဖြစ် အဆင့်လျှော့ချသတ်မှတ်ခံ ရခြင်းဖြစ်သည်။

Tier-2 စောင့်ကြည့်ရေးအ ဆင့်တွင် ကာလရှည်ထားမရ သောမူကြောင့်သာ လျှော့ချခံရ ခြင်းဖြစ်သည်ဟု ယခုလ ၁၃ ရက် က နေပြည်တော်ရှိ သင်္ဂဟဟို တယ်တွင် ကျင်းပသော မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒုသမ္မတကဆိုသည်။

‘‘အမေရိကန်ရဲ့ ဒီနှစ်အစီ ရင်ခံစာမှာ ဖော်ပြထားတာက Tier-2 အဆင့်နဲ့စောင့်ကြည့်အ ဆင့်တွေမှာ ထားနိုင်လောက်တဲ့ ဆောင်ရွက်ချက်တွေရှိတယ်။ ဒါ ပေမဲ့ Tier-2 အဆင့်ကနေ Tier-2 ကို ခုန်တက်ဖို့လည်း မဖြစ်နိုင် ဘူး။ အဲဒီလောက်ကောင်းတဲ့ ဆောင်ရွက်ချက်လည်း မတွေ့ ဘူး။ အဲဒါကြောင့် Tier-3 လျှော့ ချခံလိုက်ရတာပါ’’ဟု လူကုန်ကူး မှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ရဲမှူးကြီး သက်နောင်က ပြော သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးရွားဆုံးအဆင့် (Tier-3)ဆို သည်မှာ လူကုန်ကူးမှုတိုက်ဖျက် ရေးတွင် နိုင်ငံတကာအဆင့်စံနှုန်း အနိမ့်ဆုံးကို မမီသည့်နိုင်ငံအဆင့် ဖြစ်ပြီး ယင်းစံနှုန်းကိုမီရန် သိသာ ထင်ရှားသော အားထုတ်မှု မလုပ် ဆောင်ထားကြောင်း ဆိုလိုသည်ဟု သိရသည်။

 ‘‘လူကုန်ကူးမှုဆောင်ရွက် ချက်တွေနဲ့ပတ်သက်ရင် ပြည် တွင်းလူကုန်ကူးမှုတွေလည်းပါ တယ်။ ကလေးစစ်သားကိစ္စရပ် တွေက သူတို့အစီအရင်ခံစာမှာ အဓိကပါတယ်။ ကလေးစစ်သား ဆိုရင် တိုင်းရင်းသားလက်နက် ကိုင်တွေပါမယ်။ အစိုးရစစ်တပ် ဘက်က ပါမယ်။ လူကုန်ကူးမှုနဲ့ ငြိမ်းချမ်းရေးဟာလည်း အများ ကြီးဆက်နွှယ်တယ်။ ဒါကြောင့် ဒါဟာလည်း အရေးကြီးတဲ့ကိစ္စ ရပ်တစ်ခုပါပဲ’’ဟု ဒုတိယရဲမှူးကြီး သက်နောင်ကဆိုသည်။

 အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဇွန်လ ၃၀ ရက်က ထုတ်ပြန်သော နိုင်ငံတကာ လူ ကုန်ကူးမှုတိုက်ဖျက်ရေး အစီရင် ခံစာတွင် မြန်မာနိုင်ငံကို အဆိုး ရွားဆုံးအဆင့် (Tier-3) အဖြစ် စာရင်းသွင်းဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် ငါးနှစ်စီမံကိန်းကို ၂၀၀၇ တွင် စတင်ရေးဆွဲ အကောင်အ ထည်ဖော် ဆောင်ရွက်ခဲ့သည်။

၂၀၁၆ သည် ဒုတိယငါးနှစ် စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်ပြီး တတိယငါးနှစ်စီမံကိန်းကို ဆက် လက်ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top