Kantharyar Centre
×

ဒီပထမဦးဆုံးတင့္ကားကုိ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ က ပထမကမာၻစစ္အတြင္း အသုံးျပဳခဲ့ပါတယ္။ ၁ နာရီ ၃ မုိင္သာ ခရီးေပါက္ပါတယ္။ 

၁၉၁၆ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔မွာ ထင္ရွားတဲ့ Battle of the Somme စစ္ပြဲအတြင္း တုိက္ခုိက္မႈ တစ္ခုျဖစ္တဲ့ Flers-Courcelette မွာ ျဗိတိသွ်နဲ႔ ျပင္သစ္စစ္သားေတြ ဂ်ာမန္ကို တုိက္ခဲ့လုိ႔ ျဗိတိလ်ွစစ္တပ္ကေန ယခင္တပ္မေတာ္ယာဥ္မလုပ္ေဆာင္ႏုိင္တဲ့ ေျမျပင္ အေျခအေနမွာ ခရီးေပါက္ႏုိင္တဲ့ လက္နက္သစ္တစ္ခု ထုတ္သုံးခဲ့ပါတယ္။

အဲဒီႏွစ္ပတ္လည္ေန႔ကို အမွတ္အသားျပဳဖုိ႔အတြက္ မူလ Mark IV တင့္ကားၾကီးနဲ႔ ခြ်တ္စြပ္တူတဲ့ ပုံစံငယ္တစ္ခုကို လန္ဒန္ျမဳိ႕ Trafalgal ရင္ျပင္မွာ ထားရိွခဲ့တယ္လုိ႔ ဘီဘီစီက သတင္းေဖာ္ျပပါတယ္။

ျဗိတိလ်ွ ေျခလ်င္တပ္ကို အေထာက္အပံ့ျဖစ္ေစဖုိ႔ ပုံမွန္လွမ္းေျခာက္ႏႈန္းျဖင့္ ေရြ႕လ်ားသြားလာဖုိ႔ နဂုိကတည္းက စီမံလုပ္ေဆာင္ထားပါတယ္။ ျဗိတိသွ်ကေနျပဳလုပ္တဲ့ တင့္ကားေတြအားလုံး ၁၉၁၆ ခုႏွစ္မွာ အသုံးျပဳဖုိ႔ အဆင္သင့္မျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ယခုတင့္ကားၾကီး စတင္အသုံးျပဳျခင္းက ပုိမိုေခတ္မီတုိးတက္မႈေတြနဲ႔ ေသေက်ပ်က္စီးမႈပိုမ်ားတဲ့ လက္နက္ကိရိယာေတြ ေခတ္မီတဲ့စစ္ပြဲေခတ္သစ္စာမ်က္ႏွာဖြင့္ေပးလုိက္ပါတယ္။

ဒီပုံတူတင့္ကားကို အဂၤလန္ႏုိင္ငံ ေဒၚစက္စီရင္စု Tank Museum မွ ႏွစ္တစ္ရာျပည့္ဂုဏ္ျပဳအထိမ္းအမွတ္အျဖစ္ စီစဥ္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ဒီပထမဦးဆုံးတင့်ကားကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပထမကမ္ဘာစစ်အတွင်း အသုံးပြုခဲ့ပါတယ်။ ၁ နာရီ ၃ မိုင်သာ ခရီးပေါက်ပါတယ်။

၁၉၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထင်ရှားတဲ့ Battle of the Somme စစ်ပွဲအတွင်း တိုက်ခိုက်မှု တစ်ခုဖြစ်တဲ့ Flers-Courcelette မှာ ဗြိတိသျှနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်ကို တိုက်ခဲ့လို့ ဗြိတိလျှစစ်တပ်ကနေ ယခင်တပ်မတော်ယာဉ်မလုပ်ဆောင်နိုင်တဲ့ မြေပြင် အခြေအနေမှာ ခရီးပေါက်နိုင်တဲ့ လက်နက်သစ်တစ်ခု ထုတ်သုံးခဲ့ပါတယ်။

အဲဒီနှစ်ပတ်လည်နေ့ကို အမှတ်အသားပြုဖို့အတွက် မူလ Mark IV တင့်ကားကြီးနဲ့ ချွတ်စွပ်တူတဲ့ ပုံစံငယ်တစ်ခုကို လန်ဒန်မြို့ Trafalgal ရင်ပြင်မှာ ထားရှိခဲ့တယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။

ဗြိတိလျှ ခြေလျင်တပ်ကို အထောက်အပံ့ဖြစ်စေဖို့ ပုံမှန်လှမ်းခြောက်နှုန်းဖြင့် ရွေ့လျားသွားလာဖို့ နဂိုကတည်းက စီမံလုပ်ဆောင်ထားပါတယ်။ ဗြိတိသျှကနေပြုလုပ်တဲ့ တင့်ကားတွေအားလုံး ၁၉၁၆ ခုနှစ်မှာ အသုံးပြုဖို့ အဆင်သင့်မဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတင့်ကားကြီး စတင်အသုံးပြုခြင်းက ပိုမိုခေတ်မီတိုးတက်မှုတွေနဲ့ သေကျေပျက်စီးမှုပိုများတဲ့ လက်နက်ကိရိယာတွေ ခေတ်မီတဲ့စစ်ပွဲခေတ်သစ်စာမျက်နှာဖွင့်ပေးလိုက်ပါတယ်။

ဒီပုံတူတင့်ကားကို အင်္ဂလန်နိုင်ငံ ဒေါ်စက်စီရင်စု Tank Museum မှ နှစ်တစ်ရာပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top