Kantharyar Centre
×

 ေငြေၾကးေစ်းကြက္တြင္ အေမရိကန္ေဒၚလာတန္ဖိုးဆက္ တုိက္ျမင့္တက္ေနၿပီး စက္တင္ဘာ ၁၆ ရက္တြင္ တစ္ေဒၚလာလွ်င္ ၁,၂၄၆ က်ပ္ေစ်းေပါက္ကာ အစိုး ရသစ္လက္ထက္ ေစ်းအျမင့္ဆုံး ျဖစ္ခဲ့သည္။

ေစ်းကစားမႈမ်ားေၾကာင့္ ဧၿပီ ၁ ရက္မွ စက္တင္ဘာ ၁၅ ရက္အ ထိ ငါးလခဲြအတြင္း ျပင္ပေစ်းကြက္တြင္ အေမရိကန္ေဒၚလာတန္ဖိုး ၅ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္လာသည္။

ျပင္ပေစ်းကြက္တြင္ အေမ ရိကန္ေဒၚလာေစ်းႏႈန္းျမင့္တက္ လာသကဲ့သို႔ ဗဟိုဘဏ္က သတ္ မွတ္သည့္ ရည္ညႊန္းေငြလဲႏႈန္းမွာ လည္း ယမန္ေန႔က တစ္ေဒၚလာ လွ်င္ သုံးက်ပ္ခန္႔ ျမင့္တက္လာ သည္။ စက္တင္ဘာ ၁၅ ရက္ ဗဟုိဘဏ္၏ ရည္ၫႊန္းေငြလဲႏႈန္း သည္ တစ္ေဒၚလာလွ်င္ ၁၂,၂၂က်ပ္မွ စက္တင္ဘာ ၁၆ ရက္၌၁,၂၂၅ က်ပ္သို႔ ျမင့္တက္လာ သည္။အစိုးရစတင္ တာ၀န္ထမ္း ေဆာင္သည့္ ဧၿပီ ၁ ရက္တြင္ အေမရိကန္ေဒၚလာတန္ဖိုးသည္ တစ္ေဒၚလာလွ်င္ က်ပ္ ၁,၂၀၀ ခန္႔ မွစတင္က်ဆင္းလာၿပီး   ေလးလ ေက်ာ္အၾကာ     တစ္ေဒၚလာက်ပ္ ၁,၁၈၀ ခန္႔ျဖင့္ တည္ၿငိမ္ခဲ့ သည္။

ေယဘုယ်ဆန္ေသာ ႏုိင္ငံ ေတာ္စီးပြားေရးမူ၀ါဒ ထုတ္ျပန္ၿပီး ေနာက္ပိုင္း ျပည္ပပုိ႔ကုန္လုပ္ငန္း ရွင္မ်ား၌ ႏုိင္ငံျခားေငြလည္ ပတ္ မႈက်ပ္တည္းလာျခင္းေၾကာင့္ ၾသဂုတ္ကစတင္၍ တစ္ေဒၚလာ လွ်င္ ၁,၂၀၀ က်ပ္အထက္သို႔ စတင္ျမင့္တက္လာသည္။ ျပင္ပ ေစ်းကြက္အေမရိကန္ေဒၚလာ ေစ်းႏႈန္းသည္ စက္တင္ဘာ ၁၆ ရက္၌ လက္ရွိအစိုးရသက္တမ္း တြင္ အျမင့္ဆုံး ၁,၂၄၆ က်ပ္သို႔ ျမင့္တက္လာသည္။

ႏုိင္ငံျခားေငြကစားသူမ်ား သည္ အေမရိကန္ေဒၚလာေစ်းႏႈန္း ကို တစ္ေဒၚလာလွ်င္ က်ပ္ ၁,၂၅၀ အထိ ျမႇင့္တင္ရန္ စီစဥ္ေနသည္ဟု ျပင္ပေငြလဲလုပ္ငန္းလုပ္ကိုင္ေန သူ တစ္ဦးက ေျပာသည္။

ေဒၚလာေစ်းဆက္တုိက္ျမင့္ တက္လာျခင္းသည္ ျပည္ပပုိ႔ကုန္ က႑မွ ႏုိင္ငံျခား၀င္ေငြေလ်ာ့က် ျခင္းေၾကာင့္ဟု စီးပြားေရးလုပ္ငန္း ရွင္မ်ားက သုံးသပ္ထားသည္။ ျမန္မာႏုိင္ငံ၏ အဓိကကုန္သြယ္ ဖက္ တ႐ုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္ သြယ္ေရးတြင္ ဇူလုိင္၌ ျဖစ္ပြား ေသာ ေရႊလီျမစ္ေရႀကီးမႈ၊ တ႐ုတ္အစိုးရ၏  ေမွာင္ခိုဖမ္းဆီးမႈတု႔ိ ေၾကာင့္ ကုန္သြယ္ေရးရပ္နားခဲ့ သည္။ ထို႔ေၾကာင့္ ႏုိင္ငံျခား၀င္ေငြ ေလ်ာ့က်ၿပီး ပို႔ကုန္ရေငြတန္ဖိုး မ်ား ျမင့္တက္ကာ ေဒၚလာေစ်း ျမင့္တက္ရျခင္းဟု ပို႔ကုန္လုပ္ငန္း ရွင္အခ်ဳိ႕က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးဆက် တိုက်မြင့်တက်နေပြီး စက်တင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၄၆ ကျပ်ဈေးပေါက်ကာ အစိုး ရသစ်လက်ထက် ဈေးအမြင့်ဆုံး ဖြစ်ခဲ့သည်။

ဈေးကစားမှုများကြောင့် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အ ထိ ငါးလခွဲအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာဈေးနှုန်းမြင့်တက် လာသကဲ့သို့ ဗဟိုဘဏ်က သတ် မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းမှာ လည်း ယမန်နေ့က တစ်ဒေါ်လာ လျှင် သုံးကျပ်ခန့် မြင့်တက်လာ သည်။ စက်တင်ဘာ ၁၅ ရက် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁၂,၂၂ကျပ်မှ စက်တင်ဘာ ၁၆ ရက်၌၁,၂၂၅ ကျပ်သို့ မြင့်တက်လာ သည်။အစိုးရစတင် တာဝန်ထမ်း ဆောင်သည့် ဧပြီ ၁ ရက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀ ခန့် မှစတင်ကျဆင်းလာပြီး   လေးလ ကျော်အကြာ     တစ်ဒေါ်လာကျပ် ၁,၁၈၀ ခန့်ဖြင့် တည်ငြိမ်ခဲ့ သည်။

ယေဘုယျဆန်သော နိုင်ငံ တော်စီးပွားရေးမူဝါဒ ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ပပို့ကုန်လုပ်ငန်း ရှင်များ၌ နိုင်ငံခြားငွေလည် ပတ် မှုကျပ်တည်းလာခြင်းကြောင့် သြဂုတ်ကစတင်၍ တစ်ဒေါ်လာ လျှင် ၁,၂၀၀ ကျပ်အထက်သို့ စတင်မြင့်တက်လာသည်။ ပြင်ပ ဈေးကွက်အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် စက်တင်ဘာ ၁၆ ရက်၌ လက်ရှိအစိုးရသက်တမ်း တွင် အမြင့်ဆုံး ၁,၂၄၆ ကျပ်သို့ မြင့်တက်လာသည်။

နိုင်ငံခြားငွေကစားသူများ သည် အမေရိကန်ဒေါ်လာဈေးနှုန်း ကို တစ်ဒေါ်လာလျှင် ကျပ် ၁,၂၅၀ အထိ မြှင့်တင်ရန် စီစဉ်နေသည်ဟု ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်နေ သူ တစ်ဦးက ပြောသည်။

ဒေါ်လာဈေးဆက်တိုက်မြင့် တက်လာခြင်းသည် ပြည်ပပို့ကုန် ကဏ္ဍမှ နိုင်ငံခြားဝင်ငွေလျော့ကျ ခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်ထားသည်။ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ် ဖက် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးတွင် ဇူလိုင်၌ ဖြစ်ပွား သော ရွှေလီမြစ်ရေကြီးမှု၊ တရုတ်အစိုးရ၏  မှောင်ခိုဖမ်းဆီးမှုတု့ိ ကြောင့် ကုန်သွယ်ရေးရပ်နားခဲ့ သည်။ ထို့ကြောင့် နိုင်ငံခြားဝင်ငွေ လျော့ကျပြီး ပို့ကုန်ရငွေတန်ဖိုး များ မြင့်တက်ကာ ဒေါ်လာဈေး မြင့်တက်ရခြင်းဟု ပို့ကုန်လုပ်ငန်း ရှင်အချို့က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top