Property Expo
×

မန္ယူအသင္းရဲ႕ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ ကြင္းလယ္လူ ေပါလ္ေပါ့ဂ္ဘာဟာဆိုရင္ေတာ့ အခုအခ်ိန္အထိ ေျပာင္းေရႊ႕ေၾကးနဲ႔ ထုိက္တန္တဲ့ ေျခစြမ္းမ်ိဳးကို မျပသႏုိင္ေသးပါဘူး။ ေျပာင္းလဲလာတာဆိုလို႔ တစ္ပြဲနဲ႔တစ္ပြဲေျပာင္းလဲေနတဲ့ သူ႔ရဲ႕ ဆံပင္ပံုစံကိုသာျမင္ရတယ္လို႔ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါတယ္။

မန္ယူအသင္းကေတာ့ မေန႔ညက ကစားခဲ့တဲ့ ယူရုိပါလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ဖီယင္ႏုအသင္းကို တစ္ဂုိး ဂိုးမရွိနဲ႔ အရွက္ရဖြယ္အရႈံးေပးခဲ့ရပါတယ္။ မန္ယူအသင္းရဲ႕ ေျခစြမ္းမျပႏုိင္မႈနဲ႔အတူ ကြင္းလယ္လူ ေပါ့ဂ္ဘာရဲ႕ ေျခစြမ္းကလည္း ေျပာစရာျဖစ္ခဲ့ပါတယ္။ တစ္ပတ္အတြင္း ႏွစ္ပြဲဆက္ရႈံးပြဲၾကံဳေတြ႕ခဲ့ရတဲ့ မန္ယူအသင္းကေတာ့ ဘာေတြမ်ားမွားေနလုိ႔ပါလဲ။

နယ္သာလန္ႏိုင္ငံမွာ သြားေရာက္ကစားခဲ့ရတဲ့ မေန႔ကပြဲစဥ္မွာေတာ့ ေမာ္ရင္ဟုိဟာ ယခင္ပြဲေတြမွာ ခ်န္လွပ္ထားခဲ့တဲ့ ရုိဟုိ ၊ ဒါမီယန္ ၊ ရွႏုိက္ဒါလင္စတဲ့ ကစားသမားေတြနဲ႔ ပြဲထုတ္အသံုးျပဳလာခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ ကြင္းလယ္ဟာ အခ်ိတ္အဆက္ လြဲေခ်ာ္မႈေတြျဖစ္ေနခဲ့ၿပီး တုိက္စစ္ဆင္ဖို႔အတြက္ အေတာ္ေလးခက္ခဲခဲ့တဲ့ အေနအထားမွာရွိေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒီပြဲအၿပီးမွာေတာ့ မန္ယူဂႏၱဝင္ကြင္းလယ္ကစားသမား ေပါလ္စခုိးလ္က ေပါ့ဂ္ဘာရဲ႕ကစားဟန္ကို ထိထိေရာက္ေရာက္ေဖာ္ထုတ္ေပးႏုိင္ဖို႔အတြက္ လိုအပ္ေနၿပီလုိ႔ ေျပာၾကားလုိက္ပါတယ္။

“ေပါ့ဂ္ဘာကေတာ့ ေလာေလာဆယ္မွာ ကစားရတာခက္ခဲေနတဲ့ပံုပါ။ ကၽြန္ေတာ္ကေတာ့ သူ႔ရဲ႕အေကာင္းဆံုး ပံုစံကို ေနာက္ထပ္ပြဲေတြမွာပါ ေစာင့္ေမွ်ာ္သြားအံုးမွာပါ။ ကၽြန္ေတာ္ထင္တာကေတာ့ သူေလာေလာဆယ္အထိ ေနရာတစ္ခုကို အပိုင္မရေသးဘူး။ သူကစားေနရတဲ့ေနရာကို သူကိုယ္တိုင္လည္း မေတာင္းဆိုဘူး။ သူ႔အေနနဲ႔ သူဘယ္ေနရာမွာ ကစားခ်င္တယ္ဆိုတာကို ေျပာျပသင့္တယ္။ ”

“သူက အခုအခ်ိန္မွာ ကြင္းလယ္တစ္ခုလံုးကို ေလွ်ာက္သြားကစားေနတာ။ သူ႔ရဲ႕ ဘဝကို ေဘာလံုးကစားတဲ့အေပၚမွာပဲ ျမွဳပ္ႏွံထားတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ သူက ကစားသမား သံုး ေလးေယာက္ အားနဲ႔ ကစားခ်င္ေနတယ္။ ဒါမျဖစ္သင့္ဘူး။ တစ္ေယာက္တည္း အေကာင္းဆံုုးကစားပံုကို ျပသင့္ေနၿပီ။”



“မန္ယူက ဝယ္လုိက္တာ ဒီလိုေျခစြမ္းနဲ႔ ကစားသမားမဟုတ္ပါဘူး။ သူနဲ႔ တြဲကစားေပးႏုိင္တဲ့ ကြင္းလယ္လူမန္ယူမွာ မရွိပါဘူး။ ဂ်ဴဗီမွာေတာ့ ပီယာလို လုိ ကစားသမားမ်ိဳးက သူ႔ကို ေထာက္ပံ့ေပးေနတယ္” လို႔ ေပါလ္ က ေျပာၾကားသြားခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode Version
မန်ယူအသင်းရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာဟာဆိုရင်တော့ အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်သေးပါဘူး။ ပြောင်းလဲလာတာဆိုလို့ တစ်ပွဲနဲ့တစ်ပွဲပြောင်းလဲနေတဲ့ သူ့ရဲ့ ဆံပင်ပုံစံကိုသာမြင်ရတယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

မန်ယူအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဖီယင်နုအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရှက်ရဖွယ်အရှုံးပေးခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းမပြနိုင်မှုနဲ့အတူ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကလည်း ပြောစရာဖြစ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ မန်ယူအသင်းကတော့ ဘာတွေများမှားနေလို့ပါလဲ။

နယ်သာလန်နိုင်ငံမှာ သွားရောက်ကစားခဲ့ရတဲ့ မနေ့ကပွဲစဉ်မှာတော့ မော်ရင်ဟိုဟာ ယခင်ပွဲတွေမှာ ချန်လှပ်ထားခဲ့တဲ့ ရိုဟို ၊ ဒါမီယန် ၊ ရှနိုက်ဒါလင်စတဲ့ ကစားသမားတွေနဲ့ ပွဲထုတ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ အချိတ်အဆက် လွဲချော်မှုတွေဖြစ်နေခဲ့ပြီး တိုက်စစ်ဆင်ဖို့အတွက် အတော်လေးခက်ခဲခဲ့တဲ့ အနေအထားမှာရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီပွဲအပြီးမှာတော့ မန်ယူဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်က ပေါ့ဂ်ဘာရဲ့ကစားဟန်ကို ထိထိရောက်ရောက်ဖော်ထုတ်ပေးနိုင်ဖို့အတွက် လိုအပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

“ပေါ့ဂ်ဘာကတော့ လောလောဆယ်မှာ ကစားရတာခက်ခဲနေတဲ့ပုံပါ။ ကျွန်တော်ကတော့ သူ့ရဲ့အကောင်းဆုံး ပုံစံကို နောက်ထပ်ပွဲတွေမှာပါ စောင့်မျှော်သွားအုံးမှာပါ။ ကျွန်တော်ထင်တာကတော့ သူလောလောဆယ်အထိ နေရာတစ်ခုကို အပိုင်မရသေးဘူး။ သူကစားနေရတဲ့နေရာကို သူကိုယ်တိုင်လည်း မတောင်းဆိုဘူး။ သူ့အနေနဲ့ သူဘယ်နေရာမှာ ကစားချင်တယ်ဆိုတာကို ပြောပြသင့်တယ်။ ”

“သူက အခုအချိန်မှာ ကွင်းလယ်တစ်ခုလုံးကို လျှောက်သွားကစားနေတာ။ သူ့ရဲ့ ဘဝကို ဘောလုံးကစားတဲ့အပေါ်မှာပဲ မြှုပ်နှံထားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူက ကစားသမား သုံး လေးယောက် အားနဲ့ ကစားချင်နေတယ်။ ဒါမဖြစ်သင့်ဘူး။ တစ်ယောက်တည်း အကောင်းဆုံုးကစားပုံကို ပြသင့်နေပြီ။”


“မန်ယူက ဝယ်လိုက်တာ ဒီလိုခြေစွမ်းနဲ့ ကစားသမားမဟုတ်ပါဘူး။ သူနဲ့ တွဲကစားပေးနိုင်တဲ့ ကွင်းလယ်လူမန်ယူမှာ မရှိပါဘူး။ ဂျူဗီမှာတော့ ပီယာလို လို ကစားသမားမျိုးက သူ့ကို ထောက်ပံ့ပေးနေတယ်” လို့ ပေါလ် က ပြောကြားသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top