Property Expo
×






ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

လူ့ခန္ဓာကိုယ်က အနွေးဓာတ်ပေးစက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပန်ကာ၊ လေအေးပေးစက်တွေဆီက အကူအညီမပါဘဲ ခန္ဓာကိုယ်ကို အေးမြစေဖို့က ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ပြသနာက ခန္ဓာကိုယ်ပူနွေးအောင်လုပ်တဲ့ စွမ်းအင် ထုတ်လုပ်ဖို့ လုံလောက်စွာ စိမ့်ဝင်နိုင်တဲ့ ဘယ်အရာဝတ္ထုမဆို ယေဘူယျအားဖြင့် ဖောက်ထွင်းမြင်နိုင်ကြပါတယ်။ ဒါ အဝတ်အစားမှာ အထောက်အကူပြုတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။

ဒါပေမယ့် Standford University က သိပ္ပံပညာရှင်တွေဟာ အပူထုတ်နိုင်ပေမယ့် မျက်စိဖြင့် မြင်နိုင်တွေ့နိုင်တဲ့ အလင်းပိတ်အရာဝတ္ထုကို ရှာပြီး သူ့အလိုအလျှောက်အအေးဓာတ်ရစေတဲ့ အထည်သား ဖော်ထုတ်နိုင်ပါပြီ။

ဒါကို သူတို့ အစားအသောက်ထည့် ပလတ်စတစ်အထုပ်အပိုးထဲက ပစ္စည်းနဲ့ စမ်းသပ်ခဲ့ပါတယ်။ လေဝင်လေထွက်ရအောင် ချွေးပေါက်အရွယ်အပေါက်ငယ်လေးတွေ ဖောက်ပေးထားပြီး အဲဒီအပေါက်တွေဟာ ခန္ဓာကိုယ်မှ အပူတွေထုတ်နိုင်ပေမယ့် ဖောက်ထွင်းမမြင်ရပါဘူး။ သုတေသီတွေအနေနဲ့ အစိုဓာတ်ထုတ်ပြီး အရေပြားအေးမြနေအောင် ရေဝင်ထွက်နိုင်တဲ့ပစ္စည်းတွေ ပြုလုပ်ပါတယ်။

ဒီအထည်သားကို ချည်သား၊ ခန္ဓာကိုယ်အပူထုတ်ပစ္စည်းကိရိယာအတုနဲ့ နှိုင်းယှဉ်စမ်းသပ်တဲ့အခါ ပလတ်စတစ်အခြေခံထားတဲ့ပစ္စည်းက တခြားအထည်သားတွေထက် အသားရေကို ၃ ဒီဂရီ ပိုအေးအောင် ထိန်းသိမ်းပေးပါတယ်။

ဒါတွေက လာမယ့်နှစ်တွေမှာ ဖြစ်လာမယ်လို့ သိပ္ပံပညာရှင်တွေ မျှော်လင့်ထားပါတယ်။ အောင်မြင်ပါက ပူနွေးတဲ့အရပ်က လူတွေအတွက် သက်တောင့်သက်သာပိုဖြစ်စေရုံမက စွမ်းအင်သုံးစွဲမှုပါ လျှော့နည်းစေနိုင်ကြောင်း အဆိုပါသိပ္ပံပညာရှင်အဖွဲ့က ဆိုပါတယ်။

ဖိုးသူတောျ (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top