Property Expo
×

    ျပႆနာရဲ႕အစကေတာ့ မိမိေန႔စဥ္လုပ္ရိုးလုပ္စဥ္ကိစၥေတြ လုပ္ရတာ ေမာပန္း ႏြမ္းနယ္ေနတယ္လုိ႕ ခံစားရတာပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့လအနည္းငယ္ကစၿပီး ကိုယ္လုပ္လာတဲ့အလုပ္ဟာ ေန႔တုိင္းအတြက္ဒီပံုစံပဲျဖစ္ေနတာေၾကာင့္ ဆက္လုပ္ဖုိ႕ ေတာင္ မိမိကိုယ္ကို မေသခ်ာေတာ့တဲ့ အေနအထားေရာက္ေနတတ္ပါတယ္။ ဒီလိုခံစားႀကံဳေတြ႕လာရမယ္ဆိုရင္ ဘယ္လုိလုပ္ၾကမလဲ ?

ပံုမွန္အလုပ္ေတြကို လုပ္ေနရင္းက ေအာက္ေမ့ဖြယ္ အျဖစ္အပ်က္ မ်ိဳးေတြ မခံစားမိေတာ့ဘူးဆုိရင္ေတာ့ ဒါဟာ အနားေပးရမယ့္ အခ်ိန္ေရာက္ပါၿပီ။ ဒီေတာ့ သင္တန္းတစ္ခုခုတက္ပါ။ (ဥပမာ- ေယာဂ (သို႔) အက)သင္တန္းမ်ိဳးေပါ့။ သင္တန္း တစ္ခုခုယူျခင္းကေန ရႏုိင္တာကေတာ့ ေယဘုယ်အားျဖင့္ သင္တန္းမ်ားက ရာသီအလုိက္ ေျပာင္းလဲေနတတ္ပါတယ္။ ဒါေၾကာင့္ အဲဒီမွာ အသစ္သစ္ေတြထပ္ႀကိဳး စားဖို႕အၿမဲတမ္းရွိေနတတ္ပါတယ္ ။ ဒါေၾကာင့္သင့္ခႏၶာကိုယ္က အဲဒီအသစ္ေတြရဲ႕ စိန္ေခၚမႈကို ခံစားေနရသလုိျဖစ္တာေၾကာင့္ အလုပ္ေဟာင္းအေပၚမွာ ျပန္လည္ တြယ္တာတဲ့စိတ္ေတာင္ျဖစ္ႏုိင္ပါတယ္။ ေနာက္တစ္ခ်က္က ခႏၶာကိုယ္ကၾကြက္သား ေတြက လုိအပ္တဲ့ လႈပ္ရွားမႈပမာဏကို ေလ့က်င့္လုိက္ရတာမ်ိဳးဟာ ၿငီးေငြ႕ဖြယ္ ေကာင္းတဲ့ အလုပ္ပတ္၀န္းက်င္ကေန မရႏုိင္တာမ်ိဳး ရလုိက္တာပါ။

ေနာက္နည္းလမ္းတစ္ခုကေတာ့ ၿငီးေငြ႕ဖြယ္ေကာင္းေနတဲ့ သင့္အလုပ္ တာ၀န္ေတြကို ဘယ္ေနရာမွာလုပ္ေနတာလဲ ဆုိတာပါ။ လက္ရွိလုပ္ေနတဲ့ေနရာကေန တျခားေနရာတစ္ခုကို ေျပာင္းထုိင္လုိက္ပါ။ ရိုးရွင္းတဲ့နည္း ျဖစ္ေပမယ့္ သင့္ကိုခြန္အား သစ္တစ္ခ်ိဳ႕ ရေစႏုိင္ပါတယ္။ သင့္အလုပ္ခြင္က အဲဒီေနရာကေန တျခားေနရာကို ေျပာင္းစရာမရွိဘူး ဆုိရင္ေတာ့ ေလေကာင္းေလသန္႔ရတဲ့ေနရာမ်ိဳးကို ခဏထြက္ၿပီး အေညာင္းအညာေျဖျခင္းကလဲ အနည္းငယ္ ျပန္လည္ရႊင္လန္းေစပါတယ္။

ေနာက္တစ္ခုက သာမန္ထက္ ပိုျပင္းထန္တဲ့ ေအရိုးဗစ္ေလ့က်င့္ခန္းမ်ိဳး လုပ္ျခင္းပါပဲ။ ၀ိတ္ေလ်ာ့လုိသူေတြအတြက္ ရည္ရြယ္ထားတဲ့ ေလ့က်င့္ခန္းမ်ိဳးေပါ့။ (ဥပမာ-စက္ဘီးစီးျခင္း၊ တာေ၀းေျပးျခင္း) စတာမ်ိဳးပါပဲ။ အၾကာႀကီးလုပ္စရာမလုိပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ရံုးပိတ္ရက္အစီအစဥ္ေတြလိုမ်ိဳးေတာ့ မဟုတ္ပါဘူး။

ေနာက္ဆံုးတစ္နည္းကေတာ့ သင္၀ါသနာပါတာမ်ိဳး (သို႔မဟုတ္) အနည္းငယ္ စြန္႕စားရတဲ့ သဘာ၀ရွိတဲ့ အရာမ်ိဳးလုပ္ၾကည့္ပါ။ (ဥပမာ-ေရကူးတာမ်ိဳး၊ ပန္းခ်ီဆြဲ တာမ်ိဳး၊ သီးခ်င္းဆုိတာမ်ိဳး) အၿမဲတမ္းမဟုတ္ေတာင္ တစ္ရက္ေလာက္ျဖစ္ျဖစ္ အခ်ိန္ေပးၾကည့္ပါ။ ပံုမွန္ ႀကံဳေတြ႕ေနက် မဟုတ္တဲ့ ပတ္၀န္းက်င္ကေန အေတြးအျမင္ အသစ္ေလးေတြကို ျပန္လည္ရယူပါ။ ဒါဆုိရင္ေတာ့ အလုပ္စားပြဲကို မၾကည့္ခ်င္ ေလာက္ေအာင္ ၿငီးေငြ႕ေနျခင္းမ်ိဳးကို သက္သာရာရေစၿပီး အလုပ္ထဲမွာျပန္လည္ အာရံုထားႏုိင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
    ပြဿနာရဲ့အစကတော့ မိမိနေ့စဉ်လုပ်ရိုးလုပ်စဉ်ကိစ္စတွေ လုပ်ရတာ မောပန်း နွမ်းနယ်နေတယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး ကိုယ်လုပ်လာတဲ့အလုပ်ဟာ နေ့တိုင်းအတွက်ဒီပုံစံပဲဖြစ်နေတာကြောင့် ဆက်လုပ်ဖို့ တောင် မိမိကိုယ်ကို မသေချာတော့တဲ့ အနေအထားရောက်နေတတ်ပါတယ်။ ဒီလိုခံစားကြုံတွေ့လာရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ?

ပုံမှန်အလုပ်တွေကို လုပ်နေရင်းက အောက်မေ့ဖွယ် အဖြစ်အပျက် မျိုးတွေ မခံစားမိတော့ဘူးဆိုရင်တော့ ဒါဟာ အနားပေးရမယ့် အချိန်ရောက်ပါပြီ။ ဒီတော့ သင်တန်းတစ်ခုခုတက်ပါ။ (ဥပမာ- ယောဂ (သို့) အက)သင်တန်းမျိုးပေါ့။ သင်တန်း တစ်ခုခုယူခြင်းကနေ ရနိုင်တာကတော့ ယေဘုယျအားဖြင့် သင်တန်းများက ရာသီအလိုက် ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် အဲဒီမှာ အသစ်သစ်တွေထပ်ကြိုး စားဖို့အမြဲတမ်းရှိနေတတ်ပါတယ် ။ ဒါကြောင့်သင့်ခန္ဓာကိုယ်က အဲဒီအသစ်တွေရဲ့ စိန်ခေါ်မှုကို ခံစားနေရသလိုဖြစ်တာကြောင့် အလုပ်ဟောင်းအပေါ်မှာ ပြန်လည် တွယ်တာတဲ့စိတ်တောင်ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ခန္ဓာကိုယ်ကကြွက်သား တွေက လိုအပ်တဲ့ လှုပ်ရှားမှုပမာဏကို လေ့ကျင့်လိုက်ရတာမျိုးဟာ ငြီးငွေ့ဖွယ် ကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်ကနေ မရနိုင်တာမျိုး ရလိုက်တာပါ။

နောက်နည်းလမ်းတစ်ခုကတော့ ငြီးငွေ့ဖွယ်ကောင်းနေတဲ့ သင့်အလုပ် တာဝန်တွေကို ဘယ်နေရာမှာလုပ်နေတာလဲ ဆိုတာပါ။ လက်ရှိလုပ်နေတဲ့နေရာကနေ တခြားနေရာတစ်ခုကို ပြောင်းထိုင်လိုက်ပါ။ ရိုးရှင်းတဲ့နည်း ဖြစ်ပေမယ့် သင့်ကိုခွန်အား သစ်တစ်ချို့ ရစေနိုင်ပါတယ်။ သင့်အလုပ်ခွင်က အဲဒီနေရာကနေ တခြားနေရာကို ပြောင်းစရာမရှိဘူး ဆိုရင်တော့ လေကောင်းလေသန့်ရတဲ့နေရာမျိုးကို ခဏထွက်ပြီး အညောင်းအညာဖြေခြင်းကလဲ အနည်းငယ် ပြန်လည်ရွှင်လန်းစေပါတယ်။

နောက်တစ်ခုက သာမန်ထက် ပိုပြင်းထန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းမျိုး လုပ်ခြင်းပါပဲ။ ဝိတ်လျော့လိုသူတွေအတွက် ရည်ရွယ်ထားတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။ (ဥပမာ-စက်ဘီးစီးခြင်း၊ တာဝေးပြေးခြင်း) စတာမျိုးပါပဲ။ အကြာကြီးလုပ်စရာမလိုပါဘူး။ ဒါပေမယ့် သင့်ရဲ့ရုံးပိတ်ရက်အစီအစဉ်တွေလိုမျိုးတော့ မဟုတ်ပါဘူး။

နောက်ဆုံးတစ်နည်းကတော့ သင်ဝါသနာပါတာမျိုး (သို့မဟုတ်) အနည်းငယ် စွန့်စားရတဲ့ သဘာဝရှိတဲ့ အရာမျိုးလုပ်ကြည့်ပါ။ (ဥပမာ-ရေကူးတာမျိုး၊ ပန်းချီဆွဲ တာမျိုး၊ သီးချင်းဆိုတာမျိုး) အမြဲတမ်းမဟုတ်တောင် တစ်ရက်လောက်ဖြစ်ဖြစ် အချိန်ပေးကြည့်ပါ။ ပုံမှန် ကြုံတွေ့နေကျ မဟုတ်တဲ့ ပတ်ဝန်းကျင်ကနေ အတွေးအမြင် အသစ်လေးတွေကို ပြန်လည်ရယူပါ။ ဒါဆိုရင်တော့ အလုပ်စားပွဲကို မကြည့်ချင် လောက်အောင် ငြီးငွေ့နေခြင်းမျိုးကို သက်သာရာရစေပြီး အလုပ်ထဲမှာပြန်လည် အာရုံထားနိုင်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top