Property Expo
×

စိတ္ကူးစိတ္သန္း ဆန္းၾကယ္တဲ့ သူေတြ ဟာ လက္ေတြ႕ လုပ္တတ္ရင္ေတာ့ ၾကီးပြားတတ္ပါတယ္. . စိတ္ကူးဆန္းၿပီး . . . ဘာမွ မလုပ္ဘဲ ကိုယ့္ကိုယ္ကို အဟုတ္ထင္ေနရင္ေတာ့ စိတ္ကူယဥ္သမား ျဖစ္သြားပါလိမ့္မယ္. . . . အလုပ္လုပ္တဲ့ ေနရာမွာ စိတ္ကူးေကာင္းမ်ားနဲ႕ မြမ္းမံၿပီး အားစိုက္ကာ လုပ္တတ္တဲ့ သူဟာ ထင္ရွားေက်ာ္ၾကားတဲ့ ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္လာမွာ ေသခ်ာပါတယ္.

လူငယ္ေတြ ဟာ သိပ္ျဖစ္ခ်င္တဲ့ စိတ္ဟာ ကိုယ္ပိုင္ အရင္းအႏွီးမပါဘဲ အက်ိဳးရလာဒ္ကိုသာ ေမွ်ာ္ၾကည့္ေနတဲ့ စိတ္မ်ိဳးမျဖစ္သင့္ပါဘူး . . . ခ်မ္းသာခ်င္တယ္. . ေက်ာ္ၾကားတဲ့ အႏုပညာရွင္ျဖစ္ခ်ယ္တယ္. ပညာရွင္ၾကီး ျဖစ္ခ်င္တယ္. စတဲ့ ရည္မွန္းခ်က္ေတြ ၊ စိတ္ကူးေတြ ဟာ လူတိုင္းမွာ ရွိတတ္ၾကပါတယ္. .

တခ်ိဳ႕ကေတာ့ ငယ္ငယ္ကတည္း က အၾကံၾကီးပါတယ္ တခ်ိဳ႕ကေတာ့ အေတာ္ၾကီးလာတဲ့တိုင္ေအာင္ ဘာလုပ္ခ်င္တယ္လို႕ ရည္ရြယ္ခ်က္မရွိပဲ အေဖခိုင္းတာ လုပ္မယ္ဆိုၿပီး ကိုယ္ပိုင္ စိတ္ကူး မဲ့ေနတတ္ၾကပါတယ္. . . . . . အေၾကာင္းအားေလ်ာ္စြာ စိတ္ကူးေျပာင္းလဲ တတ္တဲ့ သေဘာကေတာ့ ရွိပါတယ္. . .

ဒါေပမယ့္ အက်ိုဳးအျမတ္ကိုသာၾကည့္ၿပီး အလုပ္တန္ဖိုး အစစ္အမွန္ကို မၾကည့္တတ္သူမ်ားဟာ အလုပ္ကို မစူးစမ္းရေသးခင္ ေနာက္တစ္ခု ေျပာင္းလုပ္ဖို႕ စိတ္ကူးတတ္ပါတယ္. . . ဘာမွ မလုပ္ရေသးခင္ ကတည္းက စိတ္ကူး ခဏခဏ ေျပာင္းတတ္တဲ့ သူဟာ တကယ္တမ္း အလုပ္စတဲ့ အခါမွာ အခက္အခဲ အေသးအဖဲြကို ေတြ႕တာနဲ႕ စိတ္ဓာတ္က်သြားတတ္ပါတယ္. . .

ဒါေၾကာင့္ စိတ္ကူးစၿပီးယဥ္ကတည္းက အက်ိဳးအျမတ္တစ္ခုတည္းကို သာ မၾကည့္ပါနဲ႕ အလုပ္ရဲ႕ အႏွစ္သာရ အလုပ္ရဲ႕ သေဘာသဘာ၀ကိုပါ ၾကည့္တတ္ၾကဖို႕ လိုပါတယ္. . .

အလုပ္လုပ္တဲ့ေနရာမွာ ကိုယ္ရဲ႕ အင္အား ကိုယ့္ရဲ႕အခ်ိန္ စသည္တို႕ကို ေလလြင့္ျပဳန္းတီးမႈမရွိေအာင္ ထိန္းၿပီး လုပ္တတ္တဲ့သူမ်ားက အခ်ိန္ၾကာလာတာနဲ႕ အမွ် ကိုယ္ရည္ကိုယ္ေသြး တက္လာတတ္ပါတယ္. . ဘ၀ရဲ႕တန္ဖိုးကို အလုပ္ျဖစ္ေအာင္ . စိတ္ကူးေကာင္းထုတ္ႏိုင္ဖို႕နဲ႕ စိတ္ကူးကို အေကာင္အထည္ ေဖာ္ဖို႕ အေရးၾကီးပါတယ္. .

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ မတင္၀င္း

#Unicode Version

စိတ်ကူးစိတ်သန်း ဆန်းကြယ်တဲ့ သူတွေ ဟာ လက်တွေ့ လုပ်တတ်ရင်တော့ ကြီးပွားတတ်ပါတယ်. . စိတ်ကူးဆန်းပြီး . . . ဘာမှ မလုပ်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ထင်နေရင်တော့ စိတ်ကူယဉ်သမား ဖြစ်သွားပါလိမ့်မယ်. . . . အလုပ်လုပ်တဲ့ နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့ သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်.

လူငယ်တွေ ဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီးမပါဘဲ အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုးမဖြစ်သင့်ပါဘူး . . . ချမ်းသာချင်တယ်. . ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချယ်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်းမှာ ရှိတတ်ကြပါတယ်. .

တချို့ကတော့ ငယ်ငယ်ကတည်း က အကြံကြီးပါတယ် တချို့ကတော့ အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်. . . . . . အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘောကတော့ ရှိပါတယ်. . .

ဒါပေမယ့် အကျိုုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးတတ်ပါတယ်. . . ဘာမှ မလုပ်ရသေးခင် ကတည်းက စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ်စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲကို တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်. . .

ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကို သာ မကြည့်ပါနဲ့ အလုပ်ရဲ့ အနှစ်သာရ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့ လိုပါတယ်. . .

အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. . ဘဝရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင် . စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့ အရေးကြီးပါတယ်. .

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ မတင်ဝင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top