Kantharyar Centre
×

 ဟီလာရီကလင္တန္နဲ႔ ေဒၚနယ္ ထရန္႔တို႔ရဲ႕ ႏႈတ္ေရးႂကြယ္ႂကြယ္ ပထမဆံုးအႀကိမ္ ထိပ္တိုက္ေတြ႕ဆံုမႈဟာ အေမရိကန္သမၼတ ေလာင္းေတြ စကားစစ္ထုိးမႈ သမိုင္းေၾကာင္းမွာ အျပင္းထန္ ဆံုး၊ ပရိသတ္စိတ္အဝင္စားဆံုး၊ အႀကိတ္အနယ္အရွိဆံုး ျဖစ္လာမယ္လုိ႔ ႀကိဳတင္ခန္႔မွန္းခဲ့ၾက တယ္။ စက္တင္ဘာ ၂၆ ရက္ ညက နယူးေယာက္ၿမိဳ႕က ေဟာ့ဖ္စထရာတကၠသိုလ္မွာ က်င္းပခဲ့တဲ့ပထမဆံုးအႀကိမ္ စကားစစ္ထုိး မႈဟာ တကယ္ပဲ ၿပိဳင္ဆိုင္မႈ ျပင္း ထန္ခဲ့တယ္။ အေမရိကန္မွာ ႐ုပ္ျမင္သံၾကားကေန လူေပါင္း သန္း၁၀၀ ေက်ာ္ေလာက္ ေစာင့္ၾကည့္ ခဲ့တဲ့အတြက္ ပရိသတ္စိတ္ဝင္ စားမႈ ျမင့္တက္ခဲ့တယ္ဆိုတာ လည္း ေသခ်ာတယ္။ ဒါေပမဲ့အႀကိတ္အနယ္ရွိခဲ့သလား ဆိုတာကေတာ့ ႐ႈေထာင့္အမ်ိဳးမ်ိဳးကေန အျမင္ကြဲျပားပါလိမ့္မယ္။


ဒီမိုကရက္ပါတီ ကိုယ္စားျပဳကလင္တန္နဲ႔ ရီပက္ဘေလကန္ ကိုယ္စားျပဳ ထရန္႔တို႔ရဲ႕ စကားစစ္ ထုိးပြဲဟာ ႏုိင္ငံေရးသမားနဲ႔ စီးပြား ေရးသမားတုိ႔ စကားႏုိင္လုသလုိ ျဖစ္ေနတယ္။ ကလင္တန္ဟာ ထရန္႔ထက္စာရင္ ႏုိင္ငံေရး အေတြ႕အႀကံဳ အမ်ားႀကီးရင့္က်က္ ျခင္းက သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ဆံုမႈမွာ အားသာခ်က္ တခ်ိဳ႕ရရွိေစတာ မျငင္းႏုိင္ပါဘူး။ ဒါေပမဲ့ ဝါရင့္စီးပြားေရးသမားပီပီ ဘီလ်ံနာသူေဌးႀကီးရဲ႕ အကြက္ျမင္ျမင္ တန္ျပန္တုိက္စစ္ေတြကို လည္း ေတြ႕ျမင္ခဲ့ရတယ္။ အစပိုင္းမွာေတာ့ အေမရိကန္ရဲ႕ ေခါင္း ေဆာင္ေလာင္းႏွစ္ေယာက္ မူဝါဒေရးရာ အျငင္းအခံုေတြျဖစ္ခဲ့ၾက ေပမယ့္ ေနာက္ေတာ့လည္း ႏုိင္ငံေရး စကားစစ္ထုိးပြဲတခ်ိဳ႕မွာ ႀကံဳေနရက်အတိုင္း ပုဂၢိဳလ္ေရးေတြ ပါလာၾကတယ္။ ဒိုင္အျဖစ္ ေဆာင္ရြက္ေပးတဲ့ လက္စ္တာေဟာ့တ္ က ဝင္ဝင္ၿပီး ဟန္႔တားရတဲ့အထိ ပါပဲ။

အေမရိကန္ သမၼတေလာင္း ႏွစ္ေယာက္ဟာ စကားစစ္ထိုးမႈ မစခင္ ၿပံဳးၿပံဳးရႊင္ရႊင္ လက္ဆြဲႏႈတ္ဆက္ၿပီးေပမယ့္ အစီအစဥ္အ တြင္းမွာေတာ့ ဝါဒအားၿပိဳင္မႈေတြ ပြဲႀကီးပြဲေကာင္း ျဖစ္လာခဲ့ပါ တယ္။ အေမရိကန္မွာ အလုပ္အ ကိုင္ အခြင့္အလမ္းသစ္ေတြ ဖန္တီးေပးေရးနဲ႔ပတ္သက္ၿပီး ေဟာ့တ္က ကလင္တန္ရဲ႕ သေဘာထားကို စတင္ေမးျမန္းတဲ့အခါမွာ ရင္းႏွီးျမႇဳပ္ႏံွမႈဆိုင္ရာ အခြင့္အလမ္းသစ္ေတြ ဖန္တီးဖို႔၊ သန္႔စင္စြမ္းအင္အ ေပၚ ပိုၿပီးမွီခိုဖို႔အပါအဝင္ စီမံကိန္းေဖာ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ ေတြကို ေျဖၾကားခဲ့တယ္။ ထရန္႔ကေတာ့ အေမရိကန္ကုမၸဏီေတြ ဟာ မကၠဆီကိုနဲ႔ တျခားကမၻာ့ႏုိင္ငံ ေတြကို ထြက္ခြာၿပီး ရင္းႏွီးျမႇဳပ္ႏွံဖို႔ စီစဥ္ေနျခင္းက အေမရိကန္ႏုိင္ငံသားေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္း နည္းသြားေစႏုိင္ ေၾကာင္း ေဝဖန္ေထာက္ျပတယ္။ သူသမၼတျဖစ္လာရင္ အေမရိကန္ကုမၸဏီေတြ ျပည္တြင္းမွာ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံဖို႔ အခြန္ႏႈန္းထားေတြ ကို ေလွ်ာ့ခ်ေပးၿပီး ဆြဲေဆာင္မယ္ လုိ႔ ေျပာၾကားခဲ့တယ္။

ထရန္႔နဲ႔ ကလင္တန္ႏွစ္ ေယာက္ကို ယွဥ္ၾကည့္ရင္ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူ ကလင္တန္ဟာအခ်က္အလက္စုစည္းမႈ၊ ၿပိဳင္ဘက္အေပၚ ေလ့လာဆန္းစစ္မႈ ေတြမွာ ပိုၿပီးအားေကာင္းတယ္လုိ႔ သံုးသပ္ရပါမယ္။ ‘‘ကမၻာ့ရာသီဥတုေဖာက္ျပန္ေျပာင္းလဲလာ တာဟာ တ႐ုတ္က တီထြင္ထားတဲ့ သတင္းမွားတစ္ခုလို႔ပဲ ယူဆေၾကာင္း ထရန္႔က ေျပာဖူးတယ္။ကြၽန္မကေတာ့ ဒါဟာ တကယ္ျဖစ္ေနတာလုိ႔ ထင္တယ္’’ဆိုၿပီး ကလင္တန္က ေျပာတဲ့အခါမွာ ထရန္႔က သူလံုးဝမေျပာဖူးေၾကာင္းျငင္းပါတယ္။ အမွန္ေတာ့ ၂၀၁၂ တုန္းက ထရန္႔ဟာ အဲဒီစကားကို အမွန္တကယ္ ေျပာခဲ့ဖူးတယ္။

အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးမူဝါဒဆိုင္ရာ ေဆြးေႏြးမႈေတြ မွာေတာ့ ထရန္႔က အိုင္အက္စ္လုိစစ္ေသြးႂကြေတြ ေခါင္းေထာင္ လာျခင္းဟာ လက္ရွိသမၼတ ဘား ရက္အိုဘားမားနဲ႔ အိုဘားမားရဲ႕ ပထမသမၼတသက္တမ္းမွာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ ဖူးတဲ့ ကလင္တန္တို႔ရဲ႕ ေပ်ာ့ညံ့မႈ ေၾကာင့္ဆိုတဲ့ အေတြးအျမင္ကို ကိုင္စြဲၿပီး ေလွာင္ေျပာင္မႈေတြ လုပ္ခဲ့တယ္။ ‘‘အိုင္အက္စ္ကို ဘယ္လို တိုက္ခိုက္ရမလဲဆိုတာ ေတြ ကလင္တန္က သူ႔ဝက္ဘ္ ဆိုက္ေပၚမွာ ေရးခဲ့ဖူးတယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္ႀကီး ေဒၚနယ္ေဒါက္ ဂလက္စ္မက္အာသာကို သြားေမးၾကည့္ရင္ အဲဒီအစီအစဥ္ေတြကို ေတာ္ေတာ္စိတ္ပ်က္ေၾကာင္း ေျပာလိမ့္မယ္’’လုိ႔ ထရန္႔က ျပက္ ရယ္ျပဳခဲ့တယ္။ ‘‘အနည္းဆံုးေတာ့ အိုင္အက္စ္ေတြကို ဘယ္လိုတိုက္ ခိုက္ေခ်မႈန္းမလဲဆိုတဲ့ အစီအစဥ္တစ္ခု ကြၽန္မမွာ ရွိတယ္ေလ’’ လုိ႔ ကလင္တန္က ျပန္ပက္တယ္။ထရန္႔က အဲဒီလို အစီအစဥ္ညံ့လို႔ လည္း ကလင္တန္တို႔ ဒီမိုကရက္ အစိုးရဟာ အရြယ္ေရာက္ေနတဲ့ ကာလတစ္ေလွ်ာက္လံုး အိုင္ အက္စ္ေတြကို လုိက္တိုက္ရင္း အခ်ိန္ကုန္ေနရတယ္လုိ႔ ထိုးႏွက္ ခဲ့ပါတယ္။

ကလင္တန္က ‘‘ဒီညေန ေတာ့ အေမရိကန္မွာ ျဖစ္ထား သမွ် ကိစၥတိုင္းအတြက္ ကြၽန္မတစ္ေယာက္တည္း အျပစ္တင္ခံရ ေတာ့မယ္နဲ႔ တူပါတယ္’’လုိ႔ ခပ္ရြဲ႕ရြဲ႕ေျပာတဲ့အခါ ထရန္႔က ၾကားျဖတ္ၿပီး ‘‘ဘာလို႔ အဲဒီလိုမျဖစ္သင့္ ရမွာလဲ’’လို႔ ဆိုတယ္။ နားေထာင္ ေနသူေတြက ရယ္ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ မူဝါဒေရးရာ ကေနကြဲထြက္ၿပီး ပုဂၢိဳလ္ေရး ျပႆနာေတြကို ေဖာက္ခ်တဲ့အ ဆင့္မ်ိဳး တျဖည္းျဖည္းေျပာင္းလာ တယ္။

ကလင္တန္က ထရန္႔အေနနဲ႔ သူ႔ရဲ႕ အခြန္ေဆာင္မႈစာရင္းေတြ ကို ဖြင့္ခ်ျပဖို႔ ေႏွာင့္ေႏွးေနတာကို အဓိကထိုးႏွက္ပါတယ္။ ထရန္႔ဟာ အဲဒီအခ်ိန္မွာေတာ့ ခံစစ္အေနအထားကို ေရာက္သြားခဲ့ တယ္။ ဒါေပမဲ့ ထရန္႔က ကလင္တန္အေနနဲ႔ သူ႔ရဲ႕ ကိုယ္ပိုင္အီး ေမးလ္ဆာဗာထဲက ဖ်က္ပစ္လုိက္ တဲ့ အီးေမးလ္ေတြထဲမွာ ဘာေတြ ပါသလဲဆိုတာကို ေျပာျပရင္ သူ႔ရဲ႕အခြန္မွတ္တမ္းေတြ ထုတ္ျပမယ္လုိ႔ တံု႔ျပန္ေတာ့ ကလင္တန္ နည္းနည္း ဟန္ခ်က္ပ်က္သြားပါတယ္။ ကလင္တန္ဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူေနတဲ့ ေလးႏွစ္တာအေတာအတြင္းမွာ အစိုးရက သတ္မွတ္ေပးထားတာမဟုတ္ ဘဲ ကိုယ္ပိုင္အီးေမးလ္ဆာဗာကို သံုးခဲ့တဲ့အတြက္ စံုစမ္းစစ္ေဆးမႈ ေတြ ခံယူခဲ့ရဖူးတယ္။ အဲဒီထဲကအီးေမးလ္ေတြကို ေနာက္ပိုင္းမွာထုတ္ျပန္ေပမယ့္ ကိုယ္ေရးကိုယ္ တာနဲ႔ အေရးႀကီးအီးေမးလ္ေတြ ကိုေတာ့ ခ်န္လွပ္ထားခဲ့တာကို ထရန္႔က ေထာက္ျပခဲ့တာပါ။

ထရန္႔က ကလင္တန္ကို ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြက ပိုၿပီးေဘာင္လြတ္သလို ျဖစ္ခဲ့တာ ေတာ့ ျမင္သာပါတယ္။ ‘‘ကလင္တန္ဟာ တကယ့္ပံုေသကားက် ႏုိင္ငံေရးသမားပဲ။ စကားပဲမ်ားေနတယ္။ ဘာမွ အလုပ္မလုပ္ဘူး။ ေျပာလုိက္ရင္ေတာ့ အေကာင္း ေတြခ်ည္းပဲ။ အလုပ္မျဖစ္ဘူး။ ဘာမွ လက္ေတြ႕ျဖစ္မလာဘူး။ ကာကြယ္ေရးဝန္ႀကီး ကလင္တန္ လို လူစားမ်ိဳးေတြေၾကာင့္ က်ဳပ္တို႔ႏိုင္ငံသားေတြ ထိခုိက္နစ္နာေန ၾကတာ။ သူ႔ရဲ႕ ဆိုးရြားတဲ့ ဆံုးျဖတ္ ခ်က္ေတြက သက္ေရာက္မႈေတြ အမ်ားႀကီး ရွိခဲ့တယ္’’ဆိုတာမ်ိဳး တိုက္႐ိုက္က်က် စြပ္စြဲတာမိ်ဳးေတြ ထရန္႔က ေျပာပါတယ္။

ထရန္႔က ကလင္တန္ဟာ သမၼတတာဝန္ကို ထမ္းေဆာင္ဖို႔ လံုေလာက္ေအာင္ သက္လံု မေကာင္းဘူးလို႔ ေလွာင္ေျပာင္တဲ့ အခါမွာေတာ့ ေျခလွမ္းတစ္ခ်က္ မွားသြားတယ္။ ကလင္တန္က ေအးစက္စက္နဲ႔ ေသေလာက္တဲ့ အၾကည့္မ်ိဳး ျပန္ၾကည့္ရင္း ‘‘တကယ္လုိ႔ ႏုိင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ႏုိင္ငံေပါင္း ၁၁၂ ခုေလာက္ကို ခရီးထြက္ဖူးတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ၊ အပစ္အ ခတ္ရပ္စဲမႈ၊ အတိုက္အခံေတြ လြတ္ေျမာက္ေရး ညႇိႏိႈင္းမႈေတြမွာ ပါဝင္ေဆာင္ရြက္ဖူးတယ္။ ကမၻာ တစ္လႊားမွာ အခြင့္အလမ္းသစ္ ေတြ ထြန္းကားလာေအာင္ အားထုတ္ေဆာင္ရြက္ဖူးတယ္။ လႊတ္ေတာ္ေကာ္မတီတစ္ခုရဲ႕ ေရွ႕ ေမွာက္မွာ ၁၁ နာရီေလာက္ စစ္ ေဆးခံထြက္ဆိုဖူးတယ္ဆိုရင္ အဲဒီလူက ကြၽန္မရဲ႕ သက္လံုနဲ႔ပတ္ သက္ၿပီး လာေျပာေခ်’’လို႔ သာသာနဲ႔နာနာ ျပန္ႏွက္လုိက္တာေၾကာင့္ ပါ။

ကလင္တန္ဟာ အေမရိကန္ရဲ႕ သမုိင္းေၾကာင္းမွာ ေရြးေကာက္ပြဲအတြက္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ပထမဆံုး အမ်ိဳးသမီး ျဖစ္ပါတယ္။ သူ႔ရဲ႕ ေရြးေကာက္ပြဲႀကိဳ မဲဆြယ္မႈ ေတြမွာလည္း အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ပတ္သက္ လုိ႔ ခ်ီးက်ဴးဂုဏ္တင္မႈေတြ အမ်ား ႀကီးလုပ္ခဲ့တယ္။ ထရန႔္ကေတာ့ အမ်ိဳးသမီးေတြကို လူသိရွင္ၾကား ေစာ္ကားေမာ္ကား ေျပာဆိုဖူးၿပီး ဘုတ္အီးႀကီးဆိုတဲ့ စကားမ်ိဳး ေျပာခဲ့ဖူးတယ္။ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေခြးနဲ႕ ႏိႈင္းဖူးတယ္။ တစ္ႀကိမ္မွာေတာ့ အလွမယ္ၿပိဳင္ပြဲဝင္ တစ္ဦးျဖစ္တဲ့ ေအလစ္ရွာ မာခ်ာဒိုကို ထရန္႔က‘‘ဝက္မႀကီး၊ အိမ္ေဖာ္မႀကီး’’ဆို တာမ်ိဳး ေလွာင္ေျပာင္ဖူးတယ္။ အဲဒါေတြကို ကလင္တန္က ျပန္ေထာက္ျပခဲ့ၿပီး ‘‘ထရန္႔ရယ္၊ အဲဒီ အမ်ိဳးသမီးမွာ ကိုယ္ပိုင္နာမည္ရွိ ပါတယ္’’လုိ႔ ခပ္ၿပံဳးၿပံဳး ေျပာၾကား ပါတယ္။

ထရန္႔အေနနဲ႔ မဲဆြယ္မႈေတြ မွာ ႏႈတ္မေစာင့္ခဲ့တဲ့ဒဏ္ကို အခုစကားစစ္ထုိးပြဲမွာ သိသိသာသာခံလုိက္ရတဲ့တစ္ခ်က္ကေတာ့ လူမ်ိဳးေရး ခြဲျခားေစာ္ကားခဲ့တဲ့ စကားေတြနဲ႔ ပတ္သက္ၿပီးေတာ့ပါ။ ထရန္႔ဟာ အေမရိကန္ရဲ႕ ပထမ ဆံုး အာဖရိကႏြယ္ဖြား (လူမည္း) သမၼတျဖစ္သူ အိုဘားမားဟာ အေမရိကန္မွာ ေမြးဖြားခဲ့တာ မဟုတ္ဘူးလုိ႔ အစဥ္တစိုက္ စြပ္စြဲခဲ့တယ္။ သိပ္မၾကာခင္ကမွ အို ဘားမားဟာ အေမရိကန္မွာ ေမြး ဖြားၿပီး ဖြဲ႕စည္းပံုဥပေဒနဲ႔အညီ သမၼတျဖစ္လာတာကို လက္ခံေၾကာင္း ထရန္႔က ေလသံေျပာင္းသြားပါတယ္။ ကလင္တန္က ဒီ အခ်က္ကို နင္းပါတယ္။

‘‘ထရန္႔က လူမ်ိဳးေရးခြဲျခား ဆက္ဆံခ်င္တယ္ဆိုတဲ့ မွတ္တမ္းမ်ိဳး ရွည္ရွည္လ်ားလ်ား ရွိခဲ့တဲ့သူပါ။ ေျပာရမယ္ဆိုရင္ အေမရိကန္ ရဲ႕ ပထမဆံုးအာဖရိကႏြယ္ဖြား သမၼတတစ္ေယာက္ကို သည္းမခံ ႏိုင္ေလာက္တဲ့ လြန္ကဲလြန္းတဲ့ ေစာ္ကားေျပာဆိုမႈေတြ လုပ္ခဲ့ဖူး တာ မ်က္ျမင္ထင္ရွားပဲေလ’’လုိ႔ ကလင္တန္က ေျပာပါတယ္။ ကလင္တန္က ထရန္႔ကို ေနာက္ တစ္ခ်က္ထိုးႏွက္ခဲ့တာကေတာ့ ႐ုရွားသမၼတ  ဗလာဒီမာပူတင္နဲ႔ ထရန္႔တို႔ အျပန္အလွန္ ဘုတ္ က်ီးေျမႇာက္၊ က်ီးဘုတ္ေျမႇာက္ လုပ္ေနၾကတဲ့ကိစၥပါ။ ထရန္႔ဟာ ကလင္တန္ရဲ႕ အီးေမးလ္ကိစၥနဲ႔ ပတ္သက္ၿပီး ေဖာ္ထုတ္ဖို႔ ပူတင္အေနနဲ႔ ႐ုရွားက ဟက္ကာေတြကို ေတာင္ သံုးသင့္တယ္လုိ႔ ေျပာခဲ့ဖူး ပါတယ္။

ကလင္တန္က ‘‘အေမရိကန္ ေျမမွာ ပူတင္ရဲ႕ ဟက္ကာေတြက ဆိုက္ဘာထိုးေဖာက္မႈေတြ လုပ္သင့္ပါတယ္လုိ႔ေတာင္ ထရန္႔ကလူသိရွင္ၾကား ဖိတ္ေခၚခဲ့ဖူးတာ ေလ။ ဒီသတင္းကိုၾကားေတာ့ ကြၽန္မ အရမ္းတုန္လႈပ္မိတယ္။ ဒါဟာ လက္မခံႏုိင္စရာ ကိစၥပါပဲ။ဒီလိုလူစားကို အေမရိကန္ရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ခန္႔အပ္ ဖို႔ ဘယ္လိုမွ မအပ္စပ္ပါဘူး’’လုိ႔ ကလင္တန္က ေဝဖန္သြားခဲ့ တယ္။ အေမရိကန္သမၼတဟာ ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ လည္း တြဲဖက္တာဝန္ယူရပါ တယ္။

စကားစစ္ထိုးမႈ အစီအစဥ္ ကေတာ့ အျပန္အလွန္ေဝဖန္ရင္း၊ အပုပ္ခ်ရင္း အဆံုးသတ္သြားခဲ့ပါ တယ္။ ဒါဟာ ႏိုဝင္ဘာ ၈ ရက္ေရြးေကာက္ပြဲမတိုင္ခင္ သမၼတေလာင္းႏွစ္ေယာက္ ထိပ္တိုက္ေတြ႕မယ့္ စကားစစ္ထိုးမႈ သံုးႀကိမ္ အနက္ ပထမဆံုးျဖစ္ပါတယ္။ ပြဲအၿပီးမွာ သမၼတေလာင္းႏွစ္ ေယာက္ရဲ႕ ကိုယ္စားလွယ္အဖြဲ႕ အစည္းေတြက ရလဒ္ကို ေက်နပ္မႈရွိၾကတယ္လုိ႔ အသီးသီးေၾကညာၾကေပမယ့္ အမွန္တကယ္ ဘယ္သူက အသာစီးရခဲ့သလဲဆိုတာက ေမးခြန္းထုတ္ခ်င္စရာပါ ပဲ။

အြန္လိုင္းစစ္တမ္း အမ်ားစု ကေတာ့ ကလင္တန္ဟာ ထရန္႔ထက္စာရင္ ရာခိုင္ႏႈန္းနည္းနည္း ေလာက္ လူႀကိဳက္မ်ားမႈ အသာစီးရထားတယ္လုိ႔ ဆိုၾကတယ္။ ကလင္တန္ဟာ စကားစစ္ထုိးမႈ မွာ စင္းလံုးေခ်ာ အေကာင္းဆံုးျဖစ္ ခဲ့တာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ျပင္ဆင္မႈပိုင္း ပိုအားေကာင္းခဲ့ တယ္ဆိုတာေတာ့ ထင္ထင္ရွား ရွား ျပသႏုိင္ခဲ့တယ္။ အခ်က္အ လက္ပိုင္းမွာ ထရန္႔ထက္ ပိုၿပီးႏုိင္ႏုိင္နင္းနင္း ထုတ္ႏုတ္အသံုးခ်ခဲ့ သလို ထရန္႔ဟာ ကလင္တန္ေရွ႕ မွာေတာ့ အိမ္စာမလုပ္လာတဲ့ ေက်ာင္းသားတစ္ေယာက္လုိ ဗ်ာ မ်ားခဲ့တယ္လုိ႔ မီဒီယာတခ်ိဳ႕က ေရးသားခဲ့ၾကတယ္။

CNN နဲ႔ ORC တို႔က ပူးတြဲေကာက္ခံတဲ့ လူထုစစ္တမ္းမွာ ေတာ့ ၆၂ ရာခိုင္ႏႈန္းေလာက္က ကလင္တန္ကို အႀကိဳက္ေတြ႕ၾက တယ္။ ၂၇ ရာခိုင္ႏႈန္းကပဲ ထရန္႔ ပိုသာခဲ့တယ္လုိ႔ ျမင္ၾကတယ္။ CNBC ရဲ႕ စစ္တမ္းမွာေတာ့ ေျပာင္းျပန္ပါ။ ၆၁ ရာခိုင္ႏႈန္းက ထရန္႔ႏုိင္တယ္လုိ႔ ယူဆၿပီး ၃၉ ရာခုိင္ႏႈန္းကေတာ့ ကလင္တန္က ပိုထက္ျမက္ခဲ့တယ္လုိ႔ သံုးသပ္ ၾကတယ္။

အေမရိကန္မီဒီယာ အမ်ားစုကေတာ့ ကလင္တန္ကို အႀကိဳက္ ေတြ႕ၾကဟန္တူပါတယ္။ နယူးေယာက္တိုင္းမ္က စကားစစ္ထိုးမႈ မွာ သမၼတေလာင္းတစ္ေယာက္ ကသာ အေလးအနက္ ရွိဟန္တူၿပီး တျခားတစ္ေယာက္က သူတစ္ပါး ကို အႏုိင္အထက္ျငင္းခံုဖို႔ပဲ သိပံုေပၚတယ္လုိ႔ ထရန္႔ကို ေလွာင္ေျပာင္ထားတယ္။ ဝါရွင္တန္ပို႔စ္ ကလည္း ထရန္႔ဟာ ႏုိင္ငံေရးစကားစစ္ထိုးမႈကို လူၿပိန္းႀကိဳက္ တီဗီအစီအစဥ္တစ္ခုလို ခံယူထား ပံုေပၚတယ္လုိ႔ ေရးသားခဲ့တယ္။ ေဖာက္စ္သတင္းဌာနကလည္း ဒီပြဲမွာ ထရန္႔ဟာ အလူးအလဲခံခဲ့ရၿပီး ဘယ္တုန္းကမွ ကလင္တန္အ ေပၚ အသာစီးမရခဲ့ဘူးလို႔ဆို တယ္။ ဘရိတ္ဘတ္ သတင္းဌာန ကေတာ့ ထရန္႔ဘက္က ေရွ႕ေန လိုက္ပါတယ္။ ဒိုင္လူႀကီး ေဟာ့တ္က ကလင္တန္ အသာစီးရေအာင္ ယိမ္းခဲ့တယ္လို႔ စြပ္စြဲၿပီး စာဖတ္ ပရိသတ္ ၇၅ ရာခုိင္ႏႈန္းက ထရန္႔ဘက္ကရွိတယ္လုိ႔ ေဖာ္ျပထား တယ္။

သမၼတေလာင္းႏွစ္ေယာက္ ရဲ႕ ပထမဆံုးတရားဝင္ စကားစစ္ ထုိးမႈကေတာ့ ရလဒ္ပိုင္း ခပ္ဝါး ဝါးနဲ႔ ၿပီးဆံုးသြားခဲ့ပါတယ္။ ဒီပြဲမွာဘယ္သူသာခဲ့သလဲဆိုရင္ေတာ့ ကလင္တန္ဘက္က အမွတ္ပိုမ်ား မယ္လုိ႔ပဲ ေယဘုယ်သံုးသပ္ရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဟီလာရီကလင်တန်နဲ့ ဒေါ်နယ် ထရန့်တို့ရဲ့ နှုတ်ရေးကြွယ်ကြွယ် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဟာ အမေရိကန်သမ္မတ လောင်းတွေ စကားစစ်ထိုးမှု သမိုင်းကြောင်းမှာ အပြင်းထန် ဆုံး၊ ပရိသတ်စိတ်အဝင်စားဆုံး၊ အကြိတ်အနယ်အရှိဆုံး ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြ တယ်။ စက်တင်ဘာ ၂၆ ရက် ညက နယူးယောက်မြို့က ဟော့ဖ်စထရာတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ပထမဆုံးအကြိမ် စကားစစ်ထိုး မှုဟာ တကယ်ပဲ ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့တယ်။ အမေရိကန်မှာ ရုပ်မြင်သံကြားကနေ လူပေါင်း သန်း၁၀၀ ကျော်လောက် စောင့်ကြည့် ခဲ့တဲ့အတွက် ပရိသတ်စိတ်ဝင် စားမှု မြင့်တက်ခဲ့တယ်ဆိုတာ လည်း သေချာတယ်။ ဒါပေမဲ့အကြိတ်အနယ်ရှိခဲ့သလား ဆိုတာကတော့ ရှုထောင့်အမျိုးမျိုးကနေ အမြင်ကွဲပြားပါလိမ့်မယ်။


ဒီမိုကရက်ပါတီ ကိုယ်စားပြုကလင်တန်နဲ့ ရီပက်ဘလေကန် ကိုယ်စားပြု ထရန့်တို့ရဲ့ စကားစစ် ထိုးပွဲဟာ နိုင်ငံရေးသမားနဲ့ စီးပွား ရေးသမားတို့ စကားနိုင်လုသလို ဖြစ်နေတယ်။ ကလင်တန်ဟာ ထရန့်ထက်စာရင် နိုင်ငံရေး အတွေ့အကြုံ အများကြီးရင့်ကျက် ခြင်းက သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံမှုမှာ အားသာချက် တချို့ရရှိစေတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ဝါရင့်စီးပွားရေးသမားပီပီ ဘီလျံနာသူဌေးကြီးရဲ့ အကွက်မြင်မြင် တန်ပြန်တိုက်စစ်တွေကို လည်း တွေ့မြင်ခဲ့ရတယ်။ အစပိုင်းမှာတော့ အမေရိကန်ရဲ့ ခေါင်း ဆောင်လောင်းနှစ်ယောက် မူဝါဒရေးရာ အငြင်းအခုံတွေဖြစ်ခဲ့ကြ ပေမယ့် နောက်တော့လည်း နိုင်ငံရေး စကားစစ်ထိုးပွဲတချို့မှာ ကြုံနေရကျအတိုင်း ပုဂ္ဂိုလ်ရေးတွေ ပါလာကြတယ်။ ဒိုင်အဖြစ် ဆောင်ရွက်ပေးတဲ့ လက်စ်တာဟော့တ် က ဝင်ဝင်ပြီး ဟန့်တားရတဲ့အထိ ပါပဲ။

အမေရိကန် သမ္မတလောင်း နှစ်ယောက်ဟာ စကားစစ်ထိုးမှု မစခင် ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်ပြီးပေမယ့် အစီအစဉ်အ တွင်းမှာတော့ ဝါဒအားပြိုင်မှုတွေ ပွဲကြီးပွဲကောင်း ဖြစ်လာခဲ့ပါ တယ်။ အမေရိကန်မှာ အလုပ်အ ကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးရေးနဲ့ပတ်သက်ပြီး ဟော့တ်က ကလင်တန်ရဲ့ သဘောထားကို စတင်မေးမြန်းတဲ့အခါမှာ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ အခွင့်အလမ်းသစ်တွေ ဖန်တီးဖို့၊ သန့်စင်စွမ်းအင်အ ပေါ် ပိုပြီးမှီခိုဖို့အပါအဝင် စီမံကိန်းဖော်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ဖြေကြားခဲ့တယ်။ ထရန့်ကတော့ အမေရိကန်ကုမ္ပဏီတွေ ဟာ မက္ကဆီကိုနဲ့ တခြားကမ္ဘာ့နိုင်ငံ တွေကို ထွက်ခွာပြီး ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေခြင်းက အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းသွားစေနိုင် ကြောင်း ဝေဖန်ထောက်ပြတယ်။ သူသမ္မတဖြစ်လာရင် အမေရိကန်ကုမ္ပဏီတွေ ပြည်တွင်းမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ အခွန်နှုန်းထားတွေ ကို လျှော့ချပေးပြီး ဆွဲဆောင်မယ် လို့ ပြောကြားခဲ့တယ်။

ထရန့်နဲ့ ကလင်တန်နှစ် ယောက်ကို ယှဉ်ကြည့်ရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ကလင်တန်ဟာအချက်အလက်စုစည်းမှု၊ ပြိုင်ဘက်အပေါ် လေ့လာဆန်းစစ်မှု တွေမှာ ပိုပြီးအားကောင်းတယ်လို့ သုံးသပ်ရပါမယ်။ ‘‘ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာ တာဟာ တရုတ်က တီထွင်ထားတဲ့ သတင်းမှားတစ်ခုလို့ပဲ ယူဆကြောင်း ထရန့်က ပြောဖူးတယ်။ကျွန်မကတော့ ဒါဟာ တကယ်ဖြစ်နေတာလို့ ထင်တယ်’’ဆိုပြီး ကလင်တန်က ပြောတဲ့အခါမှာ ထရန့်က သူလုံးဝမပြောဖူးကြောင်းငြင်းပါတယ်။ အမှန်တော့ ၂၀၁၂ တုန်းက ထရန့်ဟာ အဲဒီစကားကို အမှန်တကယ် ပြောခဲ့ဖူးတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးမူဝါဒဆိုင်ရာ ဆွေးနွေးမှုတွေ မှာတော့ ထရန့်က အိုင်အက်စ်လိုစစ်သွေးကြွတွေ ခေါင်းထောင် လာခြင်းဟာ လက်ရှိသမ္မတ ဘား ရက်အိုဘားမားနဲ့ အိုဘားမားရဲ့ ပထမသမ္မတသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ဖူးတဲ့ ကလင်တန်တို့ရဲ့ ပျော့ညံ့မှု ကြောင့်ဆိုတဲ့ အတွေးအမြင်ကို ကိုင်စွဲပြီး လှောင်ပြောင်မှုတွေ လုပ်ခဲ့တယ်။ ‘‘အိုင်အက်စ်ကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ တွေ ကလင်တန်က သူ့ဝက်ဘ် ဆိုက်ပေါ်မှာ ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဒေါ်နယ်ဒေါက် ဂလက်စ်မက်အာသာကို သွားမေးကြည့်ရင် အဲဒီအစီအစဉ်တွေကို တော်တော်စိတ်ပျက်ကြောင်း ပြောလိမ့်မယ်’’လို့ ထရန့်က ပြက် ရယ်ပြုခဲ့တယ်။ ‘‘အနည်းဆုံးတော့ အိုင်အက်စ်တွေကို ဘယ်လိုတိုက် ခိုက်ချေမှုန်းမလဲဆိုတဲ့ အစီအစဉ်တစ်ခု ကျွန်မမှာ ရှိတယ်လေ’’ လို့ ကလင်တန်က ပြန်ပက်တယ်။ထရန့်က အဲဒီလို အစီအစဉ်ညံ့လို့ လည်း ကလင်တန်တို့ ဒီမိုကရက် အစိုးရဟာ အရွယ်ရောက်နေတဲ့ ကာလတစ်လျှောက်လုံး အိုင် အက်စ်တွေကို လိုက်တိုက်ရင်း အချိန်ကုန်နေရတယ်လို့ ထိုးနှက် ခဲ့ပါတယ်။

ကလင်တန်က ‘‘ဒီညနေ တော့ အမေရိကန်မှာ ဖြစ်ထား သမျှ ကိစ္စတိုင်းအတွက် ကျွန်မတစ်ယောက်တည်း အပြစ်တင်ခံရ တော့မယ်နဲ့ တူပါတယ်’’လို့ ခပ်ရွဲ့ရွဲ့ပြောတဲ့အခါ ထရန့်က ကြားဖြတ်ပြီး ‘‘ဘာလို့ အဲဒီလိုမဖြစ်သင့် ရမှာလဲ’’လို့ ဆိုတယ်။ နားထောင် နေသူတွေက ရယ်ကြပါတယ်။ နောက်ပိုင်းမှာတော့ မူဝါဒရေးရာ ကနေကွဲထွက်ပြီး ပုဂ္ဂိုလ်ရေး ပြဿနာတွေကို ဖောက်ချတဲ့အ ဆင့်မျိုး တဖြည်းဖြည်းပြောင်းလာ တယ်။

ကလင်တန်က ထရန့်အနေနဲ့ သူ့ရဲ့ အခွန်ဆောင်မှုစာရင်းတွေ ကို ဖွင့်ချပြဖို့ နှောင့်နှေးနေတာကို အဓိကထိုးနှက်ပါတယ်။ ထရန့်ဟာ အဲဒီအချိန်မှာတော့ ခံစစ်အနေအထားကို ရောက်သွားခဲ့ တယ်။ ဒါပေမဲ့ ထရန့်က ကလင်တန်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အီး မေးလ်ဆာဗာထဲက ဖျက်ပစ်လိုက် တဲ့ အီးမေးလ်တွေထဲမှာ ဘာတွေ ပါသလဲဆိုတာကို ပြောပြရင် သူ့ရဲ့အခွန်မှတ်တမ်းတွေ ထုတ်ပြမယ်လို့ တုံ့ပြန်တော့ ကလင်တန် နည်းနည်း ဟန်ချက်ပျက်သွားပါတယ်။ ကလင်တန်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေတဲ့ လေးနှစ်တာအတောအတွင်းမှာ အစိုးရက သတ်မှတ်ပေးထားတာမဟုတ် ဘဲ ကိုယ်ပိုင်အီးမေးလ်ဆာဗာကို သုံးခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှု တွေ ခံယူခဲ့ရဖူးတယ်။ အဲဒီထဲကအီးမေးလ်တွေကို နောက်ပိုင်းမှာထုတ်ပြန်ပေမယ့် ကိုယ်ရေးကိုယ် တာနဲ့ အရေးကြီးအီးမေးလ်တွေ ကိုတော့ ချန်လှပ်ထားခဲ့တာကို ထရန့်က ထောက်ပြခဲ့တာပါ။

ထရန့်က ကလင်တန်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေက ပိုပြီးဘောင်လွတ်သလို ဖြစ်ခဲ့တာ တော့ မြင်သာပါတယ်။ ‘‘ကလင်တန်ဟာ တကယ့်ပုံသေကားကျ နိုင်ငံရေးသမားပဲ။ စကားပဲများနေတယ်။ ဘာမှ အလုပ်မလုပ်ဘူး။ ပြောလိုက်ရင်တော့ အကောင်း တွေချည်းပဲ။ အလုပ်မဖြစ်ဘူး။ ဘာမှ လက်တွေ့ဖြစ်မလာဘူး။ ကာကွယ်ရေးဝန်ကြီး ကလင်တန် လို လူစားမျိုးတွေကြောင့် ကျုပ်တို့နိုင်ငံသားတွေ ထိခိုက်နစ်နာနေ ကြတာ။ သူ့ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ် ချက်တွေက သက်ရောက်မှုတွေ အများကြီး ရှိခဲ့တယ်’’ဆိုတာမျိုး တိုက်ရိုက်ကျကျ စွပ်စွဲတာမျိုးတွေ ထရန့်က ပြောပါတယ်။

ထရန့်က ကလင်တန်ဟာ သမ္မတတာဝန်ကို ထမ်းဆောင်ဖို့ လုံလောက်အောင် သက်လုံ မကောင်းဘူးလို့ လှောင်ပြောင်တဲ့ အခါမှာတော့ ခြေလှမ်းတစ်ချက် မှားသွားတယ်။ ကလင်တန်က အေးစက်စက်နဲ့ သေလောက်တဲ့ အကြည့်မျိုး ပြန်ကြည့်ရင်း ‘‘တကယ်လို့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံပေါင်း ၁၁၂ ခုလောက်ကို ခရီးထွက်ဖူးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ အပစ်အ ခတ်ရပ်စဲမှု၊ အတိုက်အခံတွေ လွတ်မြောက်ရေး ညှိနှိုင်းမှုတွေမှာ ပါဝင်ဆောင်ရွက်ဖူးတယ်။ ကမ္ဘာ တစ်လွှားမှာ အခွင့်အလမ်းသစ် တွေ ထွန်းကားလာအောင် အားထုတ်ဆောင်ရွက်ဖူးတယ်။ လွှတ်တော်ကော်မတီတစ်ခုရဲ့ ရှေ့ မှောက်မှာ ၁၁ နာရီလောက် စစ် ဆေးခံထွက်ဆိုဖူးတယ်ဆိုရင် အဲဒီလူက ကျွန်မရဲ့ သက်လုံနဲ့ပတ် သက်ပြီး လာပြောချေ’’လို့ သာသာနဲ့နာနာ ပြန်နှက်လိုက်တာကြောင့် ပါ။

ကလင်တန်ဟာ အမေရိကန်ရဲ့ သမိုင်းကြောင်းမှာ ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု တွေမှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက် လို့ ချီးကျူးဂုဏ်တင်မှုတွေ အများ ကြီးလုပ်ခဲ့တယ်။ ထရန့်ကတော့ အမျိုးသမီးတွေကို လူသိရှင်ကြား စော်ကားမော်ကား ပြောဆိုဖူးပြီး ဘုတ်အီးကြီးဆိုတဲ့ စကားမျိုး ပြောခဲ့ဖူးတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ခွေးနဲ့ နှိုင်းဖူးတယ်။ တစ်ကြိမ်မှာတော့ အလှမယ်ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ အေလစ်ရှာ မာချာဒိုကို ထရန့်က‘‘ဝက်မကြီး၊ အိမ်ဖော်မကြီး’’ဆို တာမျိုး လှောင်ပြောင်ဖူးတယ်။ အဲဒါတွေကို ကလင်တန်က ပြန်ထောက်ပြခဲ့ပြီး ‘‘ထရန့်ရယ်၊ အဲဒီ အမျိုးသမီးမှာ ကိုယ်ပိုင်နာမည်ရှိ ပါတယ်’’လို့ ခပ်ပြုံးပြုံး ပြောကြား ပါတယ်။

ထရန့်အနေနဲ့ မဲဆွယ်မှုတွေ မှာ နှုတ်မစောင့်ခဲ့တဲ့ဒဏ်ကို အခုစကားစစ်ထိုးပွဲမှာ သိသိသာသာခံလိုက်ရတဲ့တစ်ချက်ကတော့ လူမျိုးရေး ခွဲခြားစော်ကားခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ထရန့်ဟာ အမေရိကန်ရဲ့ ပထမ ဆုံး အာဖရိကနွယ်ဖွား (လူမည်း) သမ္မတဖြစ်သူ အိုဘားမားဟာ အမေရိကန်မှာ မွေးဖွားခဲ့တာ မဟုတ်ဘူးလို့ အစဉ်တစိုက် စွပ်စွဲခဲ့တယ်။ သိပ်မကြာခင်ကမှ အို ဘားမားဟာ အမေရိကန်မှာ မွေး ဖွားပြီး ဖွဲ့စည်းပုံဥပဒေနဲ့အညီ သမ္မတဖြစ်လာတာကို လက်ခံကြောင်း ထရန့်က လေသံပြောင်းသွားပါတယ်။ ကလင်တန်က ဒီ အချက်ကို နင်းပါတယ်။

‘‘ထရန့်က လူမျိုးရေးခွဲခြား ဆက်ဆံချင်တယ်ဆိုတဲ့ မှတ်တမ်းမျိုး ရှည်ရှည်လျားလျား ရှိခဲ့တဲ့သူပါ။ ပြောရမယ်ဆိုရင် အမေရိကန် ရဲ့ ပထမဆုံးအာဖရိကနွယ်ဖွား သမ္မတတစ်ယောက်ကို သည်းမခံ နိုင်လောက်တဲ့ လွန်ကဲလွန်းတဲ့ စော်ကားပြောဆိုမှုတွေ လုပ်ခဲ့ဖူး တာ မျက်မြင်ထင်ရှားပဲလေ’’လို့ ကလင်တန်က ပြောပါတယ်။ ကလင်တန်က ထရန့်ကို နောက် တစ်ချက်ထိုးနှက်ခဲ့တာကတော့ ရုရှားသမ္မတ  ဗလာဒီမာပူတင်နဲ့ ထရန့်တို့ အပြန်အလှန် ဘုတ် ကျီးမြှောက်၊ ကျီးဘုတ်မြှောက် လုပ်နေကြတဲ့ကိစ္စပါ။ ထရန့်ဟာ ကလင်တန်ရဲ့ အီးမေးလ်ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ထုတ်ဖို့ ပူတင်အနေနဲ့ ရုရှားက ဟက်ကာတွေကို တောင် သုံးသင့်တယ်လို့ ပြောခဲ့ဖူး ပါတယ်။

ကလင်တန်က ‘‘အမေရိကန် မြေမှာ ပူတင်ရဲ့ ဟက်ကာတွေက ဆိုက်ဘာထိုးဖောက်မှုတွေ လုပ်သင့်ပါတယ်လို့တောင် ထရန့်ကလူသိရှင်ကြား ဖိတ်ခေါ်ခဲ့ဖူးတာ လေ။ ဒီသတင်းကိုကြားတော့ ကျွန်မ အရမ်းတုန်လှုပ်မိတယ်။ ဒါဟာ လက်မခံနိုင်စရာ ကိစ္စပါပဲ။ဒီလိုလူစားကို အမေရိကန်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ် ဖို့ ဘယ်လိုမှ မအပ်စပ်ပါဘူး’’လို့ ကလင်တန်က ဝေဖန်သွားခဲ့ တယ်။ အမေရိကန်သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လည်း တွဲဖက်တာဝန်ယူရပါ တယ်။

စကားစစ်ထိုးမှု အစီအစဉ် ကတော့ အပြန်အလှန်ဝေဖန်ရင်း၊ အပုပ်ချရင်း အဆုံးသတ်သွားခဲ့ပါ တယ်။ ဒါဟာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်းနှစ်ယောက် ထိပ်တိုက်တွေ့မယ့် စကားစစ်ထိုးမှု သုံးကြိမ် အနက် ပထမဆုံးဖြစ်ပါတယ်။ ပွဲအပြီးမှာ သမ္မတလောင်းနှစ် ယောက်ရဲ့ ကိုယ်စားလှယ်အဖွဲ့ အစည်းတွေက ရလဒ်ကို ကျေနပ်မှုရှိကြတယ်လို့ အသီးသီးကြေညာကြပေမယ့် အမှန်တကယ် ဘယ်သူက အသာစီးရခဲ့သလဲဆိုတာက မေးခွန်းထုတ်ချင်စရာပါ ပဲ။

အွန်လိုင်းစစ်တမ်း အများစု ကတော့ ကလင်တန်ဟာ ထရန့်ထက်စာရင် ရာခိုင်နှုန်းနည်းနည်း လောက် လူကြိုက်များမှု အသာစီးရထားတယ်လို့ ဆိုကြတယ်။ ကလင်တန်ဟာ စကားစစ်ထိုးမှု မှာ စင်းလုံးချော အကောင်းဆုံးဖြစ် ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်ဆင်မှုပိုင်း ပိုအားကောင်းခဲ့ တယ်ဆိုတာတော့ ထင်ထင်ရှား ရှား ပြသနိုင်ခဲ့တယ်။ အချက်အ လက်ပိုင်းမှာ ထရန့်ထက် ပိုပြီးနိုင်နိုင်နင်းနင်း ထုတ်နုတ်အသုံးချခဲ့ သလို ထရန့်ဟာ ကလင်တန်ရှေ့ မှာတော့ အိမ်စာမလုပ်လာတဲ့ ကျောင်းသားတစ်ယောက်လို ဗျာ များခဲ့တယ်လို့ မီဒီယာတချို့က ရေးသားခဲ့ကြတယ်။

CNN နဲ့ ORC တို့က ပူးတွဲကောက်ခံတဲ့ လူထုစစ်တမ်းမှာ တော့ ၆၂ ရာခိုင်နှုန်းလောက်က ကလင်တန်ကို အကြိုက်တွေ့ကြ တယ်။ ၂၇ ရာခိုင်နှုန်းကပဲ ထရန့် ပိုသာခဲ့တယ်လို့ မြင်ကြတယ်။ CNBC ရဲ့ စစ်တမ်းမှာတော့ ပြောင်းပြန်ပါ။ ၆၁ ရာခိုင်နှုန်းက ထရန့်နိုင်တယ်လို့ ယူဆပြီး ၃၉ ရာခိုင်နှုန်းကတော့ ကလင်တန်က ပိုထက်မြက်ခဲ့တယ်လို့ သုံးသပ် ကြတယ်။

အမေရိကန်မီဒီယာ အများစုကတော့ ကလင်တန်ကို အကြိုက် တွေ့ကြဟန်တူပါတယ်။ နယူးယောက်တိုင်းမ်က စကားစစ်ထိုးမှု မှာ သမ္မတလောင်းတစ်ယောက် ကသာ အလေးအနက် ရှိဟန်တူပြီး တခြားတစ်ယောက်က သူတစ်ပါး ကို အနိုင်အထက်ငြင်းခုံဖို့ပဲ သိပုံပေါ်တယ်လို့ ထရန့်ကို လှောင်ပြောင်ထားတယ်။ ဝါရှင်တန်ပို့စ် ကလည်း ထရန့်ဟာ နိုင်ငံရေးစကားစစ်ထိုးမှုကို လူပြိန်းကြိုက် တီဗီအစီအစဉ်တစ်ခုလို ခံယူထား ပုံပေါ်တယ်လို့ ရေးသားခဲ့တယ်။ ဖောက်စ်သတင်းဌာနကလည်း ဒီပွဲမှာ ထရန့်ဟာ အလူးအလဲခံခဲ့ရပြီး ဘယ်တုန်းကမှ ကလင်တန်အ ပေါ် အသာစီးမရခဲ့ဘူးလို့ဆို တယ်။ ဘရိတ်ဘတ် သတင်းဌာန ကတော့ ထရန့်ဘက်က ရှေ့နေ လိုက်ပါတယ်။ ဒိုင်လူကြီး ဟော့တ်က ကလင်တန် အသာစီးရအောင် ယိမ်းခဲ့တယ်လို့ စွပ်စွဲပြီး စာဖတ် ပရိသတ် ၇၅ ရာခိုင်နှုန်းက ထရန့်ဘက်ကရှိတယ်လို့ ဖော်ပြထား တယ်။

သမ္မတလောင်းနှစ်ယောက် ရဲ့ ပထမဆုံးတရားဝင် စကားစစ် ထိုးမှုကတော့ ရလဒ်ပိုင်း ခပ်ဝါး ဝါးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာဘယ်သူသာခဲ့သလဲဆိုရင်တော့ ကလင်တန်ဘက်က အမှတ်ပိုများ မယ်လို့ပဲ ယေဘုယျသုံးသပ်ရမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top