Property Expo
×

အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ေဘာလံုးစြမ္းရည္ တက္ေျမာက္ေနၿပီျဖစ္တဲ့ အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ေလး ေဂ်ဆြန္ကို မန္စီးတီးအပါအဝင္ ပရီးမီးယားလိဂ္ အသင္းႀကီးအခ်ိဳ႕က ေခၚယူဖို႔ စိတ္ဝင္စားေနၾကေၾကာင္း သိရပါတယ္။

ေဂ်ဆြန္ဟာ ဘယ္ေဘာလံုးကလပ္အသင္းမွာမွ ေလ့က်င့္ေနသူမဟုတ္ပဲ အိမ္မွာသာ သူ႔ရဲ႕မိခင္နဲ႔ ေန႔စဥ္ ေလ့က်င့္ေနသူျဖစ္ပါတယ္။ မိခင္ျဖစ္သူ ဂ်ိဳအန္ရက္ကလစ္ဖ္ကလည္း သူမသိသေလာက္ေဘာလံုးကန္ျခင္းစြမ္းရည္ေတြကို သားငယ္အတြက္ေလ့က်င့္ေပးၿပီး ေဂ်ဆြန္က ေနာက္ထပ္ အသက္ ၄ ႏွစ္အ႐ြယ္ အစ္ကိုျဖစ္သူနဲ႔ ေန႔စဥ္ ေဘာလံုးကစားပါတယ္။

မိခင္ဂ်ိဳအန္ကေတာ့ သားျဖစ္သူကို ေဘာလံုးကစားခြင့္ျပဳထားေပမယ့္ တစ္ေန႔မွာ နာမည္ေက်ာ္ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမား ျဖစ္လာဖို႔အတြက္ေတာ့ မရည္႐ြယ္ထားခဲ့တာ အမွန္ပဲလို႔ ဆိုပါတယ္။ သားျဖစ္သူရဲ႕ ေဘာလံုးစြမ္းရည္ျပေနတဲ့ ဗီဒီယိုဖိုင္ကုိ ေဖ့စ္ဘြတ္မွာ ဂ်ိဳအန္ကတင္ၿပီးေနာက္ပိုင္း ပိုလူသိမ်ားလာတာျဖစ္ပါတယ္။

တစ္ရက္မွာ မန္စီးတီးအသင္းရဲ႕ ေဘာလံုးကင္းေထာက္တစ္ဦးက သူမထံ ဖုန္းဆက္တဲ့အခါ အလြန္အံ့အားသင့္ခဲ့ရေၾကာင္း မိခင္ဂ်ိဳအန္က ေျပာပါတယ္။ သားျဖစ္သူ ေဂ်ဆြန္ကေတာ့ သံုးႏွစ္သာ ရွိေသးေပမယ့္ သူဘယ္ေတာ့ ေဘာလံုးအသင္းမွာ ကစားရမွာလည္း ဆိုတာ ေန႔တိုင္းေမးေနေလ့ရွိတယ္လို႔ ဂ်ိဳအန္က ေျပာပါတယ္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသက်အရွယ်နဲ့မလိုက်အောင် ဘောလုံးစွမ်းရည် တက်မြောက်နေပြီဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေး ဂျေဆွန်ကို မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးအချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

ဂျေဆွန်ဟာ ဘယ်ဘောလုံးကလပ်အသင်းမှာမှ လေ့ကျင့်နေသူမဟုတ်ပဲ အိမ်မှာသာ သူ့ရဲ့မိခင်နဲ့ နေ့စဉ် လေ့ကျင့်နေသူဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဂျိုအန်ရက်ကလစ်ဖ်ကလည်း သူမသိသလောက်ဘောလုံးကန်ခြင်းစွမ်းရည်တွေကို သားငယ်အတွက်လေ့ကျင့်ပေးပြီး ဂျေဆွန်က နောက်ထပ် အသက် ၄ နှစ်အရွယ် အစ်ကိုဖြစ်သူနဲ့ နေ့စဉ် ဘောလုံးကစားပါတယ်။

မိခင်ဂျိုအန်ကတော့ သားဖြစ်သူကို ဘောလုံးကစားခွင့်ပြုထားပေမယ့် တစ်နေ့မှာ နာမည်ကျော် ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်လာဖို့အတွက်တော့ မရည်ရွယ်ထားခဲ့တာ အမှန်ပဲလို့ ဆိုပါတယ်။ သားဖြစ်သူရဲ့ ဘောလုံးစွမ်းရည်ပြနေတဲ့ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်မှာ ဂျိုအန်ကတင်ပြီးနောက်ပိုင်း ပိုလူသိများလာတာဖြစ်ပါတယ်။

တစ်ရက်မှာ မန်စီးတီးအသင်းရဲ့ ဘောလုံးကင်းထောက်တစ်ဦးက သူမထံ ဖုန်းဆက်တဲ့အခါ အလွန်အံ့အားသင့်ခဲ့ရကြောင်း မိခင်ဂျိုအန်က ပြောပါတယ်။ သားဖြစ်သူ ဂျေဆွန်ကတော့ သုံးနှစ်သာ ရှိသေးပေမယ့် သူဘယ်တော့ ဘောလုံးအသင်းမှာ ကစားရမှာလည်း ဆိုတာ နေ့တိုင်းမေးနေလေ့ရှိတယ်လို့ ဂျိုအန်က ပြောပါတယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top