Kantharyar Centre
×

 ေရၾကည္ၿမိဳ႕နယ္တြင္ ပထမတန္း ေက်ာင္းသူတစ္ဦး အား ၀မ္းကြဲအစ္ကိုေတာ္စပ္သူက အဓမၼျပဳက်င့္၍ ေသဆံုးခဲ့ၿပီး အဆိုပါအမႈကို ထိထိေရာက္ေရာက္ ကိုင္တြယ္စစ္ေဆးေပးရန္ ေဒသတြင္း လူမႈေရးအဖြဲ႕မ်ားက ေတာင္းဆိုသည္။

ဧရာ၀တီတိုင္းေဒသႀကီး ေရ ၾကည္ၿမိဳ႕နယ္ ပုသိမ္-မံုရြာလမ္း ေဘးရွိ ကြၽန္းစိုက္ခင္းတစ္ခုတြင္ စက္တင္ဘာ ၂၆ ရက္ ညေနက ယင္းအမႈျဖစ္ပြားျခင္း ျဖစ္ေၾကာင္းေရၾကည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံး က အတည္ျပဳသည္။

ေရၾကည္ၿမိဳ႕နယ္ ကုန္းျပင္ ေက်းရြာ အမက စက္စက္ယို ေက်ာင္းတြင္ ပထမတန္းတက္ ေရာက္ေနေသာ အသက္ (၈) ႏွစ္ အရြယ္ ေက်ာင္းသူကို အစ္ကို၀မ္း ကြဲေတာ္စပ္သူ မိုးေဇာ္ဦးဆိုသူက အဓမၼျပဳက်င့္ျခင္းျဖစ္ေၾကာင္း ေရၾကည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအုပ္ ေက်ာ္ေက်ာ္မိုးက ေျပာၾကားသည္။ ေသဆံုးသူေက်ာင္းသူအား မိုးေဇာ္ဦးက ေက်ာင္းလာႀကိဳကာ ေက်ာင္းႏွင့္ အိမ္ၾကားရွိ ကြၽန္းခင္းအတြင္း ေခၚေဆာင္၍ အဓမၼျပဳက်င့္ၿပီး လည္ပင္းကိုညႇစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲအုပ္ေက်ာ္ ေက်ာ္မိုးက ေျပာသည္။

မိုးေဇာ္ဦးကို ရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၆ ရက္ ည ၁၁ နာရီခန္႔တြင္ ဖမ္းဆီးကာ ဆက္လက္စစ္ေဆးခ်က္အရ ေသဆံုးသူ ေက်ာင္းသူ၀တ္ဆင္ထားသည့္ နားကပ္ကိုယူရန္ ၎၏ မိန္းမႏွင့္ မိုးေဇာ္ဦးတို႔က တိုင္ပင္ခဲ့ၿပီး မိန္းမကို ပုသိမ္-မံုရြာလမ္းေပၚတြင္ ေစာင့္ခိုင္းခဲ့ေၾကာင္း၊ ေက်ာင္းသူအား ကြၽန္းၿခံအတြင္း ေခၚေဆာင္သြားေၾကာင္း၊ နားကပ္ကို ေတာင္းယူစဥ္မရေသာေၾကာင့္ အဓမၼျပဳက်င့္ကာ သတ္ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္ဟု သတင္းရရွိသည္။ ႐ုပ္အေလာင္းကို ကြၽန္းခင္းအတြင္းထားခဲ့ကာ နားကပ္ကို ေရာင္းခ်ခဲ့သည္ဟု ရဲအုပ္ေက်ာ္ေက်ာ္မိုးကေျပာသည္။

ထို႔ေၾကာင့္ မိုးေဇာ္ဦး၏ ဇနီးကိုပါ ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး လူသတ္မႈ၊ အဓမၼျပဳက်င့္မႈ၊ လုယက္မႈႏွင့္ ပူးေပါင္းႀကံစည္မႈ ဥပေဒပုဒ္မမ်ားျဖစ္ေသာ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၇၆/၃၉၂/၁၁၄ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိ သည္။

ေဒသတြင္းလူမႈေရးအဖြဲ႕ဦး ေဆာင္သူ ဦးလွမိုးအပါအ၀င္ လူ မႈေရးလုပ္ေဆာင္သူမ်ားက အဆို ပါအမႈကို ထိေရာက္စြာ စစ္ေဆး အေရးယူေပးရန္ ရဲတပ္ဖြဲ႕ႏွင့္ တရား႐ုံးသို႔ ေတာင္းဆိုမည္ျဖစ္ၿပီး ေစာင့္ၾကည့္မည္ဟုေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  ရေကြည်မြို့နယ်တွင် ပထမတန်း ကျောင်းသူတစ်ဦး အား ဝမ်းကွဲအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်၍ သေဆုံးခဲ့ပြီး အဆိုပါအမှုကို ထိထိရောက်ရောက် ကိုင်တွယ်စစ်ဆေးပေးရန် ဒေသတွင်း လူမှုရေးအဖွဲ့များက တောင်းဆိုသည်။


ဧရာဝတီတိုင်းဒေသကြီး ရေ ကြည်မြို့နယ် ပုသိမ်-မုံရွာလမ်း ဘေးရှိ ကျွန်းစိုက်ခင်းတစ်ခုတွင် စက်တင်ဘာ ၂၆ ရက် ညနေက ယင်းအမှုဖြစ်ပွားခြင်း ဖြစ်ကြောင်းရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က အတည်ပြုသည်။

ရေကြည်မြို့နယ် ကုန်းပြင် ကျေးရွာ အမက စက်စက်ယို ကျောင်းတွင် ပထမတန်းတက် ရောက်နေသော အသက် (၈) နှစ် အရွယ် ကျောင်းသူကို အစ်ကိုဝမ်း ကွဲတော်စပ်သူ မိုးဇော်ဦးဆိုသူက အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ကျော်ကျော်မိုးက ပြောကြားသည်။ သေဆုံးသူကျောင်းသူအား မိုးဇော်ဦးက ကျောင်းလာကြိုကာ ကျောင်းနှင့် အိမ်ကြားရှိ ကျွန်းခင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး လည်ပင်းကိုညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ကျော် ကျော်မိုးက ပြောသည်။

မိုးဇော်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီခန့်တွင် ဖမ်းဆီးကာ ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူ ကျောင်းသူဝတ်ဆင်ထားသည့် နားကပ်ကိုယူရန် ၎င်း၏ မိန်းမနှင့် မိုးဇော်ဦးတို့က တိုင်ပင်ခဲ့ပြီး မိန်းမကို ပုသိမ်-မုံရွာလမ်းပေါ်တွင် စောင့်ခိုင်းခဲ့ကြောင်း၊ ကျောင်းသူအား ကျွန်းခြံအတွင်း ခေါ်ဆောင်သွားကြောင်း၊ နားကပ်ကို တောင်းယူစဉ်မရသောကြောင့် အဓမ္မပြုကျင့်ကာ သတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။ ရုပ်အလောင်းကို ကျွန်းခင်းအတွင်းထားခဲ့ကာ နားကပ်ကို ရောင်းချခဲ့သည်ဟု ရဲအုပ်ကျော်ကျော်မိုးကပြောသည်။

ထို့ကြောင့် မိုးဇော်ဦး၏ ဇနီးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှုနှင့် ပူးပေါင်းကြံစည်မှု ဥပဒေပုဒ်မများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆/၃၉၂/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိ သည်။

ဒေသတွင်းလူမှုရေးအဖွဲ့ဦး ဆောင်သူ ဦးလှမိုးအပါအဝင် လူ မှုရေးလုပ်ဆောင်သူများက အဆို ပါအမှုကို ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် ရဲတပ်ဖွဲ့နှင့် တရားရုံးသို့ တောင်းဆိုမည်ဖြစ်ပြီး စောင့်ကြည့်မည်ဟုပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top