Property Expo
×




Credit: Trend Myanmar

#Unicode Version

စပျစ်ဝိုင်နဲ့ ပတ်သက်ရင် သိထားရမယ့် အရေးကြီး အကြံပြုချက်တစ်ခု ရှိပါတယ်။ ဝိုင်ပုလင်းတွေကို စင်ပေါ်မှာ ထောင်မတ်ထားမယ့်အစား အလျားလိုက်ပဲ သိမ်းထားသင့်တဲ့ အကြောင်းအရင်းကောင်းတချို့ရှိပါတယ်။

စပျစ်ဝိုင်ထားတဲ့ အထူးနည်းလမ်းတစ်ခုပါ။ အရသာပိုကောင်းစေရုံတင်မက၊ ပိုမိုကြာရှည်ခံအောင် အာမခံပေးပါတယ်။ ဒီနည်းအတိုင်း သိမ်းထားခြင်းဖြင့် အချက် ၃ ချက်ကို ဆောင်ရွက်ပြီးသားဖြစ်စေပါတယ်။ ပုလင်းအောက်ခြေမှာ ဝိုင်အနည်ထိုင်တာမျိုးမဖြစ်စေ၊၊ ဝိုင်ပုလင်းဖုံးဖော့အဆို့ စိုစွတ်နေစေတဲ့အပြင် လေပူဖောင်းတွေကို ပုလင်းတစ်ဖက်သို့ တွန်းပို့ပါတယ်။ ဒီအချက် သုံးချက်လုံးက ဝိုင်နဲ့ အောက်စီဂျင်ထိတွေ့မှု အနည်းဆုံး ထိန်းသိမ်းပေးပါလိမ့်မယ်။

ဘာကြောင့် ဒါအရေးကြီးသလဲ။ စပျစ်ဝိုင်နဲ့ အောက်စီဂျင်ထိတွေ့ခြင်းက အနံ့အရသာမျိုးစုံပေါင်းစပ်မှုဖွဲ့စည်းမှု ဖြစ်ပွားစေပါတယ်။ အပြန်အလှန်တုံ့ပြန်မှုများလွန်းခြင်းက စပျစ်ဝိုင်ကို ရှာလကာရည်အဖြစ် ပြောင်းလဲတတ်ပါတယ်။ ဝိုင်ပုလင်းကို အလျားလိုက်ထားခြင်းဖြင့် ပုလင်းဖုံးအဆို့စိုစွတ်ပြီး အရမ်းကျုံ့မသွားအောင် သေချာဂရုစိုက်ပါ။ အောက်စီဂျင်ကန့်သတ်လိုက်ပြီး ဝိုင်သောက်သုံးနိုင်တဲ့ သက်တမ်းလည်း ကြာရှည်ခံစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top