Property Expo
×

 အင္းစိန္ၿမိဳ႕နယ္ အေရွ႕ ႀကိဳ႕ကုန္းရပ္ကြက္တြင္ မိဘႏွစ္ပါးအား ဓားျဖင့္ထုိးခဲ့သည့္ GTI ေက်ာင္းသားႏွင့္ ၎၏သူငယ္ ခ်င္းကို စက္တင္ဘာ ၁၄ ရက္က ႐ုံးထုတ္ခဲ့ၿပီး တရားလို ဦးထင္ေက်ာ္အား စစ္ေဆးခဲ့ေၾကာင္း သတင္းရရွိသည္။


‘‘တရား႐ုံးထဲမွာေတာ့ ဒီအမႈ လမ္းေၾကာင္းအတုိင္းပဲ အဓိက ေမးသြားတာပါ။ အခင္းျဖစ္တုန္း က ျဖစ္ခဲ့တာေတြကို အဓိကထြက္ဆိုခဲ့တာ။ ေနာက္ၿပီး ပစၥည္းေလးေတြေပါ့၊ ေပ်ာက္တဲ့ပစၥည္းေတြ ဟုတ္လား၊ မဟုတ္လား ေမးတာ ဒါပါပဲ’’ ဟု မိခင္ကုိ ဓားျဖင့္ထုိးခဲ့သည့္ ေနမင္းထင္၏ဖခင္ တရားလုိဦးထင္ေက်ာ္က ဆုိ သည္။

အဆိုပါအမႈကို အင္းစိန္ၿမိဳ႕ နယ္ တရားသူႀကီးက တာ၀န္ယူ စစ္ေဆးခဲ့ၿပီး ၾသဂုတ္ ၃၁ ရက္က က်ဴးလြန္သူဟု စြပ္စဲြခံထားရသူ အသက္(၁၉)ႏွစ္အရြယ္ ေနမင္း ထင္ႏွင့္ ၎၏သူငယ္ခ်င္း ဥပေဒဒုတိယႏွစ္ေက်ာင္းသား မင္းျပည့္စုံတို႔ႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ ေလးခုျဖင့္ တရားစဲြဆိုခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕နယ္တရား႐ုံးမွ သိရသည္။

 ေမွာ္ဘီနည္းပညာတကၠ သိုလ္တြင္ BE (Civil) ပထမႏွစ္ တက္ေရာက္ေနသည့္  ေနမင္းထင္ႏွင့္ ၎၏သူငယ္ခ်င္း မင္းျပည့္ စုံတို႔ႏွစ္ဦးကို အင္းစိန္ၿမိဳ႕နယ္ တရား႐ုံးက လူသတ္မႈက်ဴးလြန္ရန္ အားထုတ္မႈပုဒ္မ ၃၀၇၊ ေဘးျဖစ္ေစေသာ လက္နက္ျဖင့္ နာက်င္ေစမႈပုဒ္မ ၃၂၄၊ ေဘးျဖစ္ေစေသာ လက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၂၆ ႏွင့္ လုယက္မႈက်ဴးလြန္ရန္ အားထုတ္မႈ ပုဒ္မ ၃၉၄ တုိ႔ျဖင့္ တရားစဲြဆိုခဲ့သည္။

ၿပီးခဲ့သည့္ ဇူလုိင္ ၃၀ ရက္ နံနက္ ၁၂ နာရီခဲြခန္႔က ေနမင္းထင္ႏွင့္ မင္းျပည့္စုံတို႔ႏွစ္ဦးသည္ အနက္ေရာင္၀တ္စုံ အျပည့္၀တ္ဆင္ကာ ေနမင္းထင္၏ မိခင္အား ဓားျဖင့္ စတင္ထိုးခဲ့ေၾကာင္း ဦးထင္ေက်ာ္ကဆုိသည္။

မိခင္ျဖစ္သူ အသက္ (၄၄) ႏွစ္အရြယ္ အမ်ဳိးသမီးကို သားျဖစ္ သူ ေနမင္းထင္က အ႐ိုးအသြား  ၁၀ လက္မခန္႔ရွိသည့္ ဓားဦးခြၽန္ ျဖင့္ထုိးခဲ့ၿပီး မင္းျပည့္စုံက အ႐ိုးအ သြား ၁၂ လက္မခန္႔ရွိသည့္ ဓားဦးခြၽန္ျဖင့္ ထုိးခဲ့ေၾကာင္း ၎တို႔ထြက္ ေျပးသြားခ်ိန္တြင္လည္း ေလာ့ကတ္သီးပါ ေရႊဆဲြႀကိဳးတစ္ကုံးပါ သြားေၾကာင္း ဦးထင္ေက်ာ္က ဆုိသည္။

သားျဖစ္သူက ဓားျဖင့္ ထုိးသျဖင့္ မိခင္၏၀မ္းဗိုက္တြင္ ထုိးသြင္းဒဏ္ရာႏွစ္ခ်က္၊ အသက္(၅၀)ႏွစ္အရြယ္ ဖခင္၏ ၀မ္းဗုိက္ႏွင့္ ၀ဲဘက္လက္ေကာက္၀တ္တို႔ တြင္ ျပတ္ရွဒဏ္ရာ၊ ဦးေခါင္းတြင္ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ အင္းစိန္ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသထားရေၾကာင္း အင္းစိန္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အင်းစိန်မြို့နယ် အရှေ့ ကြို့ကုန်းရပ်ကွက်တွင် မိဘနှစ်ပါးအား ဓားဖြင့်ထိုးခဲ့သည့် GTI ကျောင်းသားနှင့် ၎င်း၏သူငယ် ချင်းကို စက်တင်ဘာ ၁၄ ရက်က ရုံးထုတ်ခဲ့ပြီး တရားလို ဦးထင်ကျော်အား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


‘‘တရားရုံးထဲမှာတော့ ဒီအမှု လမ်းကြောင်းအတိုင်းပဲ အဓိက မေးသွားတာပါ။ အခင်းဖြစ်တုန်း က ဖြစ်ခဲ့တာတွေကို အဓိကထွက်ဆိုခဲ့တာ။ နောက်ပြီး ပစ္စည်းလေးတွေပေါ့၊ ပျောက်တဲ့ပစ္စည်းတွေ ဟုတ်လား၊ မဟုတ်လား မေးတာ ဒါပါပဲ’’ ဟု မိခင်ကို ဓားဖြင့်ထိုးခဲ့သည့် နေမင်းထင်၏ဖခင် တရားလိုဦးထင်ကျော်က ဆို သည်။

အဆိုပါအမှုကို အင်းစိန်မြို့ နယ် တရားသူကြီးက တာဝန်ယူ စစ်ဆေးခဲ့ပြီး သြဂုတ် ၃၁ ရက်က ကျူးလွန်သူဟု စွပ်စွဲခံထားရသူ အသက်(၁၉)နှစ်အရွယ် နေမင်း ထင်နှင့် ၎င်း၏သူငယ်ချင်း ဥပဒေဒုတိယနှစ်ကျောင်းသား မင်းပြည့်စုံတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ လေးခုဖြင့် တရားစွဲဆိုခဲ့ကြောင်း အင်းစိန်မြို့နယ်တရားရုံးမှ သိရသည်။

 မှော်ဘီနည်းပညာတက္က သိုလ်တွင် BE (Civil) ပထမနှစ် တက်ရောက်နေသည့်  နေမင်းထင်နှင့် ၎င်း၏သူငယ်ချင်း မင်းပြည့် စုံတို့နှစ်ဦးကို အင်းစိန်မြို့နယ် တရားရုံးက လူသတ်မှုကျူးလွန်ရန် အားထုတ်မှုပုဒ်မ ၃၀၇၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄၊ ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ နှင့် လုယက်မှုကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၉၄ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် နံနက် ၁၂ နာရီခွဲခန့်က နေမင်းထင်နှင့် မင်းပြည့်စုံတို့နှစ်ဦးသည် အနက်ရောင်ဝတ်စုံ အပြည့်ဝတ်ဆင်ကာ နေမင်းထင်၏ မိခင်အား ဓားဖြင့် စတင်ထိုးခဲ့ကြောင်း ဦးထင်ကျော်ကဆိုသည်။

မိခင်ဖြစ်သူ အသက် (၄၄) နှစ်အရွယ် အမျိုးသမီးကို သားဖြစ် သူ နေမင်းထင်က အရိုးအသွား  ၁၀ လက်မခန့်ရှိသည့် ဓားဦးချွန် ဖြင့်ထိုးခဲ့ပြီး မင်းပြည့်စုံက အရိုးအ သွား ၁၂ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် ထိုးခဲ့ကြောင်း ၎င်းတို့ထွက် ပြေးသွားချိန်တွင်လည်း လော့ကတ်သီးပါ ရွှေဆွဲကြိုးတစ်ကုံးပါ သွားကြောင်း ဦးထင်ကျော်က ဆိုသည်။

သားဖြစ်သူက ဓားဖြင့် ထိုးသဖြင့် မိခင်၏ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ အသက်(၅၀)နှစ်အရွယ် ဖခင်၏ ဝမ်းဗိုက်နှင့် ဝဲဘက်လက်ကောက်ဝတ်တို့ တွင် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း အင်းစိန်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top