Property Expo
×




Credit : Duwun

#Unicode Version

မျက်လုံးနှစ်လုံးစလုံး မပါတဲ့ ကလေးတစ်ဦးကို စက်တင်ဘာ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ 

အဆိုပါ ကလေးဟာ Anophthalmia လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်မျိုးကို ခံစားရတာဖြစ်ပြီး မျက်လုံးတစ်ရှုး လုံးဝမပါသလောက်မျိုး ဖြစ်နေတာပါ။   ကလေးရဲ့ အမေဖြစ်သူက Liu Peihua ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ကလေးကို အသေးစိတ်စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်နေတယ်လို့ သိရပါတယ်။

 ဒီလိုအခြေအနေမျိုးဟာ ကလေးပေါင်းတစ်သိန်းမှာ တစ်ယောက်ဖြစ်ဖို့ ခဲယဉ်းပြီး ကလေးဟာ မျက်စိမြင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။  တရုတ်နိုင်ငံက မီဒီယာတွေက မျက်လုံးမပါတဲ့ကလေး အဖြစ်ဖော်ပြနေကြပြီး မမွေးခင်စစ်ဆေးမှုတွေမှာလည်း ဒီလိုအခြေအနေကို ကြိုတင်မသိရှိခဲ့ဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top