Property Expo
×

၁ - ႏို႔ေအး

ျဖစ္ပြားတဲ့ေနရာကို ေရနဲ႔ေဆးျပီး အနည္းငယ္အေျခာက္ခံလိုက္ပါ။

ခြက္တစ္ခြက္ထဲ ႏြားႏုိ႔နဲ႔ ေရခဲတုန္းအခ်ိဳ႕ကိုထည့္ျပီး အဆုိပါ ႏြားႏို႔ေအးေအးကို ေနေလာင္ခံထားရတဲ့ အသားအေရေပၚမွာ လိမ္းရမွာ ျဖစ္ပါတယ္။ လိမ္းျပီး ၁၀ မိနစ္ ၁၅ မိနစ္ၾကာတဲ့အခါ ႏြားႏို႔ေတြက ေျခာက္သြားပါလိမ့္မယ္။ ဒီအခါမွာ ေရနဲ႔ျပန္ေဆးေပးရမွာ ျဖစ္ပါတယ္။ တစ္ေန႔ကို ႏွစ္ၾကိမ္ေလာက္ လုပ္ေပးသင့္ပါတယ္။

၂ - ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဟာ အသားအေရကို နဂိုအေနထား ျပန္ေရာက္လာေစဖို႔ ကူညီေပးပါတယ္။ လုပ္နည္းကလည္း ႏို႔ေအးအတုိင္းပဲ ျဖစ္ပါတယ္။ ျဖစ္ပြားတဲ့ေနရာကို ဒိန္ခ်ဥ္နဲ႔လိမ္းကာ  ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ ထားေပးရမွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ ေရနဲ႔ ေဆးခ်ရမွာ ျဖစ္ပါတယ္။

၃ - ၾကက္ဥ

ၾကက္ဥအျဖဴေရာင္အႏွစ္ကို သံုးရမွာျဖစ္ပါတယ္။ လိေမၼာ္သီးအႏွစ္နဲ႔ ေရာေပးလို႔လည္း ရပါတယ္။ လိေမၼာ္သီးႏွစ္ ၂ ဇြန္းစာေလာက္နဲ႔ ၾကက္ဥအျဖဴႏွစ္ကိုေရာျပီး ေခါက္ေပးရမွာျဖစ္ပါတယ္။  ရလာတဲ့အႏွစ္နဲ႔ ေနေလာင္တဲ့ေနရာကို လိမ္းေပးရမွာ ျဖစ္ပါတယ္။ လိုအပ္ရင္ ထူထူေလးလိမ္းေပးျပီး ေျခာက္လာတဲ့အခါ ေရေအးနဲ႔ ေဆးခ်လိုက္ရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

၁ - နို့အေး

ဖြစ်ပွားတဲ့နေရာကို ရေနဲ့ဆေးပြီး အနည်းငယ်အခြောက်ခံလိုက်ပါ။

ခွက်တစ်ခွက်ထဲ နွားနို့နဲ့ ရေခဲတုန်းအချို့ကိုထည့်ပြီး အဆိုပါ နွားနို့အေးအေးကို နေလောင်ခံထားရတဲ့ အသားအရေပေါ်မှာ လိမ်းရမှာ ဖြစ်ပါတယ်။ လိမ်းပြီး ၁၀ မိနစ် ၁၅ မိနစ်ကြာတဲ့အခါ နွားနို့တွေက ခြောက်သွားပါလိမ့်မယ်။ ဒီအခါမှာ ရေနဲ့ပြန်ဆေးပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

၂ - ဒိန်ချဉ်

ဒိန်ချဉ်ဟာ အသားအရေကို နဂိုအနေထား ပြန်ရောက်လာစေဖို့ ကူညီပေးပါတယ်။ လုပ်နည်းကလည်း နို့အေးအတိုင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့နေရာကို ဒိန်ချဉ်နဲ့လိမ်းကာ  ၁၀ မိနစ် ၁၅ မိနစ်လောက် ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

၃ - ကြက်ဥ

ကြက်ဥအဖြူရောင်အနှစ်ကို သုံးရမှာဖြစ်ပါတယ်။ လိမ္မော်သီးအနှစ်နဲ့ ရောပေးလို့လည်း ရပါတယ်။ လိမ္မော်သီးနှစ် ၂ ဇွန်းစာလောက်နဲ့ ကြက်ဥအဖြူနှစ်ကိုရောပြီး ခေါက်ပေးရမှာဖြစ်ပါတယ်။  ရလာတဲ့အနှစ်နဲ့ နေလောင်တဲ့နေရာကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ထူထူလေးလိမ်းပေးပြီး ခြောက်လာတဲ့အခါ ရေအေးနဲ့ ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top