ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

ကရင္ျပည္နယ္အတြင္း ျဖစ္ပြားေနေသာတိုက္ပြဲမ်ားအတြင္း DKBAခြဲထြက္အဖြဲ႔မွ ဗိုလ္မွဴးႀကီး ေစာဆန္းေအာင္မွာ စက္တင္ဘာလ ၁၅ ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း ဒဏ္ရာရ႐ွိခဲ့ၿပီး မဲေဆာက္ေဆးရံုတြင္ ေဆးကုသေနေၾကာင္းသိရသည္။
ကရင္နယ္ျခားေစာင့္ BGFတပ္ဖြဲ႔မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး စက္တင္ဘာ ၁၅ ရက္ေန႔ ဝါးကလုိ႔ လူးကုန္း စခန္းသိမ္းတိုက္ပြဲအတြင္း ဗိုလ္မွဴးႀကီးေစာဆန္းေအာင္ ဒဏ္ရာရ႐ွိခဲ့ျခင္းျဖစ္ေၾကာင္း BGFတပ္ဖြဲ႔ဝင္မ်ားထံမွ သိရသည္။

ဝါးကလို႔လူးကုန္း စခန္းကို စက္တင္ဘာလ ၁၅ ရက္ေန႔ ညေန ၅နာရီခြဲခန္႔တြင္ သိမ္းႏို္င္ခဲ့ၿပီး ရန္သူဘက္မွ အက်အ႐ွံုးမ်ားေၾကာင္း ႏွင့္ ယင္းထဲတြင္ ၄င္းပါဝင္သည္ဟု ကနဦးၾကားသိရၿပီး လက္႐ွိတြင္ ဒဏ္ရာျဖင့္ မဲေဆာက္တြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း BDF တပ္ဖြဲ႔မွ သတင္းရ႐ွိသည္။

ဒဏ္ရာရ႐ွိခဲ့သည့္ ေစာဆန္းေအာင္အား မဲေဆာက္ ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ေဆးကုသေနၿပီး ဒဏ္ရာျပင္းထန္ေၾကာင္းသိရသည္။
ကရင္ျပည္နယ္ မဲသေဝါေဒသတြင္ ယခု စက္တင္ဘာလဆန္းမွ စတင္ၿပီး နယ္ျခားေစာင့္ BGFတပ္ဖြဲ႔ႏွင့္ DKBAခြဲထြက္ ဗိုလ္မွဴးႀကီး ေစာဆန္းေအာင္ တပ္ဖြဲ႔တို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ စစ္ေဘးေ႐ွာင္ ဒုကၡသည္မ်ားအား ၿမိဳင္ႀကီးဂူ ဆရာေတာ္ ဦးေဆာင္ၿပီး ကူညီေဆာင္ရြက္လ်က္႐ွိေၾကာင္းသိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Development Media Group

#Unicode Version
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း DKBAခွဲထွက်အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသနေကြောင်းသိရသည်။
ကရင်နယ်ခြားစောင့် BGFတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာ ၁၅ ရက်နေ့ ဝါးကလို့ လူးကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း BGFတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဝါးကလို့လူးကုန်း စခန်းကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် သိမ်းနိုင်ခဲ့ပြီး ရန်သူဘက်မှ အကျအရှုံးများကြောင်း နှင့် ယင်းထဲတွင် ၎င်းပါဝင်သည်ဟု ကနဦးကြားသိရပြီး လက်ရှိတွင် ဒဏ်ရာဖြင့် မဲဆောက်တွင် ဆေးကုသမှု ခံယူနေရကြောင်း BDF တပ်ဖွဲ့မှ သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သည့် စောဆန်းအောင်အား မဲဆောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသနေပြီး ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။
ကရင်ပြည်နယ် မဲသဝေါဒေသတွင် ယခု စက်တင်ဘာလဆန်းမှ စတင်ပြီး နယ်ခြားစောင့် BGFတပ်ဖွဲ့နှင့် DKBAခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင် တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်များအား မြိုင်ကြီးဂူ ဆရာတော် ဦးဆောင်ပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:Development Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top