Property Expo
×

ေျမာက္ကုိရီးယား အေ႐ွ႕ေျမာက္ပုိင္း ေဒသေတြမွာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈေၾကာင့္ ေနအိမ္အလုံးေပါင္း ေသာင္းနဲ႕ခ်ီၿပီး ပ်က္စီးဆုံး႐ႈံးခဲ့ေၾကာင္း ႏုိင္ငံပုုိင္သတင္းဌာနက ယေန႕ (စက္တင္ဘာ ၁၁ ရက္) ေျပာၾကားပါတယ္။

ေျမာက္ကုိရီးယား အစုိးရက စစ္သားနဲ႕ အရပ္သားအားလုံးကုိ ေရေဘးသင့္သူကို ကူညီၾကရန္ တုိက္တြန္းထားတယ္လို႕ ဆုိပါတယ္။ ေရႀကီးမႈေၾကာင့္ လူေသဆုံးမႈ အေရအတြက္နဲ႕ ပ်က္စီးဆုံး႐ႈံးမႈ အတိအက်ကုိေတာ့ ေျမာက္ကုိရီးယားအစုိးရပုိင္ KCNA သတင္းက ေျပာၾကားခဲ့ျခင္း မ႐ွိပါဘူး။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ေျမာက္ကုိရီးယားအစုိးရ အခ်က္အလက္မ်ားကုိ ကိုးကားၿပီး ကုလသမဂၢ အစီရင္ခံစာမွာ ေဖာ္ျပမႈအရ ေရႀကီးမႈမ်ားေၾကာင့္ လူ ၆၀ ေသဆုံးခဲ့ၿပီး တူမင္းျမစ္တစ္ေလွ်ာက္မွာ ေနထုိင္သူ ၄၄,၀၀၀ ေက်ာ္ အိုးအိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။ အဆုိပါျမစ္ဟာ ေျမာက္ကုိရီးယား၊ တ႐ုတ္နဲ႕ ႐ု႐ွား သုံးႏုိင္ငံကုိ ျဖတ္သန္းစီးဆင္းတဲ့ ျမစ္တစ္စင္းလည္း ျဖစ္ပါတယ္။

ေျမာက္ကုိရီးယား အလုပ္သမားပါတီ ဗဟုိေကာ္မတီကုိ ကုိးကားၿပီး KCNA သတင္းမွာ ယေန႕ ေဖာ္ျပခဲ့မႈအရ ေရႀကီးမႈေတြေၾကာင့္ ေနအိမ္နဲ႕ အမ်ားျပည္သူပုိင္ အေဆာက္အအုံမ်ား ေသာင္းနဲ႕ခ်ီ ပ်က္စီးခဲ့ၿပီး ရထားလမ္းမ်ား၊ ကားလမ္းမ်ား၊ ဓာတ္အားေပးစနစ္မ်ား၊ စက္႐ုံမ်ားနဲ႕ စုိက္ပ်ဳိးေျမမ်ား ပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

 မြောက်ကိုရီးယား အရှေ့မြောက်ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် နေအိမ်အလုံးပေါင်း သောင်းနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုုင်သတင်းဌာနက ယနေ့ (စက်တင်ဘာ ၁၁ ရက်) ပြောကြားပါတယ်။

မြောက်ကိုရီးယား အစိုးရက စစ်သားနဲ့ အရပ်သားအားလုံးကို ရေဘေးသင့်သူကို ကူညီကြရန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် လူသေဆုံးမှု အရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှု အတိအကျကိုတော့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ပြောကြားခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြောက်ကိုရီးယားအစိုးရ အချက်အလက်များကို ကိုးကားပြီး ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြမှုအရ ရေကြီးမှုများကြောင့် လူ ၆၀ သေဆုံးခဲ့ပြီး တူမင်းမြစ်တစ်လျှောက်မှာ နေထိုင်သူ ၄၄,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါမြစ်ဟာ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်တစ်စင်းလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီကို ကိုးကားပြီး KCNA သတင်းမှာ ယနေ့ ဖော်ပြခဲ့မှုအရ ရေကြီးမှုတွေကြောင့် နေအိမ်နဲ့ အများပြည်သူပိုင် အဆောက်အအုံများ သောင်းနဲ့ချီ ပျက်စီးခဲ့ပြီး ရထားလမ်းများ၊ ကားလမ်းများ၊ ဓာတ်အားပေးစနစ်များ၊ စက်ရုံများနဲ့ စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top