Property Expo
×
၁ - လွယ်တဲ့အလုပ်
၂ - ရှင်း
၃ - သီချင်း
Credit : Duwun
#Unicode Version
၁ - လွယ်တဲ့အလုပ်
အမြန်ဆုံးပြီးမယ့်အလုပ်ကို အရင်ဆုံးရွေးလုပ်ပါ။ သင်လုပ်ရတာ သဘောကျတယ်၊ ပျော်တယ်ဆိုတဲ့ အလုပ်မျိုးကို အရင်ဆုံးရွေးလုပ်လိုက်ပါ။ ဒီအလုပ်က အချိန်လည်း သိပ်မယူတဲ့အလုပ်မျိုးဆို အကောင်းဆုံးပါပဲ။
စားပွဲကို ရှင်းလိုက်တာမျိုးကလည်း အဆင်ပြေပါတယ်။ လုပ်ငန်းတစ်ခုပြီးမြောက်သွားပြီဆိုတဲ့ စိတ်ခံစားချက်က ထိုင်းမှိုင်းတာတွေပျောက်သွားပြီး နောက်တစ်ခုဆက်လုပ်ဖို့ တွန်းအား ဖြစ်လာပါလိမ့်မယ်။
၂ - ရှင်း
မလိုအပ်တဲ့ အရာသုံးခုကို ဖယ်ရှားပါ။ မှင်ကုန်နေတဲ့ ဘောပင်၊ မလိုတဲ့စာရွက် စတဲ့ ပစ္စည်းသုံးမျိုးကို လွှင့်ပစ်ကြည့်ပါ။ အနားပဲ့နေတဲ့ ခွက်ရှိရင် လွှင့်ပစ်လိုက်ပါ။ မလိုအပ်တာတွေကို ရှင်းလိုက်ပြီဆိုတဲ့ခံစားချက်က သင့်စိတ်ကို ပေါ့ပါးစေပါတယ်။
၃ - သီချင်း
သီချင်းနားထောင်ပါ။ သင်စိတ်အားတက်ကြွတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်ပါ။ တစ်ပုဒ်ပြီးတာနဲ့ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်မျိုးလည်း တစ်ခါတည်း မွေးထားဖို့ လိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top