Kantharyar Centre
×

တ႐ုတ္ႏိုင္ငံံက မဂၤလာဧည့္ခံပြဲတစ္ခုမွာ အရက္အလြန္အကၽြံေသာက္ခဲ့မိတဲ့ သတို႔သမီးဟာ ေသဆံုးသြားခဲ့ေၾကာင္း သိရပါတယ္။ မဂၤလာဧည့္ခံပြဲမွာ မိတ္ေဆြေတြရဲ႕ တိုက္တြန္းခ်က္ေၾကာင့္ ေသာက္မိရာကေန အခုလိုအျဖစ္ဆိုး ႀကံဳေတြ႔ခဲ့ရတာပါ။

စက္တင္ဘာ ၁၁ ရက္ေန႔က ျပဳလုပ္တဲ့ မဂၤလာပြဲကို တက္ေရာက္လာတဲ့ အမ်ိဳးသားမိတ္ေဆြတစ္စုက Baijiu လို႔ေခၚတဲ့ တ႐ုတ္႐ိုးရာ အရက္တစ္မ်ိဳးကို ေသာက္ဖို႔ စိန္ေခၚခဲ့တာျဖစ္ပါတယ္။ အဲဒီအရက္ဟာ အယ္လ္ကိုေဟာ ပမာဏ ၄၀ ကေန ၆၀ ရာခိုင္ႏႈန္းအထိ ပါဝင္ေလ့ ရွိတယ္လို႔ သိရပါတယ္။ ျပည္တြင္းသတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ဝမ္ခ်မ္းၿမိဳ႕ေတာ္ေဆး႐ံုမွာ အဆိုပါသတို႔သမီး ကြယ္လြန္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္အရ အဆိုပါအမ်ိဳးသားသမီးဟာ ဖန္ခြက္ခပ္ႀကီးႀကီး တစ္ခြက္ကို မိတ္ေဆြေတြနဲ႔အတူ ေသာက္သံုးေနခဲ့တာပါ။ အဲဒီေနာက္ လမ္းေတာင္မေလွ်ာက္ႏုိင္ေတာ့တဲ့ သူမကို ခရီးေဆာင္အိတ္ေတြသယ္တဲ့ တြန္းလွည္းနဲ႔ ေခၚသြားခဲ့ရၿပီး ေဆး႐ံုပို႔ခဲ့ရပါတယ္။ ေဆး႐ံုမွာ သူမဟာ ေသြးေတြအန္ၿပီး ေသဆံုးသြားခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တရုတ်နိုင်ငံံက မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ အရက်အလွန်အကျွံသောက်ခဲ့မိတဲ့ သတို့သမီးဟာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ မင်္ဂလာဧည့်ခံပွဲမှာ မိတ်ဆွေတွေရဲ့ တိုက်တွန်းချက်ကြောင့် သောက်မိရာကနေ အခုလိုအဖြစ်ဆိုး ကြုံတွေ့ခဲ့ရတာပါ။

စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ အမျိုးသားမိတ်ဆွေတစ်စုက Baijiu လို့ခေါ်တဲ့ တရုတ်ရိုးရာ အရက်တစ်မျိုးကို သောက်ဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအရက်ဟာ အယ်လ်ကိုဟော ပမာဏ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်လေ့ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဝမ်ချမ်းမြို့တော်ဆေးရုံမှာ အဆိုပါသတို့သမီး ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ အဆိုပါအမျိုးသားသမီးဟာ ဖန်ခွက်ခပ်ကြီးကြီး တစ်ခွက်ကို မိတ်ဆွေတွေနဲ့အတူ သောက်သုံးနေခဲ့တာပါ။ အဲဒီနောက် လမ်းတောင်မလျှောက်နိုင်တော့တဲ့ သူမကို ခရီးဆောင်အိတ်တွေသယ်တဲ့ တွန်းလှည်းနဲ့ ခေါ်သွားခဲ့ရပြီး ဆေးရုံပို့ခဲ့ရပါတယ်။ ဆေးရုံမှာ သူမဟာ သွေးတွေအန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top