Property Expo
×

အခြင့္အေရးရရွိပါက သ႐ုပ္ေဆာင္လုပ္ငန္းကို ယခုထက္ပိုမိုေဆာင္ရြက္ျဖစ္မည္ဟု ေမာ္ဒယ္ ခင္႐ူပက ေျပာၾကား သည္။

‘‘ညီမက ႐ိႈးပြဲေလွ်ာက္တာနဲ႔ ဓာတ္ပံု႐ိုက္တာေလာက္ကိုပဲ ပို လုပ္ျဖစ္တယ္။ ႐ုပ္ရွင္႐ိုက္တာက အဆက္စပ္မရွိတာရယ္၊ ညီမက အခ်ိန္မေပးႏုိင္တာရယ္၊ ဝါသနာနဲ႔ အရမ္းမတိုက္ဆုိင္တာရယ္၊ အဆက္အသြယ္ရယ္ေၾကာင့္ သိပ္မ႐ိုက္ျဖစ္ဘူး။ အခြင့္အေရးရရင္ ရသလို ကိုယ့္အတြက္ ေကာင္းတာဆုိရင္ ဘယ္သူမဆို လုပ္ခ်င္ၾကတာဆုိေတာ့ ညီမလည္း အခြင့္အေရး ရမယ္ဆုိရင္ လုပ္ျဖစ္မွာပါ’’ဟု ခင္႐ူပက ေျပာသည္။

ခင္႐ူပသည္ ‘ဝါစိမ္းနီ ကမၻာသိမ္းမည္’ဇာတ္လမ္းတြဲတြင္ ဗီလိန္ဇာတ္႐ုပ္ေနရာ၌ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး အဆုိပါ ဇာတ္႐ုပ္သည္ ၎အတြက္ ခက္ ခဲေသာ္လည္း လုပ္ကြက္ရ၍ ႀကိဳးစားသ႐ုပ္ေဆာင္ခဲ့သည္ဟုဆုိသည္။

‘‘ဒီကားမွာက မ်က္ႏွာသစ္ျဖစ္တာတစ္ေၾကာင္း၊ လက္ဦး ဆရာ ဦးညီညီထြန္းလြင္က ေျမေတာင္ေျမႇာက္ေပးတဲ့သေဘာနဲ႔ ညီမကို လုပ္ခုိင္းတယ္။ ညီမလုပ္တဲ့ ကာ႐ိုက္တာက ခက္တဲ့အထဲမွာပါတယ္။ တခ်ိဳ႕အိုက္တင္ေတြဆုိ မရတာေလးေတြ၊ ခက္တာေလးေတြရိွတယ္။ ဒါေပမဲ့ ညီမအတြက္ လုပ္ကြက္ပါမယ့္ေနရာတစ္ခုကို ဆရာေပးခဲ့တာမ်ိဳးျဖစ္လုိ႔ ေသခ်ာေတာ့ ႀကိဳးစားအားသြင္းၿပီးေတာ့ သ႐ုပ္ေဆာင္ခဲ့ပါတယ္’’ ဟု ခင္႐ူပကေျပာသည္။

အဆုိပါ ဇာတ္လမ္းတြဲတြင္ ခင္႐ူပသည္ မင္းဦး၊ ေနဆန္း၊ ညီထြဋ္ေခါင္၊ စည္ၿဖိဳး၊ မ်ိဳးသႏၲာထြန္း၊ ၾကည္လဲ့လဲ့ဦး၊ ေအးျမတ္သူ၊ ယြန္းယြန္းတုိ႔ႏွင့္အတူ ပါဝင္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အခွင့်အရေးရရှိပါက သရုပ်ဆောင်လုပ်ငန်းကို ယခုထက်ပိုမိုဆောင်ရွက်ဖြစ်မည်ဟု မော်ဒယ် ခင်ရူပက ပြောကြား သည်။

‘‘ညီမက ရှိုးပွဲလျှောက်တာနဲ့ ဓာတ်ပုံရိုက်တာလောက်ကိုပဲ ပို လုပ်ဖြစ်တယ်။ ရုပ်ရှင်ရိုက်တာက အဆက်စပ်မရှိတာရယ်၊ ညီမက အချိန်မပေးနိုင်တာရယ်၊ ဝါသနာနဲ့ အရမ်းမတိုက်ဆိုင်တာရယ်၊ အဆက်အသွယ်ရယ်ကြောင့် သိပ်မရိုက်ဖြစ်ဘူး။ အခွင့်အရေးရရင် ရသလို ကိုယ့်အတွက် ကောင်းတာဆိုရင် ဘယ်သူမဆို လုပ်ချင်ကြတာဆိုတော့ ညီမလည်း အခွင့်အရေး ရမယ်ဆိုရင် လုပ်ဖြစ်မှာပါ’’ဟု ခင်ရူပက ပြောသည်။

ခင်ရူပသည် ‘ဝါစိမ်းနီ ကမ္ဘာသိမ်းမည်’ဇာတ်လမ်းတွဲတွင် ဗီလိန်ဇာတ်ရုပ်နေရာ၌ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ရုပ်သည် ၎င်းအတွက် ခက် ခဲသော်လည်း လုပ်ကွက်ရ၍ ကြိုးစားသရုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

‘‘ဒီကားမှာက မျက်နှာသစ်ဖြစ်တာတစ်ကြောင်း၊ လက်ဦး ဆရာ ဦးညီညီထွန်းလွင်က မြေတောင်မြှောက်ပေးတဲ့သဘောနဲ့ ညီမကို လုပ်ခိုင်းတယ်။ ညီမလုပ်တဲ့ ကာရိုက်တာက ခက်တဲ့အထဲမှာပါတယ်။ တချို့အိုက်တင်တွေဆို မရတာလေးတွေ၊ ခက်တာလေးတွေရှိတယ်။ ဒါပေမဲ့ ညီမအတွက် လုပ်ကွက်ပါမယ့်နေရာတစ်ခုကို ဆရာပေးခဲ့တာမျိုးဖြစ်လို့ သေချာတော့ ကြိုးစားအားသွင်းပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်’’ ဟု ခင်ရူပကပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲတွင် ခင်ရူပသည် မင်းဦး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စည်ဖြိုး၊ မျိုးသန္တာထွန်း၊ ကြည်လဲ့လဲ့ဦး၊ အေးမြတ်သူ၊ ယွန်းယွန်းတို့နှင့်အတူ ပါဝင်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top