Property Expo
×

မဂၤလာေစ်းမီးေလာင္ၿပီး ေနာက္ ကုိးလခန္႔ၾကာသည္အ ထိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးေကာ္မတီအေနျဖင့္ ေစ်း အသစ္တည္ေဆာက္ေရးလုပ္ငန္း  မ်ား လုပ္ေဆာင္ျခင္း မရိွေသး ေသာေၾကာင့္ ေစ်းသူေစ်းသား မ်ားက ဆႏၵထုတ္ေဖာ္ရန္ စီစဥ္လ်က္ရိွေၾကာင္း သတင္းရရိွ သည္။

‘‘ေစ်းသူေစ်းသားေတြရဲ႕ တူ ညီတဲ့ သေဘာထားကေတာ့ မဂၤ လာေစ်းကုိ အျမန္ဆံုးေဆာင္ရြက္ ေပးဖို႔ပဲ။ ေရွ႕မွာ ရွစ္လေက်ာ္ ေစာင့္ခဲ့ရၿပီးၿပီ။ အမ်ားႀကီးသည္း ခံခဲ့ရတယ္။ ဘယ္လုိမွသည္းခံလို႔ မရေတာ့ဘူး။ စည္ပင္သာယာရဲ႕ လုပ္ေဆာင္ခ်က္ထူးျခားမႈမရိွရင္ ေတာ့ ဆႏၵထုတ္ေဖာ္တာေတြ ျပဳ လုပ္သြားမယ္’’ ဟု ေျမညီထပ္ ေကာ္မရွင္ ေဒၚခင္သန္းေဌးက ေျပာသည္။

မဂၤလာေစ်းကုိ အျမန္ဆံုး ျပန္လည္တည္ေဆာက္ေပးရန္ စက္တင္ဘာ ၆ ရက္တြင္ ေစ်း ၀င္းအတြင္း ေစ်းသူေစ်းသားမ်ား ကစုေပါင္း၍ ဆႏၵထုတ္ေဖာ္ရန္ စီ စဥ္ခဲ့ေသာ္လည္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တာ၀န္ရိွသူမ်ားက စက္တင္ဘာ    ၅ ရက္၌ ေစ်းသူေစ်းသားမ်ား ကုိ ေခၚယူကာ ေဆြးေႏြးခဲ့ေသာ ေၾကာင့္ ဆႏၵထုတ္ေဖာ္ပဲြ ပ်က္ ျပယ္ခဲ့သည္။

‘‘စည္ပင္သာယာက အျမန္ ဆံုးလုပ္ေပးမယ္။ စီစဥ္ေပးမယ္ လို႔ေျပာတာေၾကာင့္ ဆႏၵထုတ္ ေဖာ္ပြဲ မျပဳလုပ္ေတာ့တာ’’ဟု မဂၤ လာေစ်းဆုိင္ပုိင္ရွင္တစ္ဦးျဖစ္သူ ေဒၚညိဳညိဳဦးက ေျပာသည္။

သုိ႔ေသာ္ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအ ေနျဖင့္ မဂၤလာေစ်းႏွင့္ပတ္သက္ ၍ အျမန္ဆံုးလုပ္ေဆာင္ေပးရန္ လိုအပ္ၿပီး လက္ေတြ႕တြင္ လုပ္ ေဆာင္ခ်က္ထူးျခားမႈ မရိွပါက ဆႏၵထုတ္ေဖာ္ပြဲမ်ား ဆက္တုိက္ ျပဳလုပ္မည္ဟု ေစ်းသူေစ်းသား အခ်ိဳ႕က ေျပာသည္။

‘‘ဆႏၵျပခြင့္ျပဳတာ ဟစ္တုိင္ ကြင္း။ အန္တီတုိ႔က ေစ်း၀င္းထဲ ပဲ ဆႏၵထုတ္ေဖာ္ခ်င္တာ။ မီး ေလာင္သြားတဲ့ေစ်းကို ေနာက္ခံ ထားၿပီးေတာ့ေပါ့။ ဒါမွေစ်းရဲ႕ ပံု ရိပ္ကုိ ျမင္မွာ။ စက္တင္ဘာ ၁၂ ရက္ေန႔ ဆႏၵထုတ္ေဖာ္ဖုိ႔လည္း စီ စဥ္ထားတယ္။ ဘယ္ႏွႀကိမ္၊ ဘယ္အခ်ိန္ထိလုပ္သြားမလဲဆိုတာ စည္ပင္သာယာရဲ႕ လုပ္ေဆာင္ ခ်က္အေပၚ မူတည္တယ္။ ေလာ ေလာဆယ္မေျပာႏုိင္ေသးဘူး’’ ဟု ေဒၚခင္သန္းေဌးက ေျပာ ၾကားသည္။

စက္တင္ဘာ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီႏွင့္ ေစ်းသူေစ်း သားမ်ားေတြ႕ဆံုမႈ၌ ေကာ္မတီ ၀င္ (၅) ေဒၚသန္းျမင့္ေအာင္က ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီး ခ်ဳပ္ႏွင့္ ၿမိဳ႕ေတာ္၀န္တုိ႔ ျပည္ပ ခရီးစဥ္မွ ျပန္လာခ်ိန္တြင္ ေစ်း သူေစ်းသားမ်ား၏ ဆႏၵကို ျဖည့္ဆည္းေပးရန္ တင္ျပသြားမည္ ျဖစ္ၿပီး ၎တို႔၏ လမ္းၫႊန္ခ်က္ အတုိင္း အဆင့္ျမင့္ေစ်းႀကီးျဖစ္ လာရန္ တည္ေဆာက္ေပးမည္ ဟု ေျပာၾကားခဲ့ေၾကာင္း အစည္းအ ေ၀းသို႔ တက္ေရာက္ခ့ဲသူမ်ားထံမွ သိရသည္။

ဇန္န၀ါရီ ၉ ရက္ နံနက္ ၁ နာရီခန္႔တြင္ မဂၤလာေစ်းတတိ ယထပ္မွစတင္ကာ မီးေလာင္ ကြၽမ္းခဲ့ၿပီး ဆုိင္ခန္းေပါင္း ၁,၆၃၆ ခန္း ပ်က္စီးဆံုး႐ႈံးခဲ့ကာ ခန္႔မွန္း တန္ဖိုး က်ပ္ ၃၆၀,၆၀၂ သိန္းထိ ဆံုး႐ႈံးခဲ့ေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီး မီးသတ္ဦးစီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မင်္ဂလာဈေးမီးလောင်ပြီး နောက် ကိုးလခန့်ကြာသည်အ ထိ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ဈေး အသစ်တည်ဆောက်ရေးလုပ်ငန်း  များ လုပ်ဆောင်ခြင်း မရှိသေး သောကြောင့် ဈေးသူဈေးသား များက ဆန္ဒထုတ်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။

‘‘ဈေးသူဈေးသားတွေရဲ့ တူ ညီတဲ့ သဘောထားကတော့ မင်္ဂ လာဈေးကို အမြန်ဆုံးဆောင်ရွက် ပေးဖို့ပဲ။ ရှေ့မှာ ရှစ်လကျော် စောင့်ခဲ့ရပြီးပြီ။ အများကြီးသည်း ခံခဲ့ရတယ်။ ဘယ်လိုမှသည်းခံလို့ မရတော့ဘူး။ စည်ပင်သာယာရဲ့ လုပ်ဆောင်ချက်ထူးခြားမှုမရှိရင် တော့ ဆန္ဒထုတ်ဖော်တာတွေ ပြု လုပ်သွားမယ်’’ ဟု မြေညီထပ် ကော်မရှင် ဒေါ်ခင်သန်းဌေးက ပြောသည်။

မင်္ဂလာဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန် စက်တင်ဘာ ၆ ရက်တွင် ဈေး ဝင်းအတွင်း ဈေးသူဈေးသားများ ကစုပေါင်း၍ ဆန္ဒထုတ်ဖော်ရန် စီ စဉ်ခဲ့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက စက်တင်ဘာ    ၅ ရက်၌ ဈေးသူဈေးသားများ ကို ခေါ်ယူကာ ဆွေးနွေးခဲ့သော ကြောင့် ဆန္ဒထုတ်ဖော်ပွဲ ပျက် ပြယ်ခဲ့သည်။

‘‘စည်ပင်သာယာက အမြန် ဆုံးလုပ်ပေးမယ်။ စီစဉ်ပေးမယ် လို့ပြောတာကြောင့် ဆန္ဒထုတ် ဖော်ပွဲ မပြုလုပ်တော့တာ’’ဟု မင်္ဂ လာဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ညိုညိုဦးက ပြောသည်။

သို့သော်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအ နေဖြင့် မင်္ဂလာဈေးနှင့်ပတ်သက် ၍ အမြန်ဆုံးလုပ်ဆောင်ပေးရန် လိုအပ်ပြီး လက်တွေ့တွင် လုပ် ဆောင်ချက်ထူးခြားမှု မရှိပါက ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက် ပြုလုပ်မည်ဟု ဈေးသူဈေးသား အချို့က ပြောသည်။

‘‘ဆန္ဒပြခွင့်ပြုတာ ဟစ်တိုင် ကွင်း။ အန်တီတို့က ဈေးဝင်းထဲ ပဲ ဆန္ဒထုတ်ဖော်ချင်တာ။ မီး လောင်သွားတဲ့ဈေးကို နောက်ခံ ထားပြီးတော့ပေါ့။ ဒါမှဈေးရဲ့ ပုံ ရိပ်ကို မြင်မှာ။ စက်တင်ဘာ ၁၂ ရက်နေ့ ဆန္ဒထုတ်ဖော်ဖို့လည်း စီ စဉ်ထားတယ်။ ဘယ်နှကြိမ်၊ ဘယ်အချိန်ထိလုပ်သွားမလဲဆိုတာ စည်ပင်သာယာရဲ့ လုပ်ဆောင် ချက်အပေါ် မူတည်တယ်။ လော လောဆယ်မပြောနိုင်သေးဘူး’’ ဟု ဒေါ်ခင်သန်းဌေးက ပြော ကြားသည်။

စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် ဈေးသူဈေး သားများတွေ့ဆုံမှု၌ ကော်မတီ ဝင် (၅) ဒေါ်သန်းမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် မြို့တော်ဝန်တို့ ပြည်ပ ခရီးစဉ်မှ ပြန်လာချိန်တွင် ဈေး သူဈေးသားများ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် တင်ပြသွားမည် ဖြစ်ပြီး ၎င်းတို့၏ လမ်းညွှန်ချက် အတိုင်း အဆင့်မြင့်ဈေးကြီးဖြစ် လာရန် တည်ဆောက်ပေးမည် ဟု ပြောကြားခဲ့ကြောင်း အစည်းအ ဝေးသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီခန့်တွင် မင်္ဂလာဈေးတတိ ယထပ်မှစတင်ကာ မီးလောင် ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ကာ ခန့်မှန်း တန်ဖိုး ကျပ် ၃၆၀,၆၀၂ သိန်းထိ ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top