Kantharyar Centre
×

မေန႔ညက ကစားခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ပြဲစဥ္အၿပီးမွာေတာ့ ေဘာလံုး တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ လီဗာပူးလ္ ေနာက္ခံလူေဟာင္း ကာေရဂါက ခ်ယ္လ္ဆီးအသင္းရဲ႕ ေနာက္တန္းကစားပံုကို ေဝဖန္လုိက္ပါတယ္။

ကာေရဂါဟာဆိုရင္ေတာ့ လီဗာပူးလ္ေနာက္ခံလူ လုိဗရန္ရဲ႕ ဦးေဆာင္ဂိုးကို ခ်ယ္လ္ဆီးအသင္းေနာက္တန္းေတြ လြယ္လြယ္ခြင့္ျပဳလုိက္ရတာကို အဓိက ေထာက္ျပသြားခဲ့တာပါ။

ေကာ္တင္ဟုိရဲ႕ ေသသပ္တဲ့ ျဖတ္တင္ေဘာကို marking လြတ္ေနတဲ့ အေနအထားကေန လိုဗရန္က ကန္သြင္းဦးေဆာင္ခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ ဒုတိယဂုိးကိုလည္း အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဂုိးဧရိယာ အျပင္ဘက္ကေန လွလွပပ အျပင္းကန္သြင္းရယူေပးခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းကေတာ့ မိနစ္ေျခာက္ဆယ္မွာ တိုက္စစ္မွဴးေကာ္စတာရဲ႕ ေခ်ပဂိုးတစ္ဂုိးျပန္လည္ ရယူႏုိင္ခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာ ရလဒ္ကို ေျပာင္းလဲႏုိင္ခဲ့ျခင္းမရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ထိပ္ဆံုးေနရာကေန ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးေကာင္းကို လက္လြတ္လိုက္ရတာျဖစ္ပါတယ္။



ကာေရဂါကေတာ့ ပထမပိုင္းအၿပီး သံုးသပ္မႈမွာ “ကၽြန္ေတာ္ နားမလည္ႏုိင္တာက ခ်ယ္လ္ဆီးေနာက္တန္းကစားပံုကိုပါပဲ။ သူတို႔သာ ဇုန္လုိက္ marking နဲ႔ တစ္ေယာက္ခ်င္း marking ကို ေသခ်ာ လုပ္ေနမယ္ဆိုရင္ လုိဗရန္ရဲ႕ဂိုးကို အခုလုိ လြယ္လြယ္နဲ႔ ခြင့္ျပဳေပးရမယ္လို႔ မထင္ပါဘူး။ ေနာက္တန္းကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို အ့ံအားသင့္မိပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းကေတာ့ ဒီပြဲမွာ အသင္းေခါင္းေဆာင္ေနာက္ခံလူ တယ္ရီမပါဝင္ခဲ့လို႔ ေနာက္တန္းဦးေဆာင္မႈပိုင္းမွာ နားလည္မႈေတြ လြဲေနခဲ့ၿပီး ဂယ္ရီကာေဟးလ္နဲ႔ ေဒးဗစ္လုဇ္တို႔ရဲ႕ ဗဟုိခံစစ္က အမွားမ်ားေနခဲ့တာကို ေတြ႕ရပါတယ္။ ဂိုးသမား ေကာ္တုိအာရဲ႕႔ လက္စြမ္းျပမႈေၾကာင့္သာ ႏွစ္ဂိုးသာခြင့္ျပဳခဲ့ရတာျဖစ္ၿပီး နည္းျပ ကြန္တီကေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ေနာက္တန္းလုိအပ္ခ်က္ကို လာမယ့္ပြဲေတြမွာ အေကာင္းဆံုးအေနအထားနဲ႔ ျပန္လည္ ျပင္ဆင္သြားဖြယ္ရွိေနပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာတော့ ဘောလုံး တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းကစားပုံကို ဝေဖန်လိုက်ပါတယ်။

ကာရေဂါဟာဆိုရင်တော့ လီဗာပူးလ်နောက်ခံလူ လိုဗရန်ရဲ့ ဦးဆောင်ဂိုးကို ချယ်လ်ဆီးအသင်းနောက်တန်းတွေ လွယ်လွယ်ခွင့်ပြုလိုက်ရတာကို အဓိက ထောက်ပြသွားခဲ့တာပါ။

ကော်တင်ဟိုရဲ့ သေသပ်တဲ့ ဖြတ်တင်ဘောကို marking လွတ်နေတဲ့ အနေအထားကနေ လိုဗရန်က ကန်သွင်းဦးဆောင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဒုတိယဂိုးကိုလည်း အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဂိုးဧရိယာ အပြင်ဘက်ကနေ လှလှပပ အပြင်းကန်သွင်းရယူပေးခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ မိနစ်ခြောက်ဆယ်မှာ တိုက်စစ်မှူးကော်စတာရဲ့ ချေပဂိုးတစ်ဂိုးပြန်လည် ရယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ ရလဒ်ကို ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာကနေ ဦးဆောင်နိုင်မယ့် အခွင့်အရေးကောင်းကို လက်လွတ်လိုက်ရတာဖြစ်ပါတယ်။


ကာရေဂါကတော့ ပထမပိုင်းအပြီး သုံးသပ်မှုမှာ “ကျွန်တော် နားမလည်နိုင်တာက ချယ်လ်ဆီးနောက်တန်းကစားပုံကိုပါပဲ။ သူတို့သာ ဇုန်လိုက် marking နဲ့ တစ်ယောက်ချင်း marking ကို သေချာ လုပ်နေမယ်ဆိုရင် လိုဗရန်ရဲ့ဂိုးကို အခုလို လွယ်လွယ်နဲ့ ခွင့်ပြုပေးရမယ်လို့ မထင်ပါဘူး။ နောက်တန်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အံ့အားသင့်မိပါတယ်” လို့ ပြောကြားခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ဒီပွဲမှာ အသင်းခေါင်းဆောင်နောက်ခံလူ တယ်ရီမပါဝင်ခဲ့လို့ နောက်တန်းဦးဆောင်မှုပိုင်းမှာ နားလည်မှုတွေ လွဲနေခဲ့ပြီး ဂယ်ရီကာဟေးလ်နဲ့ ဒေးဗစ်လုဇ်တို့ရဲ့ ဗဟိုခံစစ်က အမှားများနေခဲ့တာကို တွေ့ရပါတယ်။ ဂိုးသမား ကော်တိုအာရဲ့ လက်စွမ်းပြမှုကြောင့်သာ နှစ်ဂိုးသာခွင့်ပြုခဲ့ရတာဖြစ်ပြီး နည်းပြ ကွန်တီကတော့ ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းလိုအပ်ချက်ကို လာမယ့်ပွဲတွေမှာ အကောင်းဆုံးအနေအထားနဲ့ ပြန်လည် ပြင်ဆင်သွားဖွယ်ရှိနေပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top