Property Expo
×

 ေမာ္ေတာ္ယာဥ္စီးေရ ျမင့္တက္လာမႈႏွင့္ စက္မႈႏွင့္လယ္ ယာက႑တြင္ စက္သံုးဆီသံုးစဲြမႈ မ်ားလာျခင္းေၾကာင့္ ႏွစ္္အလိုက္ စက္သံုးဆီတင္သြင္းမႈ အေရအ တြက္သည္ သိသာစြာျမင့္တက္ခဲ့ ၿပီး သံုးႏွစ္အတြင္း သံုးဆတက္ခဲ့ ေၾကာင္း စက္မႈႏွင့္စြမ္းအင္၀န္ႀကီး ဌာန အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

‘‘ႏွစ္အလိုက္တင္သြင္းမႈႏႈန္း က သိသိသာသာတက္လာတယ္။ အနည္းဆံုးတစ္ႏွစ္နဲ႔ တစ္ႏွစ္တင္ သြင္းမႈႏႈန္းက ဂါလန္သန္းရာခ်ီ တက္လာတာျဖစ္ပါတယ္။ တင္ သြင္းမႈမ်ားလာသေလာက္ ႏုိင္ငံ ျခားေငြသံုးစဲြမႈကလည္းမ်ားလာ ပါတယ္’’ဟု အထက္ပါပုဂၢိဳလ္က ဆုိသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပမွ စက္သံုးဆီ တင္သြင္းမႈမွာ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ဓာတ္ဆီ (ေအာက္တိန္း)ႏွင့္ ဒီ ဇယ္ႏွစ္မ်ိဳးေပါင္း ဂါလန္ ၄၀၀ခန္႔၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္ တြင္ ဂါလန္သန္း ၈၀၀ ခန္႔ တင္ သြင္းမႈ ျပဳလုပ္ခဲ့ၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ တင္သြင္းမႈမွာ ဂါလန္သန္း ၁,၁၀၀ ေက်ာ္ ရွိလာခဲ့ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

ျပည္ပမွ စက္သံုးဆီ  တင္ သြင္းမႈ အေရအတြက္သည္ သံုး ႏွစ္တာကာလအတြင္း သံုးဆခန္႔ ျမင့္တက္လာျခင္းျဖစ္သည္။

ျပည္ပမွ စက္သံုးဆီကို ကုမၸဏီ ၁၁ ခုက တင္သြင္းေနၿပီးျပည္တြင္း၌ စက္သံုးဆီအေရာင္းဆုိင္ ၁,၉၀၀ ခန္႔က ျပန္လည္ျဖန္႔ျဖဴးေရာင္းခ်ေပးေနျခင္း ျဖစ္သည္။

 ျမန္မာႏုိင္ငံတြင္ အဆုိပါ သံုးႏွစ္တာကာလအတြင္း ေရႀကီး နစ္ျမဳပ္မႈႏွင့္ သဘာ၀ေဘး ႀကံဳ ေတြ႕မႈမ်ားရွိခဲ့ၿပီး ယင္းျဖစ္စဥ္မ်ား မရွိခဲ့ပါက စက္သံုးဆီသံုးစဲြႏႈန္းမွာ ယခုထက္ပိုမိုမ်ားျပားႏုိင္သည္ဟု စက္သံုးဆီလုပ္ငန္း ကၽြမ္းက်င္သူ မ်ားက မွတ္ခ်က္ျပဳသည္။

 ‘‘မိုးတြင္း  ကာလေတြမွာ ေတာ့ အေရာင္းပါးတယ္။ ပြင့္ လင္းရာသီဆုိရင္ေတာ့ အေရာင္း စံခ်ိန္တင္ေလ့ရွိတယ္’’ဟု မက္စ္ စက္သံုးဆီအေရာင္းဆိုင္ခဲြ မန္ေန ဂ်ာတစ္ဦးက ေျပာသည္။

ျပည္ပမွ စက္သံုးဆီ တင္ သြင္းမႈႏႈန္း ျမင့္တက္လာသကဲ့သုိ႔ ေရနံစိမ္းေစ်းမွာလည္း ယခင္ႏွစ္ထက္ ျမင့္တက္ခဲ့သည္။

၂၀၁၅ စက္တင္ဘာလကုန္ က ကမၻာ့ေရနံစိမ္းေစ်း တစ္စည္လွ်င္ ၄၂ ေဒၚလာခန္႔သာ ရွိၿပီး ယခုအခါ ၅၄ ေဒၚလာခန္႔သို႔ ေရာက္ရွိေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မော်တော်ယာဉ်စီးရေ မြင့်တက်လာမှုနှင့် စက်မှုနှင့်လယ် ယာကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှု များလာခြင်းကြောင့် နှစ်အလိုက် စက်သုံးဆီတင်သွင်းမှု အရေအ တွက်သည် သိသာစွာမြင့်တက်ခဲ့ ပြီး သုံးနှစ်အတွင်း သုံးဆတက်ခဲ့ ကြောင်း စက်မှုနှင့်စွမ်းအင်ဝန်ကြီး ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

‘‘နှစ်အလိုက်တင်သွင်းမှုနှုန်း က သိသိသာသာတက်လာတယ်။ အနည်းဆုံးတစ်နှစ်နဲ့ တစ်နှစ်တင် သွင်းမှုနှုန်းက ဂါလန်သန်းရာချီ တက်လာတာဖြစ်ပါတယ်။ တင် သွင်းမှုများလာသလောက် နိုင်ငံ ခြားငွေသုံးစွဲမှုကလည်းများလာ ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီ (အောက်တိန်း)နှင့် ဒီ ဇယ်နှစ်မျိုးပေါင်း ဂါလန် ၄၀၀ခန့်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဂါလန်သန်း ၈၀၀ ခန့် တင် သွင်းမှု ပြုလုပ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တင်သွင်းမှုမှာ ဂါလန်သန်း ၁,၁၀၀ ကျော် ရှိလာခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ပြည်ပမှ စက်သုံးဆီ  တင် သွင်းမှု အရေအတွက်သည် သုံး နှစ်တာကာလအတွင်း သုံးဆခန့် မြင့်တက်လာခြင်းဖြစ်သည်။

ပြည်ပမှ စက်သုံးဆီကို ကုမ္ပဏီ ၁၁ ခုက တင်သွင်းနေပြီးပြည်တွင်း၌ စက်သုံးဆီအရောင်းဆိုင် ၁,၉၀၀ ခန့်က ပြန်လည်ဖြန့်ဖြူးရောင်းချပေးနေခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံတွင် အဆိုပါ သုံးနှစ်တာကာလအတွင်း ရေကြီး နစ်မြုပ်မှုနှင့် သဘာဝဘေး ကြုံ တွေ့မှုများရှိခဲ့ပြီး ယင်းဖြစ်စဉ်များ မရှိခဲ့ပါက စက်သုံးဆီသုံးစွဲနှုန်းမှာ ယခုထက်ပိုမိုများပြားနိုင်သည်ဟု စက်သုံးဆီလုပ်ငန်း ကျွမ်းကျင်သူ များက မှတ်ချက်ပြုသည်။

 ‘‘မိုးတွင်း  ကာလတွေမှာ တော့ အရောင်းပါးတယ်။ ပွင့် လင်းရာသီဆိုရင်တော့ အရောင်း စံချိန်တင်လေ့ရှိတယ်’’ဟု မက်စ် စက်သုံးဆီအရောင်းဆိုင်ခွဲ မန်နေ ဂျာတစ်ဦးက ပြောသည်။

ပြည်ပမှ စက်သုံးဆီ တင် သွင်းမှုနှုန်း မြင့်တက်လာသကဲ့သို့ ရေနံစိမ်းဈေးမှာလည်း ယခင်နှစ်ထက် မြင့်တက်ခဲ့သည်။

၂၀၁၅ စက်တင်ဘာလကုန် က ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် ၄၂ ဒေါ်လာခန့်သာ ရှိပြီး ယခုအခါ ၅၄ ဒေါ်လာခန့်သို့ ရောက်ရှိနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top