Property Expo
×

တံေတြးဘာေၾကာင့္ထြက္လဲ၊ တံေတြးမွာဘာေတြပါသလဲဆိုတာကို စဥ္းစားၾကည့္ဖူးပါသလား။ နာဖာေခ်းလိုပဲတံေတြးမွာလည္း စိတ္၀င္စားစရာ အခ်က္ေတြရွိပါတယ္။ ေလ့လာၾကည့္ရေအာင္ -

1. တစ္ေန႔ကိုတံေတြးဘယ္ေလာက္ထြက္လဲ

ခံတြင္းအတြင္းမွာတံေတြးထုတ္ေပးႏိုင္တဲ့ ဂလန္းသံုးခုရွိပါတယ္။ ၎ဂလန္း 3 ခုမွ တစ္ေန႔ကို တံေတြး 1 လီတာကေန 2 လီတာထိထုတ္ေပးပါတယ္။

2. တံေတြးမွာ ဘာေတြပါ၀င္ေနသလဲ

တံေတြးမွာ ပါ၀င္ပစၥည္းေတြရဲ႕ 99 ရာခိုင္ႏႈန္းက ေရျဖစ္ပါတယ္။ အျခားေသာပါ၀င္ပစၥည္းေတြကေတာ့ သတၱဳဓာတ္၊ အင္ဇုိင္း၊ ပ႐ိုတင္ႏွင့္ ခၽြဲေတြျဖစ္ပါတယ္။

3. တံေတြးက က်န္းမာေရးအတြက္ အေထာက္အကူျပဳပါသလား

အမွန္ပါဘဲ။ တံေတြးမွာပါ၀င္တဲ့ ေရနဲ႔အျခားေသာပစၥည္းေတြက အစာေတြ အလြယ္တကူမ်ိဳခ်ဖို႔နဲ႔ အစာေခ်ဖ်က္ဖို႔ ကူညီေပးပါတယ္။ ခံတြင္းအတြင္းရွိေရာဂါပိုးေတြကို ပ်က္ဆီးေစတာေၾကာင့္ ခံတြင္းကို သန္႔ရွင္းေစပါတယ္။ သြားမ်ားကိုလည္း ကာကြယ္ေပးပါတယ္။ ခံတြင္းမွာစိုစြတ္ေနတဲ့တံေတြးေၾကာင့္ အစားအစာမ်ားကို၀ါးစားရာမွာ ပိုမုိလြယ္ကူေစပါတယ္။ တံေတြးေၾကာင့္အရသာကိုသိရတာျဖစ္ပါတယ္။ တံေတြးမွာ အက္ဆစ္ဓာတ္ပ်က္ျပယ္ေစႏုိင္တဲ့ အာနိသင္ရွိပါတယ္။

တံေတြးဟာ အစာေျခစနစ္အတြက္ အေရးပါတဲ့က႑ကေန ပါ၀င္ေနတာေၾကာင့္ တံေတြးပမာဏ လံုလံုေလာက္ေလာက္ထြက္ရွိဖို႔ အေရးႀကီးပါတယ္။ တံေတြးဂလန္းမ်ားမွ လံုေလာက္တဲ့ပမာဏထုတ္ေပးႏိုင္ေအာင္ ေရမ်ားမ်ားေသာက္ေပးဖို႔လိုအပ္ပါတယ္။

4. ဘယ္လိုအေျခအေနေတြက တံေတြးအထြက္နည္းေစသလဲ

-    ဆီးခ်ိဳေရာဂါရွိျခင္း

-    ေရဓာတ္ခမ္းေျခာက္ျခင္း

-    ေဆးလိပ္ေသာက္ျခင္း

-    တံေတြးႁပြန္မ်ားတြင္ ျပႆနာရွိေနျခင္း

-    ကင္ဆာကုထံုးခံယူျခင္း

-    စိတ္က်ေရာဂါကုေဆး၀ါးမ်ားေသာက္သံုးျခင္း

5. ဘယ္လိုအခ်ိန္ေတြမွာတံေတြးအထြက္မ်ားသလဲ

-    ကိုယ္၀န္ရွိျခင္း

-    အပူအစပ္ႏွင့္ အက္စစ္ဓာတ္ရွိေသာ အစားအစာမ်ား စားသံုးျခင္း

-    ပါကင္ဆန္ေရာဂါ (Parkinson’s disease) ရွိျခင္းႏွင့္ အခ်ိဳ႕ေသာ ေဆး၀ါးမ်ားမွီ၀ဲျခင္း

6. တံေတြးအထြက္မ်ားေအာင္ ဘယ္လုိလုပ္မလဲ?

     အလြယ္ကူဆံုးနည္းလမ္းကေတာ့ ေရမ်ားမ်ားေသာက္ဖို႔ပါပဲ။ ေနာက္ၿပီး သၾကားမပါတဲ့ ပီေက (Sugar-Free gum) ကုိ ၀ါးေပးႏုိင္ပါတယ္။ ပီေက၀ါးေလ တံေတြးပိုထြက္ေလျဖစ္ပါတယ္။ အရက္၊ ေကာ္ဖီ၊ အငန္ဓာတ္ ဒါမွမဟုတ္ အခ်ိဳဓာတ္လြန္ကဲတဲ့ အစားအစာေတြကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: drmyanmar

#Unicode Version

တံတွေးဘာကြောင့်ထွက်လဲ၊ တံတွေးမှာဘာတွေပါသလဲဆိုတာကို စဉ်းစားကြည့်ဖူးပါသလား။ နာဖာချေးလိုပဲတံတွေးမှာလည်း စိတ်ဝင်စားစရာ အချက်တွေရှိပါတယ်။ လေ့လာကြည့်ရအောင် -

1. တစ်နေ့ကိုတံတွေးဘယ်လောက်ထွက်လဲ

ခံတွင်းအတွင်းမှာတံတွေးထုတ်ပေးနိုင်တဲ့ ဂလန်းသုံးခုရှိပါတယ်။ ၎င်းဂလန်း 3 ခုမှ တစ်နေ့ကို တံတွေး 1 လီတာကနေ 2 လီတာထိထုတ်ပေးပါတယ်။

2. တံတွေးမှာ ဘာတွေပါဝင်နေသလဲ

တံတွေးမှာ ပါဝင်ပစ္စည်းတွေရဲ့ 99 ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။ အခြားသောပါဝင်ပစ္စည်းတွေကတော့ သတ္တုဓာတ်၊ အင်ဇိုင်း၊ ပရိုတင်နှင့် ချွဲတွေဖြစ်ပါတယ်။

3. တံတွေးက ကျန်းမာရေးအတွက် အထောက်အကူပြုပါသလား

အမှန်ပါဘဲ။ တံတွေးမှာပါဝင်တဲ့ ရေနဲ့အခြားသောပစ္စည်းတွေက အစာတွေ အလွယ်တကူမျိုချဖို့နဲ့ အစာချေဖျက်ဖို့ ကူညီပေးပါတယ်။ ခံတွင်းအတွင်းရှိရောဂါပိုးတွေကို ပျက်ဆီးစေတာကြောင့် ခံတွင်းကို သန့်ရှင်းစေပါတယ်။ သွားများကိုလည်း ကာကွယ်ပေးပါတယ်။ ခံတွင်းမှာစိုစွတ်နေတဲ့တံတွေးကြောင့် အစားအစာများကိုဝါးစားရာမှာ ပိုမိုလွယ်ကူစေပါတယ်။ တံတွေးကြောင့်အရသာကိုသိရတာဖြစ်ပါတယ်။ တံတွေးမှာ အက်ဆစ်ဓာတ်ပျက်ပြယ်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။

တံတွေးဟာ အစာခြေစနစ်အတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတာကြောင့် တံတွေးပမာဏ လုံလုံလောက်လောက်ထွက်ရှိဖို့ အရေးကြီးပါတယ်။ တံတွေးဂလန်းများမှ လုံလောက်တဲ့ပမာဏထုတ်ပေးနိုင်အောင် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

4. ဘယ်လိုအခြေအနေတွေက တံတွေးအထွက်နည်းစေသလဲ

-    ဆီးချိုရောဂါရှိခြင်း

-    ရေဓာတ်ခမ်းခြောက်ခြင်း

-    ဆေးလိပ်သောက်ခြင်း

-    တံတွေးပြွန်များတွင် ပြဿနာရှိနေခြင်း

-    ကင်ဆာကုထုံးခံယူခြင်း

-    စိတ်ကျရောဂါကုဆေးဝါးများသောက်သုံးခြင်း

5. ဘယ်လိုအချိန်တွေမှာတံတွေးအထွက်များသလဲ

-    ကိုယ်ဝန်ရှိခြင်း

-    အပူအစပ်နှင့် အက်စစ်ဓာတ်ရှိသော အစားအစာများ စားသုံးခြင်း

-    ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှိခြင်းနှင့် အချို့သော ဆေးဝါးများမှီဝဲခြင်း

6. တံတွေးအထွက်များအောင် ဘယ်လိုလုပ်မလဲ?

     အလွယ်ကူဆုံးနည်းလမ်းကတော့ ရေများများသောက်ဖို့ပါပဲ။ နောက်ပြီး သကြားမပါတဲ့ ပီကေ (Sugar-Free gum) ကို ဝါးပေးနိုင်ပါတယ်။ ပီကေဝါးလေ တံတွေးပိုထွက်လေဖြစ်ပါတယ်။ အရက်၊ ကော်ဖီ၊ အငန်ဓာတ် ဒါမှမဟုတ် အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top