Kantharyar Centre
×

အလူမီနီယမ္လႊာ (ခဲပတ္စကၠဴလို႔ လူသိမ်ား)ဟာ အစားအေသာက္ေတြထုပ္ပိုးတာ၊ မီးကင္တဲ့ေနရာမွာသံုး႐ံု သာမက က်န္းမာေရးအတြက္ပါ ေကာင္းက်ိဳးျပဳတယ္ဆုိရင္ အံ့ဩမိမွာပါ။ ဒီေတာ့ကာ ဘယ္လုိေတြအသံုးျပဳ ႏုိင္တယ္ဆုိတာ ေလ့လာၾကည့္ရေအာင္ပါ။

ပင္ပန္းႏြမ္းလ်မႈကို သက္သာေစ ျခင္း

အလူမီနီယမ္လႊာကို အသံုးလိုသေလာက္ျဖတ္ၿပီး ေရခဲေသတၱာထဲမွာ သံုး၊ ေလးနာရီ ေလာက္ ေအးခဲထားကာ မ်က္ႏွာကို ကပ္ေပးရင္ စိတ္ၾကည္လင္လန္းဆန္းေစသလို မ်က္စိေၾကာင္ ၿပီး အိပ္မေပ်ာ္တာေတြကိုလည္း သက္သာေစပါတယ္။

အပူေလာင္နာ သက္သာေစျခင္း

အပူေလာင္ခံရၿပီဆုိရင္ အ ပူေလာင္တဲ့ေနရာကို အရင္ဆံုး ေရခဲေရနဲ႔ ေဆးေၾကာကာ အဝတ္ စႏုႏုနဲ႔ ေျခာက္ေသြ႕ေအာင္သုတ္ ပါ။ ၿပီးရင္ အပူေလာင္နာလိမ္း ေဆးသုတ္ၿပီး ပိုးသတ္ထားတဲ့ ပတ္တီးစေလးနဲ႔စည္းၿပီးရင္ေတာ့ အျပင္ဘက္ကေန အလူမီနီယမ္ လႊာကို ပတ္ထားေပးရင္ အပူ ေလာင္နာ အျမန္ဆံုးသက္သာေစ ပါတယ္။

နာက်င္စိတ္ကို ေျပေပ်ာက္ေစ ျခင္း

ခြဲစိတ္ကုသမႈလုပ္ၿပီးတဲ့အ ခါမွာ ေၾကာက္ရြံ႕စိတ္နဲ႔ နာက်င္ စိတ္ေတြ တစ္ၿပိဳင္နက္ခံစားေနရ တဲ့အခါမွာ အလူမီနီယမ္လႊာနဲ႔ ေျခ လက္ေတြကို ပတ္ထားေပးတာ မ်ိဳးလုပ္ေပးရင္ နာက်င္စိတ္ေတြ ေျပေပ်ာက္ေစတယ္လုိ႔ ဆုိပါ တယ္။

အဆစ္အျမစ္နာက်င္မႈကို သက္ သာေစျခင္း

တင္ပါး႐ိုးကေန ေပါင္ ေအာက္ပိုင္းတစ္ေလွ်ာက္ ေျခ သလံုးအထိ ကိုက္ခဲနာက်င္တာ ေတြ၊ အဆစ္အျမစ္နာက်င္တာ ေတြ၊ အဆစ္ေရာင္နာ၊ ေဂါက္ ေရာဂါနဲ႔ ဖေနာင့္နာက်င္တာေတြ ျဖစ္ရင္လည္း နာတဲ့ေနရာတစ္ ဝိုက္ကို အလူမီနီယမ္လႊာပတ္ကာ ေဆးပတ္တီးနဲ႔ စည္းေပးရင္ သက္သာေစပါတယ္။ ဒီလိုမ်ိဳးႏွစ္ပတ္ ေလာက္လုပ္ေပးရင္ နာက်င္တာ ေတြ သက္သာေပ်ာက္ကင္းေစ တယ္လုိ႔ သိရပါတယ္။

အေအးမိ၊ တုပ္ေကြးေပ်ာက္ကင္း ေစျခင္း

ပဋိဇီဝေဆးေတြ ဘယ္လို ေသာက္ေသာ္ျငားလည္း အေအး မိ တုပ္ေကြးျဖစ္တာမေပ်ာက္ခဲ့ ရင္ အလူမီနီယမ္လႊာကို ငါးထပ္ ေလာက္ထပ္ၿပီး ေျခဖဝါးလံု ေအာင္ ထုပ္ပိုးထားတာမ်ိဳး ႏွစ္ နာရီတစ္ခါေလာက္လုပ္ေပးရင္ တစ္ပတ္ေလာက္ေနတဲ့အခါမွာ အေအးမိတာ အလိုလိုေပ်ာက္ သြားတာ ေတြ႕ရမွာပါ။

အလူမီနီယမ္လႊာကို သံုးတဲ့ အခါမွာလည္း တခ်ိဳ႕ဟာေတြက ေျပာင္ေခ်ာေနတာတစ္ဖက္ ႐ိုး႐ိုး အေရာင္တစ္ဖက္ဆိုရင္ ေျပာင္ ေနတဲ့မ်က္ႏွာျပင္ဘက္ကို အေရ ျပားနဲ႔ ထိကပ္ၿပီးသံုးဖို႔လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily



#Unicode Version

အလူမီနီယမ်လွှာ (ခဲပတ်စက္ကူလို့ လူသိများ)ဟာ အစားအသောက်တွေထုပ်ပိုးတာ၊ မီးကင်တဲ့နေရာမှာသုံးရုံ သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပြုတယ်ဆိုရင် အံ့ဩမိမှာပါ။ ဒီတော့ကာ ဘယ်လိုတွေအသုံးပြု နိုင်တယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ပင်ပန်းနွမ်းလျမှုကို သက်သာစေ ခြင်း

အလူမီနီယမ်လွှာကို အသုံးလိုသလောက်ဖြတ်ပြီး ရေခဲသေတ္တာထဲမှာ သုံး၊ လေးနာရီ လောက် အေးခဲထားကာ မျက်နှာကို ကပ်ပေးရင် စိတ်ကြည်လင်လန်းဆန်းစေသလို မျက်စိကြောင် ပြီး အိပ်မပျော်တာတွေကိုလည်း သက်သာစေပါတယ်။

အပူလောင်နာ သက်သာစေခြင်း

အပူလောင်ခံရပြီဆိုရင် အ ပူလောင်တဲ့နေရာကို အရင်ဆုံး ရေခဲရေနဲ့ ဆေးကြောကာ အဝတ် စနုနုနဲ့ ခြောက်သွေ့အောင်သုတ် ပါ။ ပြီးရင် အပူလောင်နာလိမ်း ဆေးသုတ်ပြီး ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့စည်းပြီးရင်တော့ အပြင်ဘက်ကနေ အလူမီနီယမ် လွှာကို ပတ်ထားပေးရင် အပူ လောင်နာ အမြန်ဆုံးသက်သာစေ ပါတယ်။

နာကျင်စိတ်ကို ပြေပျောက်စေ ခြင်း

ခွဲစိတ်ကုသမှုလုပ်ပြီးတဲ့အ ခါမှာ ကြောက်ရွံ့စိတ်နဲ့ နာကျင် စိတ်တွေ တစ်ပြိုင်နက်ခံစားနေရ တဲ့အခါမှာ အလူမီနီယမ်လွှာနဲ့ ခြေ လက်တွေကို ပတ်ထားပေးတာ မျိုးလုပ်ပေးရင် နာကျင်စိတ်တွေ ပြေပျောက်စေတယ်လို့ ဆိုပါ တယ်။

အဆစ်အမြစ်နာကျင်မှုကို သက် သာစေခြင်း

တင်ပါးရိုးကနေ ပေါင် အောက်ပိုင်းတစ်လျှောက် ခြေ သလုံးအထိ ကိုက်ခဲနာကျင်တာ တွေ၊ အဆစ်အမြစ်နာကျင်တာ တွေ၊ အဆစ်ရောင်နာ၊ ဂေါက် ရောဂါနဲ့ ဖနောင့်နာကျင်တာတွေ ဖြစ်ရင်လည်း နာတဲ့နေရာတစ် ဝိုက်ကို အလူမီနီယမ်လွှာပတ်ကာ ဆေးပတ်တီးနဲ့ စည်းပေးရင် သက်သာစေပါတယ်။ ဒီလိုမျိုးနှစ်ပတ် လောက်လုပ်ပေးရင် နာကျင်တာ တွေ သက်သာပျောက်ကင်းစေ တယ်လို့ သိရပါတယ်။

အအေးမိ၊ တုပ်ကွေးပျောက်ကင်း စေခြင်း

ပဋိဇီဝဆေးတွေ ဘယ်လို သောက်သော်ငြားလည်း အအေး မိ တုပ်ကွေးဖြစ်တာမပျောက်ခဲ့ ရင် အလူမီနီယမ်လွှာကို ငါးထပ် လောက်ထပ်ပြီး ခြေဖဝါးလုံ အောင် ထုပ်ပိုးထားတာမျိုး နှစ် နာရီတစ်ခါလောက်လုပ်ပေးရင် တစ်ပတ်လောက်နေတဲ့အခါမှာ အအေးမိတာ အလိုလိုပျောက် သွားတာ တွေ့ရမှာပါ။

အလူမီနီယမ်လွှာကို သုံးတဲ့ အခါမှာလည်း တချို့ဟာတွေက ပြောင်ချောနေတာတစ်ဖက် ရိုးရိုး အရောင်တစ်ဖက်ဆိုရင် ပြောင် နေတဲ့မျက်နှာပြင်ဘက်ကို အရေ ပြားနဲ့ ထိကပ်ပြီးသုံးဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top