Property Expo
×

 ပိန်နေသူများ ၀စေသည် ..




ဝနေသူကို ပိန်စေသည် .....




မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိ သာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...



( ဖေါ်စပ်နည်း )



( အသုံးပြုနည်း )





Credit:Mg Mandalay
Unicode Version

 ပိန်နေသူများ ဝစေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်း ငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ဝမ်းမှန် ဖြစ်ပြီး လူကိုလဲ ဝဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင် စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ဝချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည် .....

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ဝမ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝမြဲ ဝနေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက် သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထား လေတော့ ဝမ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..

ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ........

မိန်းခလေးဘဲဖြစ်ဖြစ် ယောကျၤားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိ သာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

( ဖေါ်စပ်နည်း )

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

( အသုံးပြုနည်း )

ညအိပ်ယာဝင်ခါနီးတိုင်း......

ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...

တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

ဖိုးသူတော် (www.phothutaw.com)
Credit:Mg Mandalay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top