Property Expo
×

ႏုိင္ငံေတာ္၏ အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၏ က်န္းမာေရးအေျခအ ေန တိုးတက္ေကာင္းမြန္ေနၿပီဟု မိသားစုဆရာ၀န္ ေဒါက္တာတင္ မ်ိဳး၀င္းက ေျပာသည္။

‘‘အခုေတာ့ အမ်ားႀကီးသက္ သာပါၿပီ’’ဟု ေဒၚေအာင္ဆန္းစု ၾကည္၏ မိသားစုဆရာ၀န္ ေဒါက္ တာတင္မ်ိဳး၀င္းက စက္တင္ဘာ ၂၇ ရက္ နံနက္ ၁၁ နာရီက 7Day Daily သတင္းစာအား ေျပာၾကား သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ၿဗိတိန္ႏွင့္ အေမရိကန္ႏုိင္ငံ မ်ားသို႔ ၁၆ ရက္ၾကာ ခရီးသြား ေရာက္ခဲ့ၿပီး ယခုလ ၂၅ ရက္ ည ပိုင္းက ရန္ကုန္ၿမိဳ႕သို႔ ျပန္ လည္ ေရာက္ရွိလာရာ ခရီးပန္းသည့္ ဒဏ္ ခံစားေနရေၾကာင္း သတင္း မ်ား ထြက္ေပၚခဲ့သည္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ၏ က်န္းမာေရးအေျခအေနႏွင့္ ပတ္သက္၍  ႏုိင္ငံေတာ္အတုိင္ ပင္ခံ႐ံုး သတင္းထုတ္ျပန္ခ်က္ အရ က်န္းမာေရးအေျခအေန စုိး ရိမ္စရာမရွိေၾကာင္း၊ အေမရိကန္ ျပည္ေထာင္စုခရီးစဥ္အတြင္း အ စီအစဥ္မ်ားျပားလြန္းၿပီး နားခ်ိန္ နည္းပါးသျဖင့္ ပင္ပန္းႏြမ္းနယ္ ျခင္း၊ ခရီးစဥ္အတြင္း စားခ်ိန္ ေသာက္ခ်ိန္မမွန္သျဖင့္ အစာ အိမ္ေရာင္ရမ္းျခင္း၊ ကြန္ပ်ဴတာ အၾကည့္မ်ားသျဖင့္ အ႐ိုးက်ီး ေပါင္းတက္ျခင္းတို႔ကို ကြၽမ္းက်င္ ဆရာ၀န္ႀကီးမ်ားျဖင့္ စစ္ေဆး ရာမွ ေတြ႕ရွိခဲ့ရေၾကာင္း ေဖာ္ျပ ထားသည္။

သမၼတ႐ံုးေျပာေရးဆိုခြင့္ရွိ သူ ဦးေဇာ္ေဌးကလည္း ေဒၚေအာင္ ဆန္းစုၾကည္သည္ ရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္းရွိ ေနအိမ္တြင္ အနားယူေနကာ က်န္းမာေရးအေျခအေန သက္သာလာၿပီျဖစ္ေသာ္လည္း ရက္အနည္းငယ္ၾကာ အနားယူရဦးမည္ 7Day Daily သတင္းစာအား ေျပာထားသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ မိသားစုဆရာ၀န္ ေဒါက္တာတင္ မ်ိဳး၀င္းက ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအတြက္ သမားေတာ္ႀကီးမ်ားကလည္း က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနသည္ဟုဆုိသည္။

အေမရိကန္ခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္သည္ အ ျပည္ျပည္ဆိုင္ရာ အဖဲြ႕အစည္း မ်ား၏ အႀကီးအကဲမ်ားႏွင့္ယခုလ ၂၂ ရက္က ေတြ႕ဆံုေဆြးေႏြးမႈ မ်ား ျပဳလုပ္ၿပီးေနာက္ ခရီးပန္း၍ ဆရာ၀န္၏ အနားယူရန္ အႀကံ ေပးခ်က္အရ စက္တင္ဘာ ၂၃ ရက္ႏွင့္ ၂၄ ရက္တို႔တြင္ ျပဳလုပ္ သည့္ အစည္းအေ၀းမ်ားသို႔တက္ေရာက္ခဲ့ျခင္းမရွိေပ။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ အသက္ (၇၁)ႏွစ္အရြယ္ရွိ ၿပီျဖစ္ကာ ျမန္မာ့ဒီမုိကေရစီအ ေရးအတြက္ ႏွစ္ေပါင္းမ်ားစြာဦးေဆာင္ ႐ုန္းကန္လႈပ္ရွားခဲ့သူတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ ၎ဦး ေဆာင္ေသာ အမ်ိဳးသား ဒီမုိက ေရစီအဖဲြ႕ခ်ဳပ္က အာဏာရပါ တီအျဖစ္ ရပ္တည္ေနၿပီျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ ခ်ဳပ္ အစိုးရသစ္လက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္၊ သမၼတ႐ံုး၀န္ႀကီးဌာန ျပည္ေထာင္ စု၀န္ႀကီးႏွင့္ ႏုိင္ငံျခား ေရး၀န္ႀကီး ဌာန၊ ျပည္ေထာင္စု ၀န္ႀကီးတာ ၀န္မ်ားကိုပါ ထမ္းေဆာင္ေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးအခြေအ နေ တိုးတက်ကောင်းမွန်နေပြီဟု မိသားစုဆရာဝန် ဒေါက်တာတင် မျိုးဝင်းက ပြောသည်။

‘‘အခုတော့ အများကြီးသက် သာပါပြီ’’ဟု ဒေါ်အောင်ဆန်းစု ကြည်၏ မိသားစုဆရာဝန် ဒေါက် တာတင်မျိုးဝင်းက စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက 7Day Daily သတင်းစာအား ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိန်နှင့် အမေရိကန်နိုင်ငံ များသို့ ၁၆ ရက်ကြာ ခရီးသွား ရောက်ခဲ့ပြီး ယခုလ ၂၅ ရက် ည ပိုင်းက ရန်ကုန်မြို့သို့ ပြန် လည် ရောက်ရှိလာရာ ခရီးပန်းသည့် ဒဏ် ခံစားနေရကြောင်း သတင်း များ ထွက်ပေါ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍  နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ချက် အရ ကျန်းမာရေးအခြေအနေ စိုး ရိမ်စရာမရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း အ စီအစဉ်များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ် ခြင်း၊ ခရီးစဉ်အတွင်း စားချိန် သောက်ချိန်မမှန်သဖြင့် အစာ အိမ်ရောင်ရမ်းခြင်း၊ ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီး ပေါင်းတက်ခြင်းတို့ကို ကျွမ်းကျင် ဆရာဝန်ကြီးများဖြင့် စစ်ဆေး ရာမှ တွေ့ရှိခဲ့ရကြောင်း ဖော်ပြ ထားသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးကလည်း ဒေါ်အောင် ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အနားယူနေကာ ကျန်းမာရေးအခြေအနေ သက်သာလာပြီဖြစ်သော်လည်း ရက်အနည်းငယ်ကြာ အနားယူရဦးမည် 7Day Daily သတင်းစာအား ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင် မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် သမားတော်ကြီးများကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟုဆိုသည်။

အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အ ပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၏ အကြီးအကဲများနှင့်ယခုလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ပြီးနောက် ခရီးပန်း၍ ဆရာဝန်၏ အနားယူရန် အကြံ ပေးချက်အရ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြုလုပ် သည့် အစည်းအဝေးများသို့တက်ရောက်ခဲ့ခြင်းမရှိပေ။

 ဒေါ်အောင်ဆန်းစုကြည် သည် အသက် (၇၁)နှစ်အရွယ်ရှိ ပြီဖြစ်ကာ မြန်မာ့ဒီမိုကရေစီအ ရေးအတွက် နှစ်ပေါင်းများစွာဦးဆောင် ရုန်းကန်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းဦး ဆောင်သော အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်က အာဏာရပါ တီအဖြစ် ရပ်တည်နေပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် နိုင်ငံခြား ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးတာ ဝန်များကိုပါ ထမ်းဆောင်နေ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top